ကြေးနီ IUD ကို ဘယ်လို ဖယ်ရှားရမလဲ?

ကြေးနီ IUD ကို ဘယ်လို ဖယ်ရှားရမလဲ?
ကြေးနီ IUD ကို ဘယ်လို ဖယ်ရှားရမလဲ?

ကြေးနီီ IUD ကို ဖယ်ရှားခြင်းသည် ဟော်မုန်းပါဝင်သည့် IUD ဖယ်ရှားခြင်း နှင့် ပုံစံတူသည်။ ကြေးနီ IUD သည် ၃-၁၂ အထိ ခံသည့် ရေရှည် သန္ဓေတားနည်းလမ်းဖြစ်သော်လည်း၊​ ၎င်းကို သင်ဖယ်ရှားလိုသည့် မည်သည့်အချိန်တွင်မဆို ဖယ်ရှားနိုင်သည်။ ကြေးနီ IUD များကို သက်တမ်းကုန်အဟောင်းအားလဲလှယ်ခြင်း၊ ကိုယ်ဝန်ဆောင်လိုခြင်း၊ မတူညီသော အခြားသန္ဓေတားနည်းလမ်းပြောင်းသုံးခြင်း စသည်တို့အပါအဝင် မတူညီသော အကြောင်းအရင်းများအတွက် ဖယ်ရှားနိုင်သည်။ IUD ဖယ်ရှားခြင်းကို ကျွမ်းကျင်သော ကျန်းမာရေးဝန်ဆောင်မှုပေးသူကသာ လုပ်ဆောင်သင့်သည်။
ကျန်းမာရေးစင်တာတွင် ပုံမှန်မီးယပ်စစ်ဆေးခြင်းကဲ့သို့ သင့်ကို လှဲအိပ်ခိုင်းပါမယ်။ သင့်ခြေထောက်များကို ခြေထောက်ကားစေနိုင်သည့် ခုံပေါ်တွင် တင်ထားစေပါမယ်၊ သင့်ရဲ့ သားအိမ်ခေါင်းကို ထောက်ဖွင့်ထားစေမဲ့ speculum ပစ္စည်းကို ချောဆီသုတ်လိမ်းမှာဖြစ်ပါတယ်။ ကျွမ်းကျင်သည့် ဝန်ဆောင်မှုပေးသူဟာ ခွဲစိတ်ခန်းသုံး forcep နှင့် IUD ကြိုးများကို ငြင်သာစွာ ဆွဲထုတ်မှာပါ။ IUD ဟာ အနောက်သို့ ကွေးသွားပြီး သားအိမ်ခေါင်းအပေါက်မှတဆင့် သားအိမ်အတွင်းမှ လွယ်ကူစွာ ထွက်လာမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ ၂ မိနစ် မှ ၅ မိနစ်အတွင်း ကြာမြင့်ပါမယ်။ IUD လွယ်ကူစွာမထွက်တဲ့ အခြေအနေဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့် သားအိမ်ခေါင်းကို ချဲ့ဖို့ ဆေးဝါးများအသုံးပြုနိုင်ပါတယ်။ အလွန်အဖြစ်နည်းသော ကြေးနီ IUD ညပ်မိတာမျိုးဖြစ်နေရင်၊ သင့်ရဲ့ ဝန်ဆောင်မှုပေးသူဟာ ခွဲစိတ်ပြီး ထုတ်ယူနိုင်ပါတယ်။ မခံမရပ်နိုင်သော နာကျင်မှုများ မခံစားရအောင် သင့်ကို မေ့ဆေးပေးထားမှာဖြစ်ပါတယ်။

ကြေးနီ IUD ကို ဖယ်ရှားရတာ ဘယ်လောက်နာကျင်ရပါသလဲ?

ကြေးနီ IUD ဖယ်ရှားခြင်းဟာ ထည့်သွင်းခြင်းလောက် မနာကျင်ရပါဘူး။ အချို့အမျိုးသမီးများက သက်တောင့်သက်သာ မဖြစ်မှုအနည်းငယ် နှင့် ကြွက်တက်သကဲ့သို့ အနည်းငယ်ခံစားကြရသော်လည်း အခြားအမျိုးသမီးများကတော့ မည်သည်မှ မခံစားရပါဘူး။ သင့်မှာ လဲလှယ်ချင်တဲ့ သက်တမ်းကုန် IUD ရှိတယ်ဆိုရင်၊ ကြေးနီ IUD အသစ်ကို ချက်ချင်းထည့်သွင်းနိုင်ပါတယ်။

သက်တမ်းကုန် IUD အား ထုတ်ယူခြင်းကို နှောင့်နှေးနေရင် ဘာဖြစ်မလဲ?

ကြေးနီIUD တခုဟာ သက်တမ်းကုန်သွားရင်၊ ၎င်းဟာ သင့်ကို သန္ဓေတားပေးမှု လုပ်ဆောင်ပေးနိုင်တော့မှာမဟုတ်ပါဘူး။ သင့်ကို သန္ဓေမအောင်မှုဖြစ်စေနိုင်တဲ့ ရောဂါပိုးဝင်မှုအန္တရာယ်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ IUD ထည့်သွင်းခြင်း နှင့် ဖယ်ရှားခြင်းရက်များကို မှတ်ထားခြင်း သို့မဟုတ် သင့်ရဲ့ ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုပေးသူအား သင့်ကို IUD ဖယ်ရှားရန် ရက်နီးလာပါက သတိပေးရန် ပြောထားခြင်းများ လုပ်ဆောင်သင့်ပါတယ်။

ကျွန်ုပ်၏ကြေးနီ IUD ကို ကျွန်ုပ်ကိုယ်တိုင် ဖယ်ရှားနိုင်ပါသလား?

