ကျန်းမာရေး အကျိုးကျေးဇူးများ
ဟော်မုန်းမပါဝင်သည့် IUD များဟာ အောက်ပါတို့အပါအဝင် များပြားသော ကျန်းမာရေး အကျိုးကျေးဇူးများရှိတယ်လို့ အသိများကြပါတယ် :
– ကိုယ်ဝန်ဆောင်ခြင်းမှ ၉၉ ရာခိုင်နှုန်းကာကွယ်မှုပေးပါတယ်။ သန္ဓေတား IUD များဟာ အထိရောက်ဆုံး သန္ဓေတားနည်းလမ်းများထဲမှ တခုဖြစ်ပြီး – ဒီနည်းလမ်းအသုံးပြုသူ ၁၀၀ မှာ ၉၉ ယောက်ဟာ အောင်မြင်စွာ သန္ဓေတားနိုင်မှာဖြစ်ပါတယ်။
– ဒီနည်းလမ်းကို ကြိုက်သူများ သို့မဟုတ် ကျန်းမာရေးအကြောင်းပြချက်များကြောင့် ဟော်မုန်းပါဝင်သည့် IUD အသုံးမပြုသူနိုင်များအတွက် ကောင်းမွန်သော ရွေးချယ်စရာဖြစ်ခြင်း။
– သားအိမ်ပြင်ပသန္ဓေတည်နိုင်ခြင်းအန္တရာယ်ကို လျှော့ချခြင်း။
– သားအိမ်ခေါင်း သို့မဟုတ် သားအိမ်ကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း။
– ဆေးလိပ်သောက်သူများအတွက် အန္တရာယ်ကင်းခြင်း။
– သွေးတိုး သို့မဟုတ် ဆီးချိုရှိသူများအတွက် အန္တရာယ်ကင်းခြင်း [8]။
လူမှုဘဝအကျိုးကျေးဇူးများ
ကြေးနီီ IUD အား အရေးပေါ် သန္ဓေတားနည်းအဖြစ်
အကာအကွယ်မပါသော လိင်ဆက်ဆံမှုအပြီး နာရီ ၁၂၀/ ၅ရက်အတွင်း ကြေးနီ IUD များထည့်သွင်းခြင်းသည် အထိရောက်ဆုံး အရေးပေါ်သန္ဓေတားနည်းဖြစ်ပါတယ်။ ပြီးသွားရင်လည်း သင့်အနေနဲ့ မပြင်ဆင်ထားတဲ့ ကိုယ်ဝန်ဆောင်မှုမှ နှစ်ပေါင်းများစွာ ကာကွယ်ပေးမှု ရရှိမှာလည်းဖြစ်ပါတယ်။
အမျိုးသမီးခန္ဓာကိုယ်တိုင်းအတွက် စိတ်ချရတယ်။
ဆယ်ကျော်သက်များ နှင့် အသက် ၄၀ ကျော် အမျိုးသမီးများအပါအဝင် အသုံးပြုနိုင်ပါတယ်။ သင့်ဟာ ကျန်းမာရေးကောင်းမွန်ပြီး သားအိမ်ရှိတယ်ဆိုရင်၊ သင်ဟာ IUD ထည့်သွင်းလို့ရနိုင်ပြီး၊ သင်ဟာငယ်ရွယ်တယ်၊ ကိုယ်ဝန်မဆောင်ဖူးဘူး သို့မဟုတ် ကလေးမရှိဖူးဘူး၊ ကိုယ်ဝန်ဖျက်ချထားမယ် သို့မဟုတ် ပျက်ကျထားမယ် (ရောဂါကူးစက်မှုကြောင့် ကုသမှုမခံယူရမချင်း)၊ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း၊ တင်ပါးဆုံရောင်ရမ်းခြင်းရောဂါရှိခဲ့ခြင်း၊ ပျော့သော သို့မဟုတ် ရောဂါ လက္ခဏာမရှိသော ( ART ဆေး သောက်လိုက်၊ မသောက်လိုက်လုပ်ရခြင်း) HIV ရှိထားမယ် သို့မဟုတ် သွေးအားနည်းရောဂါရှိခြင်းတို့ ဖြစ်ခဲ့လျှင်တောင်မှ ထည့်သွင်းနိုင်တယ်လို့ ကျွမ်းကျင်သူများစွာက သဘောတူကြပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်အသစ်များအတွက် (နို့တိုက်ခြင်း/ နို့မတိုက်ခြင်း) ကောင်းမွန်သော နည်းလမ်းဖြစ်ပါတယ်။
ဟော််မုန်းဘေးထွက်ဆိုးကျိုးများမရှိခြင်း
