ကျွန်ုပ်ရဲ့ သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို ဘယ်မှာ ဖယ်ရှားနိုင်မလဲ
တစုံတယောက်ဟာ ၎င်းရဲ့ သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို ကိုယ်ဝန်ဆောင်လိုခြင်း၊ အခြားသန္ဓေတားနည်းလမ်းတခုပြောင်းသုံးခြင်း သို့မဟုတ် အသစ်လဲလှယ်လိုခြင်း စတဲ့ အကြောင်းအရင်းများစွာနဲ့ ဖယ်ရှားနိုင်ပါတယ်။ ထည့်သွင်းတုန်းကလိုမျိုးပဲ ဖယ်ရှားခြင်းကိုလည်း ကျွမ်းကျင်သော ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဖယ်ရှားခြင်းအတွက်၊ သင့်ရဲ့ ဝန်ဆောင်မှုပေးသူဟာ သင့်ရဲ့လက်မောင်းကို ထုံဆေးပေးမယ်၊ သင့်ရဲ့ အရေပြားပေါ်မှာ အသေးစားခွဲမယ်၊ ပြီးတော့ ပစ္စည်းကို ထုတ်ယူပါမယ်။ သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို သင့်ရဲ့ သန္ဓေတားနည်းလမ်းအဖြစ် ဆက်လက်သုံးစွဲချင်တယ်ဆိုရင်တော့၊ သင်ဟာ နောက်ထပ်အသစ်တခုကို ချက်ချင်းထည့်သွင်းနိုင်ပါတယ် [5]။
ကျွန်ုပ်ရဲ့ သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို အိမ်မှာ ထုတ်ယူနိုင်ပါသလား?
မရပါ။ သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို အိမ်မှာ ထုတ်ယူခြင်းသည် ရွေးချယ်စရာတခုမဟုတ်ပါ။ ၎င်းကို ဖယ်ရှားရန် လုံလောက်သည့်ကျွမ်းကျင်မှုရှိသူမှာ အထူးလေ့ကျင့်ထားသော ကျန်းမာရေးဝန်ဆောင်မှုပေးသူသာဖြစ်သည်။
သင့်ရဲ့ သန္ဓေတားလက်မောင်းထည့်ပစ္စည်း သက်တမ်းကုန်သောအခါ ဘာဖြစ်သလဲ?
သန္ဓေတားလက်မောင်းထည့်ပစ္စည်ဟာ သက်တမ်းတခုအတွင်း သင့်ကို ကိုယ်ဝန်ဆောင်ခြင်းမှ ဟန့်တားပေးနိုင်တဲ့ ဟော်မုန်းများကို ထုတ်လွှတ်ပေးဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။ ဒီသက်တမ်းကာလကျော်သွားတာနဲ့၊ ဟော်မုန်းထုတ်လွှတ်မှုဟာ ရပ်တံ့သွားမှာပါ။ ထို့ကြောင့် သင့်မှာ ကိုယ်ဝန်ဆောင်ရနိုင်တဲ့အခွင့်အရေးရှိပြီး သားအိမ်ပြင်ပ သန္ဓေတည်ဖို့လည်း အခွင့်အရေးအနည်းငယ်ရှိပါတယ်။ ထည့်သွင်းချိန်မှာ၊ သင့်ရဲ့ ဖယ်ရှားရမဲ့ရက် ကို မှတ်သားထားပါ သို့မဟုတ် ဖယ်ရှားရမည့် ရက်နီးပါက အသိပေးရန် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူကို ပြောထားသင့်ပါတယ်။ သက်တမ်းကုန် သန္ဓေတားလက်မောင်းထည့်ပစ္စည်းဖယ်ရှားရန် နှောင့်နှေးမိပါက၊ သင့်အနေနှင့် ၎င်းကိို အစားမထိုးမီ သို့မဟုတ် အခြား သန္ဓေတားနည်းလမ်းအသုံးမပြုမီအထိ အရန် သန္ဓေတားနည်းလမ်းကို အသုံးပြုရပါမယ်။
ကျွန်ုပ်ကိုယ်ဝန်ဆောင်လိုသော်လည်း ကျွန်ုပ်မှာ သန္ဓေတားလက်မောင်းထည့်ပစ္စည်းရှိနေရင် ဘယ်လိုလုပ်ရမလဲ?
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ၅ နှစ်အထိတာရှည်ခံတဲ့ ရေရှည်သန္ဓေတားနည်းလမ်းဖြစ်သော်လည်း၊ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်လိုခြင်းအပါအဝင် မည်သည့် အကြောင်းပြချက်အတွက်ဖြစ်စေ မည်သည့်အချိန်တွင်မဆို ပြန်လည်ထုတ်ယူနိုင်ပါတယ်။ အခြားဟော်မုန်းသန္ဓေတားနည်းလမ်းများကဲ့သို့၊ လက်မောင်းထည့်ပစ္စည်းဟာ ပြန်လည်ပြောင်းလဲလို့ရပြီး အမျိုးသမီးအများစုဟာ ပစ္စည်းပြန်လည်ထုတ်ယူပြီးတာနဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မျိုးဥထွက်ကြပါတယ်။ Nexplanon ၏ ထုတ်လုပ်သူများဟာ ပစ္စည်းထုတ်ယူပြီး တပတ်အတွင်းမှာတင် ကိုယ်ဝန်ရရှိနိုင်ကြောင်း ပြောဆိုကြပါတယ်။