ကြေးနီ IUD ဟာ အမျိုးသမီးအများစုအတွက် အန္တရာယ်ကင်းပြီး ထိရောက်သော သန္ဓေတားနည်းလမ်းတခုဖြစ်ပါတယ်။ သို့သော်လည်း ကြေးနီ ဓာတ်မတည့်မှုအပါအဝင် ကျန်းမာရေးအခြေအနေရှိကြသော သူများအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ ထို့ကြောင့် သန္ဓေတားနည်းလမ်းနှင့် ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးစဥ်မှာ သင့်မှာ ရှိသော ကျန်းမာရေး အခြေအနေ သို့မဟုတ် သောက်သုံးနေရသော ဆေးဝါးများကို သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူအားပြောပြရန် အရေးကြီးပါတယ်။
ကြေးနီ IUD ထည့်သွင်းမှုကို အောက်ပါအခြေအနေများရှိရင် အကြံမပြုပါဘူး –
– သင့်မှာ ကြေးနီ မစွန့်ထုတ်နိုင်တဲ့ရောဂါ (Wilson’s disease) ရှိရင် [13]၊
– သင့်မှာကြေးနီ ဓာတ်မတည့်မှုရှိရင်၊
– သင်ဟာ မရှင်းပြနိုင်သော မအင်္ဂါသွေးဆင်းခြင်းများခံစားရတယ်ဆိုရင် ( သင့်ဆရာဝန်ဟာ ဒီဟာရဲ့ အကြောင်းအရင်းကို IUD မထည့်သွင်းခင်မှာ စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်)၊
– သင့်မှာ တင်ပါးဆုံ တီဘီ သို့မဟုတ် လိင်အင်္ဂါ ကင်ဆာများကဲ့သို့ မီးယပ် သို့မဟုတ် သားဖွားအခြေအနေတခုခု ရှိတယ်ဆိုရင်၊
– သင့်မှာ လွန်ခဲ့သည့် သုံးလအတွင်း ကလေးမွေးဖွားပြီး သို့မဟုတ် ကလေးဖျက်ချထားပြီးနောက် သားအိမ်ပိုးဝင်မှုရှိခဲ့ရင် (ကုသပြီးပါက၊ ဆရာဝန်ဟာ သင့်အနေနဲ့ IUD ထည့်သွင်းဖို့ အဆင်သင့်ဖြစ်၊ မဖြစ် ဆုံးဖြတ်ရန် သင့်အား ပြန်လည် စစ်ဆေးမှာဖြစ်ပါတယ်)၊
– သင့်မှာ သားအိမ်တွင်း အကြိတ်များရှိရင်၊ နှင့်
– သင့်မှာ သားအိိမ် သို့မဟုတ် သားအိမ်ခေါင်းကင်ဆာရှိရင်။
သင့်မှာ အထက်ဖော်ပြပါအခြေအနေများမှ တခုခုရှိတယ်ဆိုရင်၊ ကျေးဇူးပြုပြီး ကျွမ်းကျင်သော ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။ သင့်တွက် အသင့်လျော်ဆုံး သန္ဓေတားနည်းလမ်းကို အကြံပေးသွားမှာဖြစ်ပါတယ်။