အချို့သုံးစွဲသူများဟာ ကြေးနီ IUD ထည့်သွင်းပြီးနောက် ဘေးထွက်ဆိုးကျိုးများ ခံစားရတယ်လို့တင်ပြကြသော်လည်း ဒီလိုဆိုးကျိုးများဟာ သင့်ခန္ဓာကိုယ်မှ အသားကျသွားတာနဲ့ ပျောက်ကွယ်သွားကြပါတယ်၊ ဒီလိုဖြစ်စဥ်ဟာ ၃ လ မှ ၆ လ အထိ ကြာမြင့်ပါတယ် [9]။
ဟော််မုန်းမပါဝင်သည့် IUD ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ
– ဓမ္မတာများအတွင်း သွေးစိမ့်ခြင်း (IUD ထည့်သွင်းပြီးနောက် ပထမလအနည်းငယ်အတွင်း အဖြစ်များသည်)၊
– ဓမ္မတာ ပြင်းထန်လာခြင်း နှင့် နာကျင်မှုများလာခြင်း (အချို့သူများအတွက်၊ ဒီဟာက လအနည်းငယ်အတွင်း ပျောက်ကွယ်သွားပါတယ်၊ သို့သော် ဆက်လက်ဖြစ်ပေါ်နေသေးတယ်ဆိုရင်၊ သင့်ရဲ့ ဆရာဝန်နှင့် တိုင်ပင်ဖို့ ကျွန်ုပ်တို့ အကြံပြုပါတယ်)၊
– ကျောနာခြင်း၊ နှင့်
– IUD မထည့်သွင်းခင် အမျိုးသမီးအနေဖြင့် သွေးနည်းတယ်ဆိုရင် အချို့အမျိုးသမီးတွေမှာ သွေးအားနည်းရောဂါ။
ကြေးနီ IUD ၏ ရှားပါးသော ရှုပ်ထွေးမှုများ
အမျိုးသမီးမှာ IUD ထည့်သွင်းချိန်မှာ ကာလသမီးရောဂါ သို့မဟုတ် ဆီးပူညောင်းကျရောဂါရှိထားရင်၊ တင်ပါးဆုံရောင်ရမ်းခြင်းရောဂါ (PID) ဖြစ်ပွားနိုင်ပါတယ်။ ပိုးဝင်မှုရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး၊ IUD ဖယ်ထုတ်ခြင်း၊ မဖယ်ထုတ်ခြင်းတို့ဖြင့် PID ကို ပိုးသတ်ဆေးများဖြင့် ကုသနိုင်ပါတယ်။
”
IUD ဟာ သားအိမ်နံရံကို တွန်းခြင်း။ ဒီအခြေအနေကို (လက္ခဏာအချို့အပေါ် အခြေခံပြီး) ကျန်းမာရေးစင်တာမှာသာ ရောဂါရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မှာတော့၊ IUD ကို လေ့ကျင့်ထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူက ထုတ်ယူမှာဖြစ်ပါတယ်။ ”
IUD ထွက်လာခြင်း။ သင့်ရဲ့ IUD ဟာ နေရာတကျ မရှိဘူး သို့မဟုတ် ထွက်လာတယ်လို့ သံသယရှိရင်တော့၊ သင်ဟာ လမ်းညွှန်မှုအတွက် ကျွမ်းကျင်သော ကျန်းမာရေး ဝန်ဆောင်မှုပေးသူ နှင့် တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း IUD ထည့်ထားသော ရှားပါးတဲ့ ဖြစ်ရပ်မှာတော့၊ ရလာဒ်က ပိုးဝင်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးစောမွေးခြင်း ဖြစ်နိုင်ပါတယ် [10]။
သုံးလကြာပြီးနောက် ဘေးထွက်ဆိုးကျိုးများဟာ သင်လက်ခံနိုင်တဲ့ အတိုင်းအတာထက် ပိုတယ်လို့ ခံစားရရင်တော့၊ သင်ဟာ ၎င်းကို ဖယ်ထုတ်ပြီး အခြား သန္ဓေတားနည်းလမ်းတခုကို ပြောင်းလဲနိုင်ပါတယ်။ သန္ဓေတား IUD ဟာ လိင်မှကူးစက်သော ရောဂါများ (STIs) များကို မကာကွယ်နိုင်ဘူးဆိုတာ သိရှိထားပေးပါ။
ကျွန်ုပ်မှာ ကြေးနီ IUD ရှိပြီး ကျွန်ုပ်မှာ ကြွက်တက်တာမျိုးရှိပါတယ်၊ ဘာလုပ်သင့်လဲ?
ကြွက်တက်တာမျိုးကို ထည့်သွင်းချိန် နဲ့ ထည့်သွင်းပြီး ရက်အနည်းငယ်အကြာမှာ ခံစားဖို့ သာမန်ပါပဲ။ ဒီဟာကို ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးနှင့် ကုသနိုင်ပါတယ်။ ကြေးနီ IUD ထည့်သွင်းချိန်မှာ သင်ဟာ ပြင်းထန်သော ဓမ္မတာလာခြင်းများ နှင့် ကြွက်တက်ခြင်းတို့ကို နောက်ထပ် ၃-၆ လအထိ ခံစားရနိုင်ပါတယ်။ ၆ လ အတွင်း ကြွက်တက်ခြင်းများ မပျောက်ကွယ်ပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားပြီး ရွေးချယ်နိုင်စရာများအကြောင်း ဆွေးနွေးသင့်ပါတယ်။
ကြေးနီီ IUD ထည့်သွင်းပြီးနောက် သွေးဆင်းခြင်း နှင့် သွေးစိမ့်ခြင်းကို ဘယ်လို ရပ်တန့်ရမလဲ?
ကြေးနီ IUD ထည့်သွင်းပြီးနောက် သွေးဆင်းခြင်း သို့မဟုတ် သွေးစိမ့်ခြင်းဟာ ဖျားနာခြင်းရဲ့ လက္ခဏာမဟုတ်ပါဘူး။ သင့်ရဲ့ သွေးဆင်းခြင်းဟာ ပိုများနိုင်သော်လည်း၊ သင့်အနေနဲ့ သွေးထွက်လွန်တာမျိုးမဖြစ်နိုင်ပါဘူး။ ထည့်သွင်းပြီး လပေါင်းများစွာကြာပြီးနောက် သင့်အနေနဲ့ သွေးထွက်လွန်နေတယ်လို့ သံသယရှိရင်တော့၊ သင့်ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသူနှင့် စကားပြောပါ။ သင်ဟာ ဟေမိုဂလိုဘင် အဆင့် စစ်ဆေးမှု လုပ်ဆောင်ရနိုင်ပြီး သင့်ရဲ့ သွေးပမာဏ နည်းတယ် သို့မဟုတ် သွေးအားနည်းရောဂါရှိတယ်ဆိုရင်တော့၊ သင့်ကို လိုအပ်တဲ့ သွေးအားတိုးဆေးများသွင်းမှာဖြစ်ပါတယ်။
ကျွန်ုပ်ရဲ့ သန္ဓေတားIUD ဟာ ကျွန်ုပ်ရဲ့ လက်တွဲဖော်ကို နာကျင်စေနိုင်ပါသလား?
အချို့လက်တွဲဖော်များအနေဖြင့် မအင်္ဂါတွင်း လိင်ဆက်ဆံနေစဥ်အတွင်း IUD ကြိုးများကို ခံစားမိတယ်ပြောဆိုကြပြီး၊ အများစုကတော့ ဘာမှခံစားရမှာမဟုတ်ပါဘူး။ မည်သို့ပင်ဖြစ်စေ ကြိုးများဟာ နောက်ပိုင်းမှာ ၎င်းတို့ကို ခံစားမိဖို့ ခက်ခဲလောက်သည်အထိ ပျော့ပျောင်းသွားမှာဖြစ်ပါတယ်။
သို့သော်လည်း သင့်လက်တွဲဖော်က ကြိုးများကြောင့် အနှောင့်အယှက်ဖြစ်ရပါက သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံ သွားရောက်ပြီး ထပ်တိနိုင်ပါတယ်။ IUD ကြိုးများကို အရမ်းတိုခြင်းဟာ နောက်ပိုင်း သူတို့ကို ပြန်လည်ထုတ်ယူချိန်မှာ ခက်ခဲစေနိုင်ကြောင်း သတိပေးခံရပါလိမ့်မယ်၊ သင့်အနေနဲ့ ၎င်းတို့ကို ဖယ်ရှားရန် သီးသန့်လေ့ကျင့်ထားသော ကျန်းမာရေးဝန်ဆောင်သူလိုအပ်ပါလိမ့်မယ်။
ဟော်မုန်းမပါဝင််သည့် IUD များဟာ ကိုယ်အလေးချိန်တက်စေပါသလား?
မတက်စေပါဘူး။ ဟော်မုန်းမပါဝင်သည့် IUD တခုဟာ မည်သည့် ကိုယ်အလေးချိန် ကျခြင်း သို့မဟုတ် တက်ခြင်း မလုပ်ပေးနိုင်ပါဘူး။ သူတို့မှာ ကိုယ်အလေးချိန်ပြောင်းလဲစေနိုင်တဲ့ ဟော်မုန်းတွေ မပါဝင်သောကြောင့်ဖြစ်ပါတယ်။