implantများသည် အမျိုးသမီးလက်မောင်းအရေပြားအောက်တွင် ထည့်ထားသော ပလတ်စတစ်ချောင်းများ (သို့) အတောင့်များဖြစ်သည်။ ၄င်းတို့သည် အရမ်းသေးငယ်၍ ထည့်ပြီးသည်နှင့် လူအများစုက မမြင်နိုင်ပါ။ implant ဟာ မျိုးဥအိမ်မှ မျိုးဥထွက်မှုကို တားပေးပြီး သားအိမ်ဝအချွဲများထူထဲစေသော progestinခေါ် ဟိုမုန်းတမျိုးကို ထုတ်ပေးတယ်။ ၄င်းအားဖြင့် သုတ်ပိုးကိုမျိုးဥဆီမရောက်အောင်တားဆီးထားပေးတယ်။ သင်ရွေးချယ်သောအမျိုးအစားပေါ် မူတည်၍ ကိုယ်ဝန်ကို ၅ နှစ်အထိကာကွယ်ပေးသည်။ Nexplanon, Jadelle နှင့် Levoplant အပါအ၀င် အမျိုးမျိုးသောအမျိုးအစားများရှိသည်။
သန္ဓေတားဆေး ထည့်သွင်းခြင်း။
အကျဉ်းချုပ်
အကျဉ်းချုပ်
- မည်သူမျှ အချောင်းများ (သို့)အတောင့်များကို မမြင်နိုင်ပါ။ ၎င်းသည်လွယ်ကူပြီး မယုံနိုင်လောက်အောင်ထိရောက်၍၊ တာရှည်ခံပြီး အရင်အတိုင်းပြန်ရနိုင်သည်။
- ထိရောက်မှု – implant သည်အထိရောက်ဆုံးသော နည်းများဖြစ်သည်။ ၎င်းကိုအသုံးပြုသောအမျိုးသမီး ၁၀၀ လျှင် ၉၉ ယောက်သည် ကိုယ်ဝန်ကို တားဆီးဖို့ စီမံနိုင်ပါမယ်။
- ဘေးထွက်ဆိုးကျိုး – ပုံမမှန်သွေးဆင်းခြင်းသည် implant၏ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးဖြစ်သည်
- အားထုတ်ရမှု- နိမ့်။ လျင်မြန်စွာသွင်းထားနိုင်ပြီး ၃နှစ် – ၅ နှစ် ဘာမှလုပ်စရာမလိုပါ
- လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။
အသေးစိတ်များ
သုံးပြီး မေ့ထားလိုက်နိုင်၏။ သန္ဓေတားနည်းကိုမှတ်မထားလိုပါက implant သည်သာ သင့်ရွေးချယ်ခွင့် ဖြစ်နိုင်သည်။ ထဲ့ထားပြီးသည်နှင့်တပြိုင်နက် မည်သည့်implantအမျိုးအစား အသုံးပြုသည်ကို မူတည်၍ ၃-၅ နှစ်ကြာသည်။
လက်သုံးရန်မလို။ ဆေးဆိုင်သို့သွားယူရန် အထုပ်များ သို့မဟုတ် ဆေးညွှန်းများမရှိပါ။ ပျောက်ဆုံးသွားစရာ မေ့လျော့သွားစရာမရှိပါ။
လုံးဝ မသိနိုင်။ သင်implantရှိထားကြောင်း မည်သူမှမပြောနိုင်ပါ။ ထုပ်ပိုးထားစရာ၊ လိင်မဆက်ဆံခင်လေးတွင် လုပ်စရာ ဘာမှမလို။
ကိုယ်ဝန်အတွက်မေးစရာ။ implant ဖယ်ရှားပြီးနောက်မည်သည့်အချိန်မဆို သင်ကိုယ်ဝန်ဆောင်နိုင်သင့်သည်။ implant ဖယ်ရှားပြီးနောက် ကိုယ်ဝန်မရချင်ပါက အခြားနည်းလမ်းဖြင့်ချက်ချင်းကာကွယ်ပါ။
ရရှိနိုင်မှု။ သင် ဒီနည်းလမ်းကိုသုံးချင်ပါသလား? ဤနည်းလမ်းကို နေရာများစွာတွင် ရရှိနိုင်သည်။ သို့သော်အချို့သောနိုင်ငံများတွင်အမျိုးအစားအားလုံးကိုမရရှိနိုင်ပါ။ ပိုမိုလေ့လာနိုင်ရန်အတွက်“ ကျွန်ုပ်တိုင်းပြည်ရှိနည်းလမ်းများ” အပိုင်းကိုလေ့လာပါ။
အသုံးပြုနည်း
implant ထည့်ပြီးတာနဲ့ သင် ဘာမှ လုပ်ရန်မလိုပါ။ implantသည်သင်၏အရေပြားအောက်တွင်ရှိနေပြီး အသုံးပြုထားသောအမျိုးအစားပေါ် မူတည်၍ ကိုယ်ဝန်မှ ၃ – ၅ နှစ်အထိကာကွယ်ပေးသည်။[4].
