သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို ဘယ်လိုထည့်သွင်းသလဲ?

သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို ဘယ်လိုထည့်သွင်းသလဲ?
သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို ဘယ်လိုထည့်သွင်းသလဲ?

သန္ဓေတားလက််မောင်းထည့်ပစ္စည်းထည့်သွင်းခြင်းဟာ သင့်ရဲ့ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ အသေးစားခွဲစိတ်မှုလုပ်ဆောင်ပြီး ထည့်သွင်းပေးတာဖြစ်ပါတယ်။ သင့်ရဲ့ ဓမ္မတာကာလပထမဆုံး ငါးရက်အတွင်းမှာ သင်ဟာ ကိုယ်ဝန်မရှိကြောင်းသေချာတာမို့လို့ အဲ့ဒီ့အချိန်မှာ ထည့်သွင်းတာအကောင်းဆုံးဖြစ်ပါတယ်။ သို့သော်လည်း သင့်မှာကိုယ်ဝန်ရှိဖို့ အခွင့်အရေးမရှိဘူးဆိုရင် မည်သည့်အချိန်မှာမဆိုထည့်သွင်းနိုင်ပါတယ်။

ဒီထည့်သွင်းတာစတင်ဖို့ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့်အနေနဲ့ သန္ဓေတားလက်မောင်းထည့်ပစ္စည်းနဲ့ သင့်တော်မှုရှိ၊ မရှိ ဆုံးဖြတ်နိုင်မဲ့ မေးခွန်းအချို့မေးမြန်းမှာဖြစ်ပါတယ်။ သင့်ကို ခန္ဓာကိုယ်စစ်ဆေးမှုများလည်း ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။​ ဒီနည်းလမ်းနှင့် သင့်လျော်မှုကို ဆုံးဖြတ်ပြီးတာနဲ့၊ နောက်အဆင့်ကတော့ သင့်လက်မောင်းအပေါ်ဖက် နေရာအသေးလေးကို ထုံဆေးပေးမှာဖြစ်ပါတယ်။ ထည့်သွင်းစက်အသေးစားလေးကိုအသုံးပြုပြီး သင့်အရေပြားအောက်သို့ အချောင်းများ သို့မဟုတ် အတောင့်များကို ထည့်သွင်းမှာဖြစ်ပါတယ်​ [3]။

Nexaplanon ထုတ်လုပ်သူများရဲ့ အကြံပြုချက်ကတော့ သန္ဓေတားလက်မောင်းထည့်ပစ္စည်းထည့်သွင်းပြီးတာနဲ့၊ သင်နဲ့ သင်ဝန်ဆောင်မှုပေးသူနှစ်ယောက်လုံးဟာ လက်မောင်းအတွင်း ပစ္စည်းရှိ၊ မရှိ သေချာအောင် စမ်းသပ်အတည်ပြုသင့်ပါတယ်။ ထို့အပြင်၊ သုံးစွဲနေသည့်ကာလအတွင်း မည်သည့်အချိန်မဆို၊ သင့်လက်မောင်းအတွင်း ပစ္စည်းကို မခံစားမိပါက၊ သင့်အနေဖြင့် ဟော်မုန်းမပါဝင်သော သန္ဓေတားနည်းလမ်းကို ချက်ချင်းသုံးစွဲပြီး ကိုယ်ဝန်ကို ဟန့်တားသင့်ပါတယ်။ ပြီးနောက် သင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူထံ ချက်ချင်းသွားရောက်ပြီး ပစ္စည်းဟာ နေရာတကျ ရှိ၊ မရှိ အတည်ပြုသင့်ပါတယ်။

ပစ္စည်းဟာ နေရာတကျရှိတယ်လို့ အတည်ပြုပြီးသွားရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ခွဲစိတ်နေရာကို အကာအကွယ်ဆေးကြောမှုကပ်ပေးမှာဖြစ်ပြီး အပေါ်ကနေ ပတ်တီးနဲ့အုပ်ကာ သွေးထက်ခြင်း သို့မဟုတ် ပွန်းပဲ့မိခြင်းတို့မှ ကာကွယ်ပေးမှာပါ။

သန္ဓေတားလက်မောင်းထည့်ပစ္စည်း ထည့်သွင်းပြီးနောက် ကျွန်ုပ်ဘာကို မျှော်လင့်ထားသင့်သလဲ?

“လက်မောင်းထည့်ပစ္စည်းထည့်သွင်းတာက မနာကျင်ပါဘူး။ အမျိုးသမီးအများစုဟာ ထုံဆေးထိုးတဲ့အချိန်မှာ စူးခနဲဖြစ်တာလောက်ပဲ ခံစားရပါတယ်။ သို့သော်လည်း ထုံဆေးပြယ်သွားရင်တော့ သင်ဟာ ခွဲစိတ်ထားတဲ့နေရာမှာ ပွန်းပဲ့သလိုနီလာတာမျိုးခံစားရနိုင်ပြီး လက်မောင်းနာတာကိုလည်း နောက်ထပ်ရက်အနည်းငယ်လောက်ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုများဟာ မည်သည့် ကုသမှုကိုမှ မလိုအပ်ပဲ ရက်အနည်းငယ်အတွင်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူက ခွဲစိတ်ထားတဲ့နေရာကို နောက်ထပ် အနည်းဆုံး ၂ ရက်လောက် အခြောက်ခံထားဖို့ အကြံပေးကောင်းပေးပါလိမ့်မယ်။ ပတ်တီးကို ၂၄ နာရီအကြာမှာ ဖယ်ထုတ်နိုင်ပြီး အခြားသော အကာအကွယ်တွေကိုတော့ အသားပြန်လည်ပြည့်လာမဲ့ နောက်ထပ် ၃ ရက် မှ ၅ ရက်အတွင်း ဖယ်ရှားသင့်ပါတယ် [4]။

ထည့်သွင်းပြီးနောက် မည်မျှအကြာတွင် သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ထိရောက်ပါသလဲ?

သင့်ရဲ့ သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို ဓမ္မတာရဲ့ ပထမဆုံး ငါးရက်အတွင်းထည့်သွင်းမယ်ဆိုရင်၊ ချက်ချင်းသန္ဓေတားပေးမှာဖြစ်ပါတယ်။ ဒီငါးရက်အပြင်မှာ ထည့်မယ်ဆိုရင်တော့၊ သင်ဟာ အရန်နည်းလမ်းများဖြစ်တဲ့ ပြင်ပ သို့မဟုတ် အတွင်း ကွန်ဒုံး၊ အမျိုးသမီးကွန်ဒုံး သို့မဟုတ် ရေမြှုပ်သန္ဓေတားနည်းလမ်းများကို နောက်ထပ် ခုနှစ်ရက်အကြာအထိ ဆက်လက်သုံးစွဲရန် လိုအပ်ပါတယ်။ ဒီခုနှစ်ရက်အတွင်း အကာအကွယ်မပါသော လိင်ဆက်ဆံမှုပြုလုပ်ပါက၊ သင့်အနေနဲ့ အရေးပေါ် သန္ဓေတားဆေးသုံးစွဲသင့်ပါတယ် [6]။

သန္ဓေတားလက်မောင်းထည့်ပစ္စည်းထည့်သွင်းပြီးနောက် သင် အရက်သောက်နိုင်ပါသလား?

ရပါတယ်။​ အရက်သောက်ခြင်းဟာ သန္ဓေတားလက်မောင်းထည့်ပစ္စည်းများရဲ့ထိရောက်မှုကို မလျော့စေပါဘူး။ သို့သော်လည်း တာဝန်ယူမှုရှိစွာ သောက်သုံးဖို့ သတိရပေးပါ။ အရက်ဟာ လူတယောက်ရဲ့ ထိန်းချုပ်နိုင်မှုကို လျော့ကျစေပြီး လုံခြုံမှုရှိတဲ့ လိင်ဆက်ဆံမှုကျင့်သုံးဖို့ကိုပါ နည်းပါးစေပါတယ်။ သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ လိင်မှကူးစက်သောရောဂါများကိုတော့ မကာကွယ်ပေးဘးဆိုတာ မှတ်ထားပေးပါ။

သန္ဓေတားလက်မောင်းထည့်ပစ္စည်းထည့်သွင််းထားချိန်အတွင်း သွေးစိမ့်မှုကို ဘယ်လိုရပ်ရမလဲ

ကြိုတင်ပြင်ဆင်ထားသောမိဘဘဝ အရ၊ သန္ဓေတားလက်မောင်းထည့်ပစ္စည်းများထည့်သွင်းပြီးချိန်တွင် သင့်ရဲ့ သွေးဆင်းမှုပုံစံများပြောင်းလဲမှုကို ခံစားရနိုင်ပါတယ်။ အချို့သူများဟာ ပထမ ၆-၁၂ လအတွင်း သွေးစိမ့်ခြင်းကို ခံစားရနိုင်ပါတယ်။ အခြားသူများကတော့ ရေရှည် သွေးစိမ့်ခြင်း သို့မဟုတ် ကြာရှည်သော၊ ပြင်းထန်သော သွေးဆင်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။ သုံးစွဲသူအများစုအတွက်၊ ၎င်းတို့ရဲ့ သွေးဆင်းခြင်းဟာ လုံးဝ ရပ်တန့်သွားမှာဖြစ်ပါတယ်။ သင်ဟာ ကြာရှည်ပြီး စိတ်ညစ်စရာကောင်းသော သွေးဆင်းခြင်းကြုံတွေ့ရတယ်ဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူကို ကုသမှုအတွက် တိုင်ပင်သင့်ပါတယ်။ ပေါ့ပါးသော သွေးဆင်းခြင်းဟာ ကုသခြင်းပြီးသွားတာတောင်မှ မပျောက်သွားဘူးဆိုရင်တော့၊ အခြားသန္ဓေတားနည်းလမ်းတခုကို ပြောင်းလဲဖို့ အချိန်ပါပဲ။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles