သန္ဓေတားလက်မောင်းထည့်ပစ္စည်းကောင်းကျိုးများနှင့်ဆိုးကျိုးများ (ဘေးထွက်ဆိုးကျိုးများ)

 သန္ဓေတားလက်မောင်းထည့်ပစ္စည်းကောင်းကျိုးများနှင့်ဆိုးကျိုးများ (ဘေးထွက်ဆိုးကျိုးများ)
သန္ဓေတားလက်မောင်းထည့်ပစ္စည်းကောင်းကျိုးများနှင့်ဆိုးကျိုးများ (ဘေးထွက်ဆိုးကျိုးများ)

သန္ဓေတားလက်မောင်းထည့်ပစ္စည်းအသုံးပြုခြင်းဟာ ကောင်းမွန်သောဘေးထွက်ရလာဒ်အချို့နှင့် ဘေးထွက်ဆိုးကျိုးအချို့ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်၊ ဝက်ခြံရှိသူများမှာ ၎င်းတို့ရဲ့ ဝက်ခြံရှင်းသွားခြင်း သို့မဟုတ် ပိုဆိုးလာခြင်းကို တွေ့ကြုံရနိုင်ပါတယ်။ သွေးဆင်းခြင်းပုံစံများနဲ့ ပတ်သက်တဲ့ ကောင်းကျိုး နဲ့ ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ပုံမှန်ဓမ္မတာသွေးဆင်းခြင်းမရှိခြင်းနှင့် အဆင်ပြေသူများအတွက် ကောင်းမွန်နိုင်ပါတယ်။ သင်ဟာ ပုံမှန်ဓမ္မတာလာခြင်းကို ပိုမိုနှစ်သက်ရင်တော့၊ သန္ဓေတားလက်မောင်းထည့်ပစ္စည်းက သင့်အတွက် မဖြစ်နိုင်ပါဘူး။

သန္ဓေတားလက်မောင်းထည့်ပစ္စည်းဆိုးကျိုးများ

သန္ဓေတားလက်မောင်းထည့်ပစ္စည်းရဲ့ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးများကတော့ မအင်္ဂါသွေးဆင်းခြင်းပြောင်းလဲမှုများနဲ့ သက်ဆိုင်ပါတယ်။ သန္ဓေတားလက်မောင်းထည့်ပစ္စည်းအသုံးပြုသူများဟာ ပထမ ၆-၁၂ လအတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်း (ဒီဟာက ဓမ္မတာများအကြား သွေးစိမ့်ခြင်း သို့မဟုတ် ကြာရှည်၊ပြင်းထန်သော ဓမ္မတာများ၊ လက်မောင်းထည့်ပစ္စည်းထည့်ထားသည့်တလျှောက် ပုံမှန်မဟုတ်သော သွေးဆင်းခြင်း သို့မဟုတ် ဓမ္မတာလုံးဝမလာခြင်းတို့ဖြစ်နိုင်ပါတယ်) ခံစားကြရတယ်လို့ တင်ပြကြပါတယ်။ လက်မောင်းထည့်ပစ္စည်းအကြောင်း စဥ်းစားမိတယ်ဆိုရင် သင့်အနေနဲ့ ပုံမှန်မဟုတ်သော ဓမ္မတာများနှင့် အဆင်ပြေဖို့လိုပါတယ်။ လက်မောင်းထည့်ပစ္စည်းအသုံးပြုသူများဟာ ပုံမှန်မဟုတ်သော သွေးဆင်းခြင်းထက် ကြိမ်ရေနည်းသော သို့မဟုတ် လုံးဝမဖြစ်သော လစဥ်ဓမ္မတာများကို ပိုမိုကြုံတွေ့ရနိုင်ပါတယ် [8]။