implant ထည့်ခြင်း: ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင်၏ကျန်းမာရေးအချက်အလက်များကိုစုဆောင်းပြီးသင့်အားရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်လိမ့်မည်။ ထို့နောက် သင်၏လက်မောင်းနေရာအနည်းငယ်ကို ထုံဆေးဖြင့် အသုံးပြုပြီး အရေပြားအောက်သို့ အချောင်း(သို့)ဆေးတောင့်များကိုထည့်သွင်းပါမည်။ ဒါပါပဲ [7]
သင်၏ရာသီကာလ၏ပထမငါးရက်အတွင်း implantကို ထဲ့ခဲ့ပါက သင်ကို ချက်ချင်း ကိုယ်ဝန်မှကာကွယ်ထားသည်။ အကယ်၍ ထိုပထမငါးရက်နောက်မှ ထဲ့ခဲ့ပါက နောက်အပတ်အတွက် နည်းလမ်းအပိုကိုအသုံးပြုရန် လိုအပ်လိမ့်မည်။ အမျိုးသားသုံးကွန်ဒုံးများ ၊ အမျိုးသမီးသုံးကွန်ဒုံးများ၊ diaphragmအမြှေးပြား ၊ ရေမြှုပ် (သို့) အရေးပေါ်တားဆေးသုံးခြင်း။ [10]
implant ကိုထုတ်ရန်အချိန်တွင် သင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင်၏လက်မောင်းအရေပြားကိုထုံဆေးဖြင့် အနည်းငယ်ဖေါက်၍ implantကို ဖယ်ရှားပါမည်။ သင် implant ကိုဆက်လက်သုံးစွဲလိုလျှင် ထိုအချိန်မှာပင် နောက်တစ်ခုထည့်နိုင်သည် [5]။
ဘေးထွက်ဆိုးကျိုးများ
လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။
ကောင်းတဲ့အချက်များ – implant နှင့် ပတ်သက်၍ သင့်ခန္ဓာကိုယ်အတွက်သာမက သင်၏လိင်မှုဘဝအတွက်ကောင်းမွန်သောအရာများစွာရှိသည်။ [8]
- လိင်ဆက်ဆံမှုကို အနှောက်အယှက်မဖြစ်စေပါ
- အမျိုးသမီးများစွာတို့တွင် တဖြည်းဖြည်းချင်း ရာသီနဲပြီး အကြိမ်ရေလျော့နည်းသွားလိမ့်မည်။
- နေ့တိုင်းလုပ်နေစရာ မလိုတော့
- ကလေးမွေးခြင်းကို ၃နှစ် – ၅ နှစ်ကြာထိန်းချုပ်ထားသည်
- ဆေးလိပ်သောက်သူများ၊ သွေးတိုးရောဂါနှင့်ဆီးချိုရောဂါရှိသူများအတွက် ဘေးကင်းတယ်
- နို့တိုက်နေစဉ်ကာလ အသုံးပြုနိုင်သည်
- အီစထရိုဂျင်မသုံးနိုင်သော အမျိုးသမီးများကအသုံးပြုနိုင်သည်
- Premenstrual Syndrome (PMS) လက္ခဏာများ၊ စိတ်ကျရောဂါနှင့် endometriosisသားအိမ်ရောဂါလက္ခဏာများကိုတိုးတက်ကောင်းမွန်စေနိုင်သည်
*အမျိုးသမီးများအနည်းစုအတွက်မူ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးများရှိနိုင်ပါတယ်
မကောင်းတဲ့အချက်များ – လူတိုင်းဟာ အနုတ်လက္ခဏာဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ကြတယ်၊ ဒါပေမဲ့ အမျိုးသမီးများစွာအတွက်မူ ၎င်းတို့သည်ပြသနာမဟုတ်ပါ။ အကယ်၍ သင်သည်ဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံခံစားရပါက ၎င်းတို့သည် ပျောက်ကွယ်ကောင်းပျောက်ကွယ်သွားမည်။ သင့်ခန္ဓာကိုယ်ထဲဟော်မုန်းများသွင်းပေးနေသောကြောင့် ကျင့်သားကျဖို့ လအနည်းငယ်လိုနိုင်သည်။
အဖြစ်အများဆုံး တိုင်တန်းချက်များ [7]:
- ပုံမှန်မဟုတ်သောသွေးဆင်းခြင်း၊ အထူးသဖြင့်ပထမ ၆ လမှ ၁၂ လအတွင်း (ဆိုလိုသည်မှာရာသီကာလများအကြား သွေးစက်ကျဆင်းခြင်း (သို့) ရှည်ကြာပြီးများပြားသည့် ရာသီလာခြင်းကိုဆိုလိုသည်။ အချို့အမျိုးသမီးများတွင် implant ထည့်ထားသည့်အချိန် တစ်လျှောက်လုံး ပုံမမှန်သွေးဆင်းနေသည်။ အချို့အမျိုးသမီးများတွင်ရာသီလုံးဝမလာပါ။ အကယ်၍ သင်သည် implantကိုစဉ်းစားနေပါက ပုံမှန်မဟုတ်သောရာသီလာမှုများကို ခံနိုင်ရန်လိုအပ်သည်။ Implant အသုံးပြုသူများသည် ပုံမမှန်သွေးဆင်းခြင်းထက် ရံဖန်ရံခါ (သို့) လစဉ်မဟုတ်ပဲသွေးဆင်းခြင်းပိုဖြစ်နိုင်သည်။
အဖြစ်နဲသောဘေးထွက်ဆိုးကျိုးများ [8]:
- ဝက်ခြံ
- အစာစားချင်စိတ် ပြောင်းလဲသွားခြင်း
- လိင်ဆန္ဒပြောင်းလဲမှု
- မျိုးဥအိမ်အရည်အိတ်တည်ခြင်း
- စိတ်ကျရောဂါ
- implant အပေါ်မှအရေပြားအရောင်ပြောင်းသွားခြင်း သို့မဟုတ်အမာရွတ်တင်ခြင်း
- မူးဝေခြင်း
- ဆံပင်ကျွတ်ခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့ချင်ခြင်း
- စိတ်လှုပ်ရှားခြင်း
- implant ထည့်သွင်းသည့်နေရာမှနာကျင်မှု
- ရင်သားများတင်းလာခြင်း
အကယ်၍ ခြောက်လကြာပြီးနောက်ဘေးထွက်ဆိုးကျိုးများကို သင် ခံနိုင်သည်ထက်ပိုပြီးခံစားရသည်ဆိုလျှင်၊ နည်းလမ်းများပြောင်းပြီး ကာကွယ်ထားပါ။ လူတိုင်း၊ နေရာတိုင်းအတွက် နည်းလမ်းတစ်ခုရှိတယ်ဆိုတာ သတိရပါ။ နည်းလမ်းအသစ်ကိုချက်ချင်းစတင်ကာ သေချာစွာ ကာကွယ်ထားပါ။
ကိုးကား
[1] Allen, et al. (2016). Hormonal Contraception. In Williams Textbook of Endocrinology. Retrieved from https://www.sciencedirect.com/science/article/pii/B9780323297387000186
[2] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf
[3] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). UK MEDICAL ELIGIBILITY CRITERIA. RCOG, London. Retrieved from https://www.fsrh.org/standards-and-guidance/documents/ukmec-2016/
[4] FPA the sexual health charity. (2017). Your guide to the contraceptive implant. Retrieved from https://www.fpa.org.uk/sites/default/files/contraceptive-implant-your-guide.pdf
[5] Family Planning NSW. (2013). The contraceptive implant. Retrieved from https://www.fpnsw.org.au/sites/default/files/assets/CONTRACEPTIVE%20IMPLANT.pdf
[6] Kukstas, C. (2016). The contraceptive implant. Retrieved from https://journals.sagepub.com/doi/abs/10.1177/1755738016634119
[7] Pathfinder International. (2016). Contraceptive Implants: Clinical Training. Retrieved from https://www.pathfinder.org/publications/implants-training/
[8] Rowlands, S., & Searle, S. (2014). Contraceptive implants: current perspectives. Open Access Journal of Contraception. Retrieved from https://www.dovepress.com/contraceptive-implants-current-perspectives-peer-reviewed-article-OAJC
[9] Reproductive Health Access Project. (2018). PROGESTIN IMPLANT. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2015/03/factsheet_implant.pdf
[10] SHINE SA. (2018). Contraceptive implant . Retrieved from https://www.shinesa.org.au/media/product/2015/04/Contraceptive-implant.pdf
[11]World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1
[12] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1