ကြေးနီ IUD များဟာ ဟော်မုန်းမပါဝင်သောကြောင့် သင့်ရဲ့ ဟော်မုန်းအဆင့်များကို ထိခိုက်စေမှာမဟုတ်ပါဘူး။
၎င်းဟာ လျှို့ဝှက်တယ်။
ဟော်မုန်းမပါဝင်သော သန္ဓေတား IUD ဟာ သားအိမ်အတွင်းသို့ ထည့်သွင်းရတဲ့ T ပုံစံ ပစ္စည်းဖြစ်ပြီး လူအများစုဟာ အဲ့ဒါရှိမှန်းသိမှာမဟုတ်ပါဘူး။ လိင်မဆက်ဆံခင်လည်း လုပ်ဆောင်စရာဘာမှမလိုပါဘူး။ အချို့သော ရှားပါးတဲ့ အဖြစ်အပျက်တွေမှာတော့ လက်တွဲဖော်ဟာ ဆက်ဆံစဥ်အတွင်း IUD သို့မဟုတ် ၎င်းရဲ့ ကြိုးတွေကို ခံစားမိနိုင်ပါတယ်၊ သို့သော်လည်း ကျန်းမာရေး ဝန်ဆောင်မှု ထောက်ပံ့သူဟာ ဒီကြိုးတွေကို အလွယ်တကူ တိပေးနိုင်ပါတယ်။
၎င််းဟာ ထိန်းသိမ်းရမှုနည်းတယ်။
ထည့်ထားပြီး မေ့ထားလိုက်ပါ။ သင့်ရဲ့ သန္ဓေတားနည်းလမ်းကို မှတ်မိဖို့ စိုးရိမ်နေရတာမျိုး မဖြစ်ချင်ရင်၊ IUD နည်းလမ်းက သင့်အတွက် ဖြစ်နိုင်ပါတယ်။ ၎င်းကို တခါထည့်သွင်းပြီးတာနဲ့ အမျိုးအစားအပေါ် မူတည်ပြီး ၁၂ နှစ်အထိ ထိရောက်နိုင်ပါတယ်။
၎င်းဟာ လက်မလိုပါဘူး။
ထည့်သွင်းခြင်းကို ကျန်မာရေးစင်တာမှာ လုပ်ဆောင်တာကြောင့်၊ ဆေးဆိုင်တွေမှာ ပစ္စည်းတွေ ဝယ်စရာလည်းမလိုပါဘူး။ဒါကြောင့်၊ ပျောက်နိုင်တာ သို့မဟုတ် မေ့နိုင်တာမျိုးတွေ မဖြစ်ပါဘူး။
၎င်းဟာ အရှိန်တက်နေတာကို မဟန့်တားပါဘူး။
IUD ဖယ်ရှားပြီး ဘယ်လောက်အကြာမှာ ကိုယ်ဝန်ရနိုင်မလဲ?
သင်ဟာ IUD ကိုချက်ချင်း ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်လျင်မြန်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။ အကယ်၍သင့်အနေနဲ့ ဖယ်ရှားပြီးပြီးချင်း ကိုယ်ဝန်မဆောင်ချင်သေးဘူးဆိုရင်တော့၊ သင့်ကိုယ်သင် အလားတူ သို့မဟုတ် မတူညီတဲ့ နည်းလမ်းနဲ့ ကာကွယ်ဖို့ သေချာပါစေ။
ကြေးနီ IUD ဟာ ဘယ်လောက်ကြာရှည်ခံသလဲ?
၎င်းဟာ သုံးစွဲသူထံမှ အထူးတလည်အားထုတ်စရာမလိုပဲ အကြာကြီးခံပါတယ်။
Tampon များနှင့် ဟော်မုန်းမပါဝင်သည့် (ကြေးနီ) IUD များအကြား လိုက်ဖက်မှုက ဘယ်လိုမျိုးလဲ?
ကြေးနီ IUD ထည့်သွင်းထားသူဟာ tampon ကိုလည်း အသုံးပြုနိုင်ပါတယ်၊ ၎င်း tampon ဟာ IUD ကြိုးများကို မဆွဲလျှင်ပေါ့။ သို့သော်လည်း IUD ကြိုးများကို မှားယွင်းစွာ ဆွဲထုတ်မိဖို့ အလွန်ရှားပါးပါတယ်၊ tampon ကြိုးများဟာ ပုံမှန်အားဖြင့် မအင်္ဂါ အတွင်းဖက်အစား အပြင်ဖက်သို့ ထွက်နေတာကြောင့်ဖြစ်ပါတယ်။ သင့်အနေနဲ့ IUD ကြိုးများကို tampon ကြိုးများအနီးမှာ ခံစားမိရင်တော့ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ချက်ချင်း တွေ့ဆုံသင့်ပါတယ်။ IUD ဟာ သားအိမ်မှ ထွက်ကျနိုင်ခဲ့ အခွင့်အရေးရှိခြင်းကြောင့်ဖြစ်ပါတယ်။