ကြေးနီ IUD များကို ကိုယ်တိုင်ဖယ်ရှားသော အမျိုးသမီးများအကြောင်း ဆောင်းပါးများရှိသော်လည်း ဒီလုပ်ဆောင်မှုကို ထောက်ခံနိုင်သည့် လုံလောက်သော သုတေသန သို့မဟုတ် ဆေးဝါးလမ်းညွှန်ချက်များ မရှိပါ။ သင့်ရဲ့ IUD အား သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူကိုသာ ဖယ်ရှားစေဖို့ ကျွန်ုပ်တို့အကြံပြုပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ မည်သည့် IUD ဖယ်ရှားမှုရှုပ်ထွေးခြင်းများကိုမဆို ကိုင်တွယ်စေနိုင်ပြီး ဖယ်ရှားပြီးနောက် သင့်ရဲ့ သန္ဓေတားရွေးချယ်စရာများအကြောင်းလည်း ဆွေးနွေးစေနိုင်ပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်ရန် IUD ကို ဖယ်ရှားပါက၊ သင့်မှာ တူညီသော ချိန်းဆိုမှုအတွင်း ကိုယ်ဝန်ဆောင် အကြံဉာဏ်များပါ ရရှိနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ််ခန္ဓာကိုယ်က ကျွန်ုပ်ရဲ့ ဟော်မုန်းမပါဝင်သည့် IUD ကို အပြင်ပြန်ထုတ်ပါတယ်။ ကျွန်ုပ်ဘာလုပ်သင့်လဲ?

IUD ထွက်ကျခြင်းဟာ ထည့်သွင်းပြီး ပထမနှစ်အတွင်း အမျိုးသမီး ၂ – ၁၀ % မှာဖြစ်နိုင်ပါတယ်။ Anthony နှင့် လုပ်ဖော်ကိုင်ဖက်များ မှ ဆောင်ရွက်သည့် သုတေသနအရ IUD ထွက်ကျခြင်းဟာ အောက်ပါအချက်များရှိသော အမျိုးသမီးများမှာ ပိုဖြစ်နိုင်ပါတယ် :

ကိုယ်ဝန်တခါမှ မရဖူးသော၊
အသက် ၂၀ အောက် ငယ်သော၊
အလွန်ပြင်းထန်သော ဓမ္မတာသွေးဆင်းမှု ရှိဖူးသူများ၊
ကလေးမီးဖွားပြီးခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ကာလအလယ်ပိုင်းအတွင်း ကိုယ်ဝန်ဖျက်ချပြီးနောက် ကြေးနီ IUD ထည့်သွင်းထားသော၊
တခါတရံမှာ IUD ဟာ နေရာပြောင်းခြင်း သို့မဟုတ် သားအိမ်အောက်သို့ဆင်းကာ စတင်လျောကျခြင်းတို့ကြောင့် ထွက်ကျခြင်းဟာ တဝက်တပျက်ပဲဖြစ်နိုင်ပါတယ်။ IUD နေရာပြောင်းခြင်းဟာ ထည့်သွင်းခြင်းအချိန်ဝန်းကျင်လောက်မှာဖြစ်နိုင်ပါတယ် သို့မဟုတ် အရွယ်အစား၊ ထောင့် စသည့် သားအိမ်၏ လက္ခဏာများနှင့်သက်ဆိုင်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ပုံသဏ္ဍာန်ရှိနိုင်သည့် တစ်သျှူးများရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။​ ယခင် IUD ထွက်ကျဖူးထားသော အမျိုးသမီးများတွင် ဒုတိယအကြိမ် IUD ထွက်ကျနိုင်သည့် အခွင့်အလမ်း ၂၀ – ၃၀ % ရှိပါတယ်။ သင့်ရဲ့ IUD က တဝက်တပျက်ထွက်ကျပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ပြီး ဖယ်ရှားသင့်ပါတယ်။

ထုတ်ယူပြီးပါက သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့်တိုင်ပင်ပြီး အသစ်တခု ချက်ချင်းထည့်သွင်းရန် သို့မဟုတ် အခြား သန္ဓေတားနည်းလမ်းသို့ပြောင်းလဲရန် ဆွေးနွေးနိုင်ပါတယ်။

ကြေးနီ IUD ဖယ််ရှားပြီးနောက် ဘယ်လောက်မြန်မြန် ကျွန်ုပ်ကိုယ်ဝန်ရနိုင်သလဲ?

သင့်ရဲ့ မျိုးပွားနိုင်မှုဟာ ကြေးနီ IUD ဖယ်ရှားပြီးတာနဲ့ ချက်ချင်း ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ ထို့ကြောင့် နောက်ထက်မျိုးဥထွက်ခြင်းအတွင်း သင်ဟာ ကိုယ််ဝန်ရနိုင်ပါတယ်။ သင်ဟာ ကိုယ်ဝန်မဆောင်လိုဘူးဆိုရင်တော့ ကြေးနီIUD သူ့ဟာသူထွက်ကျတာ နဲ့ သို့မဟုတ် ဖယ်ရှားပြီးတာနဲ့ သင့်ရဲ့ ဖယ်ရှားထားသော IUD နေရာမှာ အသစ်ထည့်ခြင်း သို့မဟုတ် အခြား သန္ဓေတားနည်းလမ်းအသုံးပြုခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles