သန္ဓေတားလက််မောင်းထည့်ပစ္စည်းဟာ အမျိုးသမီးများစွာအတွက် လုံခြုံပြီးထိရောက်တဲ့ သန္ဓေတားနည်းလမ်းဖြစ်သော်လည်း၊ အချို့အခြေအနေများကို သင့်ကို ဒီနည်းလမ်းသုံးခြင်းမှ မသင့်လျော်စေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေများမှာ သင့်ကို ပရိုဂျက်စတင်ရှောင်ရှားဖို့လိုအပ်တဲ့မည်သည့်အခြေအနေမဆို သို့မဟုတ် ကိုယ်ဝန်တားဆီးရာတွင် ပရိုဂျက်စတင်ဟော်မုန်းထိရောက်မှုကို လျော့ကျစေတဲ့ ဆေးဝါးများသုံးစွဲခြင်း စသည်တို့ပါဝင်ပါတယ်။
သန္ဓေတားလက်မောင််းထည့်ပစ္စည်းကို ဘယ်အချိန်မှာ မထည့်သွင်းရဘူးလဲ?
- သင့်မှာကိုယ်ဝန်ရှိတယ်လို့ သံသယဖြစ်ရင်၊
- သင့်မှာ အသည်းရောဂါသို့မဟုတ် အကြိတ်ရှိရင်၊
- သင်ဟာ မရှင်းပြနိုင်သော မအင်္ဂါသွေးဆင်းခြင်းများခံစားရတယ်ဆိုရင် ( သင့်ဆရာဝန်ဟာ ဒီဟာရဲ့ အကြောင်းအရင်းကို လက်မောင်းထည့်ပစ္စည်း မထည့်သွင်းခင်မှာ စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်)၊
- သင့်မှာ ရင်သားကင်ဆာရှိခဲ့ဖူးရင်၊ နှင့်
- လက်မောင်းထည့်ပစ္စည်း ကောင်းမွန်စွာအလုပ်လုပ်ခြင်းကို ဟန့်တားနိုင်သည့် ဆေးဝါးများသောက်သုံးနေရလျှင်။