အခြားဘေးထွက်ဆိုးကျိုးများမှာတော့

ဝက်ခြံ (ပိုဆိုးလာခြင်း သို့မဟုတ် ပိုကောင်းလာခြင်း)၊
အစာစားချင်စိတ်ပြောင်းလဲခြင်း၊
ဗိုက်အောင့်ခြင်း နှင့်/သို့မဟုတ် အစာမကြေဖြစ်ခြင်း၊
လိင်ဆန္ဒပြောင်းလဲခြင်း၊
သားဥအိမ်အတွင်းရေကြည်အိတ်တည်ခြင်း၊
စိတ်ဓာတ်ကျခြင်း၊
လက်မောင်းထည့်ပစ္စည်းအပေါ်ရှိအရေပြား အရောင်လျော့ခြင်း သို့မဟုတ် အမာရွတ်ထင်ခြင်း (အချို့အမျိုးသမီးများဟာ သေးငယ်သော သို့မဟုတ် မာကျောသော အမာရွတ်ရှိပါတယ်)၊
ခေါင်းမူးခြင်း၊
ဆံပင်ကျွတ်ခြင်း၊
ခေါင််းကိုက်ခြင်း၊
အော်ဂလီဆန်ခြင်း၊
စိိတ်လှုပ်ရှားခြင်း၊
ရင်သားပျော့ခြင်း၊ နှင့်
ပစ္စည်းထည့်သွင်းထားသောနေရာတွင် နာကျင်ခြင်း သို့မဟုတ် ပွန်းပဲ့ခြင်း၊ သို့သော်လည်း ဒီဟာက တစ်ပတ် သို့မဟုတ် နှစ်ပတ်သာ ကြာမြင့်နိုင်ပါတယ်။ [9]
၆ လကြာပြီးနောက်၊ ဘေးထွက်ဆိုးကျိုးများဟာ သင်လက်ခံနိုင်တဲ့ ပမာဏထက်ပိုများတယ်လို့ ခံစားရရင်၊ သင်ဒီဟာကို ဖယ်ရှားနိုင်ပြီး အခြားသန္ဓေတားနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ လိင်မှကူးစက်သောရောဂါများ (STI) များကို မကာကွယ်ပေးနိုင်ပါဘူး။

သန္ဓေတားလက်မောင်းထည့်ပစ္စည်းရှုပ်ထွေးမှုများ

အဖြစ်နည်းသော

ထည့်သွင်းသည့်နေရာတွင် ရောဂါပိုးဝင်ခြင်း – ရောဂါပိုးဝင်ခြင်းအများစုဟာ ထည့်သွင်းပြီးနောက် ပထမ ၂ လအတွင်း ဖြစ်ပွားလေ့ရှိပါတယ်။

ခက်ခဲသော ဖယ်ထုတ်ရခြင်း။ လက်မောင်းထည့်ပစ္စည်းကို သေချာစွာထည့်သွင်းထားတယ်၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူကလည်း ပစ္စည်းဖယ်ရှားရာမှာကျွမ်းကျင်တယ်ဆိုရင် ဒီဟာက အလွန်ရှားပါတယ်။

ရှားပါးသော

လက်မောင်းထည့်ပစ္စည်းထွက်ကျခြင်း၊ ဒီလိုဖြစ်ခြင်းဟာ ထည့်သွင်းပြီးနောက် ပထမလေးလအတွင်း ဖြစ်ပေါ်လေ့ရှိပါတယ်။ ရှားပါးသောဖြစ်ရပ်တွင်၊ လက်မောင်းထည့်ပစ္စည်းဟာ သူ့ဟာသူထွက်ကျလာပြီး သင့်အနေနဲ့ အရန်သန္ဓေတားနည်းလမ်းကို စတင်အသုံးပြုသင့်ပါတယ်၊ ပြီးနောက် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ပြီး အဖြေရှာသင့်ပါတယ်။​ [10]

အလွန်အမင်းရှားပါးသော

လက်မောင််းထည့်ပစ္စည်းနေရာပြောင်းခြင်း။ အများအားဖြင့် သေချာမှုမရှိသော ထည့်သွင်းမှုများကြောင့် သန္ဓေတားလက်မောင်းထည့်ပစ္စည်းများ ခန္ဓာကိုယ်၏ အခြားနေရာများတွင် တွေ့ရှိရကြောင်း တင်ပြမှုများရှိပါတယ်။ Zhang နှင့်လုပ်ဖော်ကိုင်ဖက်များမှရေးသားသည့် ဤစာတမ်း တွင်၊ သန္ဓေတားလက်မောင်းထည့်ပစ္စည်းနေရာပြောင်းခြင်းသည် အလွန်ရှားပါးသောဖြစ်ရပ်ဖြစ်ပြီး၊ ၎င်းဖြစ်ပေါ်သည့်အခါ ပစ္စည်းသည် လက်မောင်းမှ အလွန်ဝေးသောနေရာများသို့မသွားကြောင်းပြောထားပါတယ်။ အလွန်အမင်းရှားပါးသောဖြစ်ရပ်များတွင်၊ လက်မောင်းထည့်ပစ္စည်းဟာ သွေးကြောမှတဆင့် အဆုတ်သို့နေရာပြောင်းနိုင်ပါတယ်။

သန္ဓေတားလက်မောင်းထည့်ပစ္စည်းကြောင့်သွေးစိမ့်ခြင်းများကို ကျွန်ုပ်မကြိုက်လျှင်ဘယ်လိုလုပ်ရမလဲ?

ပုံမှန်မဟုတ်သော သွေးစိမ့်ခြင်း သို့မဟုတ် သွေးဆင်းခြင်းဟာ အဖြစ်များသော်လည်း ဆိုးကျိုးမရှိသည့် သန္ဓေတားလက်မောင်းထည့်ပစ္စည်းသုံးစွဲခြင်း၏ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ အမျိုးသမီးအများစုမှာ ပစ္စည်းထည့်ပြီး ၁ နှစ်ကြာပြီးနောက် သွေးဆင်းခြင်းဟာ လျော့ပါးသွားတာ သို့မဟုတ် လုံးဝ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ ပုံမှန်မဟုတ်သော သွေးစိမ့်ခြင်း သို့မဟုတ် သွေးဆင်းခြင်း အပါအဝင် လက်မောင်းထည့်ပစ္စည်းနှင့် သက်ဆိုင်သည့် ဘေးထွက်ဆိုးကျိုးများအားသင့်အနေနှင့် အဆင်မပြပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် မတူညီသော နည်းလမ်းအသစ်ပြောင်းလဲရန် ဆွေးနွေးသင့်ပါတယ်။

ကျွန်ုပ်မှာ သန္ဓေတားလက်မောင်းထည့်ပစ္စည်းရှိပြီး၊ ဓမ္မတာများမရှိပါက၊ ကျွန်ုပ် ကိုယ်ဝန်မရှိဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ?

သန္ဓေတားလက်မောင်းထည့်ပစ္စည်းသုံးစွဲပြီး တနှစ်အကြာတွင် ဓမ္မတာများမလာတော့ခြင်းမှာ အဖြစ်များပါတယ်။ ၎င်းဟာ ကိုယ်ဝန်ရှိခြင်းရဲ့လက္ခဏာမဟုတ်ပါဘူး။ ၁ နှစ်သုံးစွဲအပြီးမှာ၊ သန္ဓေတားလက်မောင်းထည့်ပစ္စည်းသုံးစွဲသူအမျိုးသမီးစုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းအောက်ကသာ ကိုယ်ဝန်ရှိကြပါတယ်၊ ပြီးတော့ ဒီလိုဖြစ်ခဲ့ရင်၊ ၎င်းဟာ သားအိမ်ပြင်ပ သန္ဓေတည်ခြင်းဖြစ်ဖို့ အခွင့်အရေးရှိပါတယ်။ သားအိမ်ပြင်ပသန္ဓေတည်ခြင်းဟာ မျိုးအောင်ထားတဲ့ဥဟာ သားအိမ်ပြင်ပ၊ သားဥအိမ်ပြွန်များမှာ ကပ်တွယ်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ သင်ဟာ ကိုယ်ဝန်ရှိခြင်း ကနဦးလက္ခဏာများခံစားနေရတယ်လို့ သံသယရှိရင်တော့၊ သင်ဟာ အမှန်တကယ် ကိုယ်ဝန် ရှိ၊ မရှိ ကိုယ်ဝန်စစ်ဆေးခြင်း ပြုလုပ်ပြီး အတည်ပြုပါ။

သားအိမ်ပြင်ပသန္ဓေတည်ခြင်းရဲ့ ကနဦးပိုင်းလက္ခဏာများဟာ ပုံမှန်ကိုယ်ဝန်ဆောင်ခြင်းနှင့် ပုံစံတူပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းဟာ ရက်သတ္တပတ်များစွာကြာတဲ့အခါ သင့်အနေနဲ့ အခြားလက္ခဏာများဖြစ်တဲ့ ပုံမှန်မဟုတ်သောမအင်္ဂါသွေးဆင်းခြင်း၊ ဝမ်းဗိုက်တဖက်အောက်ပိုင်းတွင် ပြင်းထန်သောနာကျင်မှုများ၊ ပခုံးနာခြင်း နှင့် ကျောအောက်နာခြင်းတို့ကို စတင်ခံစားရနိုင်ပါတယ်။ သင်ဟာ ကိုယ်ဝန်ရှိတယ်လို့ စစ်ဆေးမိတယ်ဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံ ချက်ချင်းသွားရောက်ပြီး သေချာစွာစစ်ဆေးသင့်ပါတယ်။ သားအိမ်အတွင်းမှာရှိတဲ့ အာဟာရများဟာ သားဥပြွန်ကို မရောက်နိုင်တဲ့အတွက်၊ သားအိမ်ပြင်ပသန္ဓေတည်မှုမှာရှိတဲ့ သန္ဓေသားလောင်းက မရှင်သန်နိုင်ပါဘူး။ သားအိမ်ပြင်ပသန္ဓေတည်ခြင်းကို သန္ဓေသားလောင်းဖွံဖြိုးမှု ရပ်တံ့စေတဲ့ ဆေးဝါးများနှင့် ပုံမှန်ကုသပါတယ်။ သားဥပြွန်များထိခိုက်သွားတဲ့ အချို့အခြေအနေမှာတော့ ကိုယ်ဝန်ကို ခွဲစိတ်ပြီး ဖယ်ရှားရပါတယ်။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles