ဟော်မုန်းမပါဝင်သည့် (ကြေးနီ) IUD ထည့်သွင်းခြင်း

ဟော်မုန်းမပါဝင်သည့် (ကြေးနီ) IUD ထည့်သွင်းခြင်း
ဟော်မုန်းမပါဝင်သည့် (ကြေးနီ) IUD ထည့်သွင်းခြင်း

ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ဟော်မုန်းမပါဝင်သည့် IUD ကို ကျန်းမာရေးစင်တာမှာ ထည့်သွင်းပါတယ်။ သင်ဟာ ဆေးဆိုင်မှ ဝယ်ယူနိုင်သော်လည်း၊ ထည့်သွင်းဖို့အတွက် ကျန်းမာရေးစင်တာကို သွားရောက်ရပါမယ်။ တလရဲ့ မည်သည့်အချိန်မှာ မဆို ထည့်သွင်းနိုင်သော်လည်း၊ အချို့သော ကျန်းမာရေးဝန်ဆောင်မှုပေးသူများဟာ ဓမ္မတာကာလအတွင်း ထည့်သွင်းဖို့ နှစ်သက်ကြပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ဝန်မရှိတာ သေချာသောကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဓမ္မတာကာလအတွင်း သားအိမ်ခေါင်းက ပိုပွင့်နေတာကြောင့် IUD ကိုထည့်သွင်းရတာပိုမိုလွယ်ကူပါတယ်။ [4]။
သက်တမ်းကုန်သွားသော IUD ကိုထုတ်ယူပြီးချိန်တွင် နားချိန်မလိုအပ်ပါဘူး။ ကြေးနီ IUDကို အဟောင်းတခု ထုတ်ယူပြီးတာနဲ့ ချက်ချင်းထည့်သွင်းနိုင်ပါတယ်၊ ကလေးမွေးဖွားတာ သို့မဟုတ် ကလေးဖျက်ချတာပြီးနောက်ချက်ချင်း သို့မဟုတ် အရေးပေါ် သန္ဓေတားဆေးအနေနဲ့တောင်မှ (အကာအကွယ်မရှိသော လိင်ဆက်ဆံပြီး ၅ ရက်အတွင်း) ထည့်သွင်းနိုင်ပါတယ်။

ကြေးနီ IUD ထည့်သွင်းခြင်းအတွက် ဘယ်လိုပြင်ဆင်ရမလဲ?​

ကြေးနီ IUD ထည့်သွင််းခြင်းအတွက် ပထမအဆင့်ကတော့ သင့်ကျန်းမာရေးဝန်ဆောင်မှု ပေးသူနှင့် သင့်ရဲ့ လုပ်ဆောင်နိုင်မှုကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ သင့်မှာ မည်သည့် လိင်မှကူးစက်သောရောဂါများ၊ ကြေးနီဓာတ်မတည့်မှုများ သို့မဟုတ် ကြေးနီ IUD ထည့်သွင်းရန် မသင့်လျော်သည့် အခြေအနေများ ရှိ၊မရှိ ဆုံးဖြတ်ပေးနိုင်မဲ့ မေးခွန်းများကို သင့်အား မေးမှာဖြစ်ပါတယ်။​ ကူးစက်ရောဂါရှိသည်ဟု သံသယရှိပါက သင့်ကို ဓာတ်ခွဲခန်းစစ်ဆေးမှု လုပ်ဆောင်စေမှာဖြစ်ပါတယ်။ ပြီးတော့ သင့်ကို တင်ပါးဆုံစစ်ဆေးမှုလုပ်ဆောင်ပြီး IUD က သင့်အတွက် မှန်ကန်မှုရှိတယ်ဆိုတာ စစ်ဆေးမှာဖြစ်ပါတယ် [3]။ ဒီနည်းလမ်းနှင့် သင်ဟာ သင့်တော်တယ်လို့ ဆုံးဖြတ်လိုက်တာနဲ့၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ထည့်သွင်းခြင်း မတိုင်ခင် နှင့်ပြီးနောက် ခံစားရမည့် မည်သည့်နာကျင်မှုမဆိုအတွက် ကူညီပေးနိုင်ဖို့ သင့်ကို အကိုက်အခဲပျောက်ဆေးပေးနိုင်ပါလိမ့်မယ်။ ဒီဟာက မထည့်သွင်းခင် မိနစ် ၃၀ လောက် အလိုမှာ ဖြစ်မှာပါ။ ဒီလိုမဟုတ်ပဲ သင့်ရဲ့ ဝန်ဆောင်မှုပေးသူဟာ တင်ပါးဆုံဆီသို့ ထုံဆေးပေးကောင်း ပေးပါလိမ့်မယ်။

ကြေးနီ IUD ထည့်သွင်းခြင်းအတွက်် လုပ်ဆောင်မှုက ဘယ်လိုမျိုးလဲ?

အခြားမီးယပ်ရောဂါစစ်ဆေးမှုများကဲ့သို့ သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့်ကို IUD ထည့်သွင်းခြင်းအတွက် လှဲစေပါမယ်။ သင့်ရဲ့ ခြေထောက်များကို ခြေထောက်ကားနဲ့နေရာပေါ်မှာ တင်စေမှာပါ။ ပြီးနောက် သင့်ရဲ့ ခန္ဓာကိုယ်ကို အဝတ်နှင့် ဖုံးထားပါမယ်။ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ လုပ်ဆောင်မှုအဆင့်တိုင်းကို ရှင်းပြသွားမှာဖြစ်ပြီး ကြေးနီ IUD အပါအဝင် ထည့်သွင်းခြင်းအတွက် အသုံးပြုမဲ့ပစ္စည်းများကိုပါ ပြသသွားမှာပါ။ Speculum လို့ခေါ်တဲ့ ကိရိယာကို သင့်ရဲ့ မအင်္ဂါအတွင်းသို့ထည့်သွင်းပြီး သားအိမ်ခေါင်းကို ဖွင့်ထားမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးသူဟာ ပြီးနောက် သင့်ရဲ့ မအင်္ဂါ နှင့် သားအိမ်ခေါင်း ကို သင့်လျော်တဲ့ ပိုးသတ်ဆေးအသုံးပြုပြီး သန့်စင်မှာဖြစ်ပါတယ်။ အထူးထည့်သွင်း ကိရိယာအသုံးပြုပြီး ကြေးနီ IUD ကို သင့်ရဲ့ သားအိမ်အတွင်းသို့ ထည့်သွင်းမှာပါ။ IUD တင်ရောက်ပြီးတာနဲ့ ထည့်သွင်းကိရိယာကို ပြန်ထုတ်မှာဖြစ်ပါတယ်။ ပြီးနောက် ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ IUD ကြိုးများကို လိုအပ်တဲ့ အလျားအဖြစ် ဖြတ်တောက်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုပြီးတာနဲ့၊ speculum ကို ဖယ်ထုတ်မှာပါ။
အချို့အမျိုးသမီးများဟာ ထည့်သွင်းတဲ့အချိန်မှာ နာကျင်မှု ခံစားရတယ်လို့ တင်ပြကြပါတယ်။ အခြားသူများကတော့ အနည်းငယ် သက်တောင့်သက်သာမဖြစ်မှု ခံစားရပါတယ်။ ထည့်သွင်းမှုကြောင့် နာကျင်မှုဟာ ၂ မိနစ်အတွင်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။​ ဒီနာကျင်မှုကို praacetamol သို့ ibuprofen ကဲ့သို့ ပိုးသတ်ဆေးများ နှင့်လည်း သက်သာစေနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ထည့်သွင်းခြင်းပြီးတာနဲ့ သင့်ကို အသိပေးမှာဖြစ်ပြီး နားစေမှာပါ။ အဆင်သင့်ဖြစ်တာနဲ့ သင့်ကို ထစေပြီး အဝတ်အစားဝတ်စေပါမယ်။ ပြီးနောက် ဝန်ဆောင်မှုပေးသူဟာ ဘာတွေမျှော်လင့်ထားရမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြမှာဖြစ်ပြီး ထပ်တွေ့ဖို့ ရက်ချိန်းကိုလည်းသတ်မှတ်ပေးမှာပါ (ပုံမှန်အားဖြင့် ထည့်သွင်းပြီးနောက် ၃-၆ ပတ်)။

ကြေးနီ IUDထည့်သွင်းပြီးနောက် ဘာတွေမျှော်လင့်ထားရမလဲ?

အများအားဖြင့် IUD ထည့်သွင်းခြင်းသည် ရှုပ်ထွေးသောလုပ်ဆောင်မှု မဟုတ်ပဲ၊ သင့်အနေနဲ့ ထည့်သွင်းပြီးတာနဲ့ သင့်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အချို့သူများကတော့ သွေးပေါင်ကျခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း နှင့် ရင်တုန်နှုန်းနှေးခြင်းတို့ကို ထည့်သွင်းပြီးနောက် ခံစားကြရပြီး အချိန်နဲ့အမျှ​ မှေးမှိန်သွားကြပါတယ်။ အခြားသူများကတော့ ထည့်သွင်းပြီးနောက် နာကျင်မှုခံစားကြရပါတယ်။ ဒီဆိုးကျိုးများကို အနားယူမှု နှင့် ပိုးသတ်ဆေးများဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အချို့နိုင်ငံများမှာတော့၊ IUD ထည့်သွင်းခြင်းပြီးနောက် သင့်ကို အိမ်ပြန်လိုက်ပို့ရန် တစုံတယောက်လိုအပ်ပါတယ်။ ထည့်သွင်းရန် ချိန်းဆိုမှုမလုပ်ခင် လိုအပ်ချက်များအားလုံးကို လေ့လာစုံစမ်းပြီးကြောင်းသေချာပါစေ။

ကြေးနီ IUD အနေအထားကို ဘယ်လို စစ်ဆေးနိုင်မလဲ?

IUD ထည့်သွင်းပြီးပါက သင်ဟာ သားအိမ်မှ နှစ်လက်မလောက် မအင်္ဂါအပေါ်သို့ကျနေတဲ့ ကြိုးအသေးတခုကို ခံစားမိကောင်း ခံစားမိပါလိမ့်မယ်​ (ကြိုးဟာ မအင်္ဂါအပြင်ဖက်သို့ မထွက်ပါ)။ ကြိုးကိုထားရှိခြင်းဟာ IUD ကို နောက်ပိုင်းမှာ ပြန်လည် ထုတ်ယူနိုင်အောင်ဖြစ်ပါတယ် [5]။ ၎င်းဟာ သင့်ကိုယ်ထဲရောက်သွားတာနဲ့၊ သင်ဟာ ကြိုးများရဲ့ အဆုံးများကို တနှစ်လျှင် အကြိမ်အနည်းငယ်စစ်ဆေးပြီး IUD နေသားတကျရှိစေရန် သေချာစေသင့်ပါတယ်။
– သင့်ရဲ့လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့်ဆေးပါ၊ ပြီးနောက် ထိုင်ပါ သို့မဟုတ် ဆောင့်ကြောင့်ထိုင်ပါ။
– သင့်ရဲ့ လက်ချောင်းကို သားအိမ်ခေါင်း စမ်းမိသည်အထိ မအင်္ဂါထဲသို့ထိုးသွင်းပါ၊ သားအိမ်ခေါင်းဟာ သင့်ရဲ့ နှာခေါင်းထိပ်ကဲ့သို့ တင်းရင်းပြီး ရာဘာဆန်ဆန်ဖြစ်နေပါမယ်။​
– ကြိုးများကို ရှာပါ။ ရှာတွေ့ပါက ဝမ်းမြောက်ပါတယ်၊ သင့်ရဲ့ IUD က စိတ်ချရပါတယ်။ သို့သော်လည်း၊ သင်ဟာ သားအိမ်ခေါင်း နှင့် ဆန့်ကျင်ဘက်မှာ IUD ရဲ့ မာကျောသောအပိုင်းကို ခံစားမိပါက၊ သင့်ဝန်ဆောင်မှုပေးသူမှ ပြန်လည်တည့်မတ်ပေးခြင်း သို့မဟုတ် အစားထိုးလဲလှယ်ခြင်း လုပ်ဆောင်ရပါမယ် [6]။
– ကြိုးများကို မဆွဲပါနှင့်! သင်ဆွဲလိုက်ပါက၊ IUD ဟာ အပြင်ထွက်လာနိုင်ပါတယ်။​ IUD ကြိုးများကို မခံစားမိပါက သင့်အနေဖြင့် လိင်ဆက်ဆံမှုရှောင်ကြဥ်ခြင်း သို့မဟုတ် ကွန်ဒုံးသုံးခြင်းများကို သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ IUD ကြိုးများ နေရာတကျရှိကြောင်း အတည်ပြုပေးသည်အထိ လုပ်ဆောင်သင့်ပါတယ်။ ကြိုးမတွေ့ကြောင်း သတိထားမိသည့်ရက်မတိုင်မှီ ၅ ရက်အတွင်း လိင်ဆက်ဆံမိပါက၊ သင့်အနေဖြင့် အရေးပေါ် သန္ဓေတားဆေး သောက်သုံးသင့်ပါတယ်။
– ကြိုးများကို ရှာဖွေစမ်းသပ်ရတာ သက်တောင့်သက်သာမဖြစ်ပါက၊ သင့်ရဲ့ ဝန်ဆောင်မှုပေးသူမှ ထည့်သွင်းပြီ ၃ပတ်မှ ၆ ပတ်အကြာမှာ စစ်ဆေးပေးနိုင်ပါတယ်၊ ပြီးနောက်မှာတော့ တနှစ်အကြာမှာ စစ်ဆေးပေးမှာပါ [7] ။

ကြေးနီ IUD ထည့်သွင်းခြင်း ပြီးနောက် ကြွက်တက်ခြင်းဟာ မည်မျှလောက်ကြာနိုင်ပါသလဲ?

ကြေးနီ IUD ထည့်သွင်းခြင်းပြီးနောက် ခံစားရသော နာကျင်မှုဟာ အမျိုးသမီး တဦးမှ တဦးခြားနားပါတယ်။ အချို့အတွက် ကြွက်တက်မှုနှင့် ကျောနာမှုများဟာ ၁ ရက် မှ ၂ ရက်အတွင်း ပျောက်ကင်းပါတယ်။ အခြားသူများအတွက် ၎င်းဟာ အပတ်များစွာကြာနိုင်ပြီး ၃ လ မှ ၆ လအထိတောင် ကြာနိုင်ပါတယ်။ သင့်အနေနှင့် ပြင်းထန်ပြီး မမှန်သော၊ နာကျင်ရသော သွေးဆင်းခြင်းကို အဆိုပါ ၃လ မှ ၆လအတွင်း ခံစားရနိုင်ပါတယ်။

ကြေးနီ IUD ထည့်သွင်းပြီးနောက် မည်မျှကြာကြာသွေးဆင်းပါသလဲ?

IUD ထည့်သွင််းပြီးနောက် သင်ဟာ ၁ ရက် မှ ၇ ရက်အတွင်း သွေးဆင်းနိုင်ပါတယ်။ ဒီသွေးဆင်းခြင်းဟာ ထည့်သွင်းခြင်းပြီးနောက်မှာ ပြင်းထန်ပြီး အချိန်နဲ့အမျှ​လျော့ပါးသွားမှာဖြစ်ပါတယ်။ ထည့်သွင်းပြီးနောက် သင်ဟာ ကိုယ်ပူခြင်း၊ အလွန်ပြင်းထန်သော သွေးဆင်းခြင်း (တနာရီအတွင်း ၁-၂ pad လောက်သုံးရခြင်း) သို့မဟုတ် အနံ့ပြင်းသော သွေးဆင်းခြင်း ခံစားရပါက၊ သင့်မှာ ရောဂါကူးစက်မှုရှိနိုင်ပါတယ်။ အရေးပေါ် ကျန်းမာရေးကုသမှုခံယူပါ။ ထည့်သွင်းပြီးနောက် ပထမရက်အတွင်း သွေးအစုများမြင်ရတာဟာ ပုံမှန်ဖြစ်ပြီး ဒီဟာက ကြာရှည်မဖြစ်ပါဘူး။ သွေးစိမ့်ခြင်း သို့မဟုတ် သွေးဆင်းခြင်းဟာ ၃-၆ လအတွင်း လျော့ပါးသွားမှာဖြစ်ပြီး ၎င်းဟာ ၆ လအထက် တာရှည်နေပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် တိုင်ပင်သင့်ပါတယ်။

ထည့်သွင်းပြီး ဘယ်လောက်အကြာမှာ ကြေးနီ IUD ဟာ ထိရောက်ပါသလဲ?

ကြေးနီ IUDဟာ ထည့်သွင်းပြီးပြီးချင်း သန္ဓေတားပေးပါတယ်။
ကြေးနီ IUDထည့်သွင််းပြီးနောက် မည်မျှအကြာတွင် ကျွန်ုပ် လိင်ဆက်ဆံနိုင်ပါသလဲ?
ရောဂါကူးစက်မှုနိုင်ချေ လျှော့ချရန်၊ ကြေးနီ IUD ထည့်သွင်းပြီးနောက် မအင်္ဂါဖြင့်လိင်ဆက်ဆံရန်၊ tampon သို့မဟုတ် menstrual cup သုံးရန်၊ ရေချိုးရန် (ရေစိမ်ချိုးခြင်း) သို့မဟုတ် ရေကူးရန် အနည်းဆုံး ၂၄ နာရီစောင့်ဆိုင်းဖို့ အကြံပြုထားကြပါတယ်။

ကြေးနီ IUD ထည့်ထားစဥ် ကိုယ်ဝန်ရနိုင်ပါသလား?​

ကြေးနီ IUDထည့်ထားစဥ် ကိုယ်ဝန် ရနိုင်ခြင်းဟာ အလွန်မဖြစ်နိုင်ပါဘူး။ ဝန်ဆောင်မှုပေးသူများအတွက်မိသားစုအစီအစဥ်ဆွဲခြင်းလက်ကိုင်စာအုပ် “Family Planning Handbook“အရ၊ ကြေးနီ IUDထည့်ထားသူများရဲ့ ၁ % ကသာ ထည့်သွင်းပြီး တနှစ်အတွင်းမှာ ကိုယ်ဝန်ရကြတာဖြစ်ပါတယ်။ သန္ဓေတည်ပါက ၎င်းတွင် သားအိမ်ပြင်ပ သန္ဓေတည်ရန် အခွင့်အရေးအနည်းငယ်ရှိပါတယ်။ သင်ဟာ သန္ဓေတည်ခြင်း ကနဦးလက္ခဏာများကို သံသယရှိပါက၊ ကိုယ်ဝန်စစ်ဆေးမှုကို အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်။ စစ်ဆေးမှုဟာ ရှိကြောင်းပြသပါက၊ သင့်ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသူနှင့် ချက်ချင်းတိုင်ပင်ပြီး သားအိမ်ပြင်ပ သန္ဓေတည်မှု ဟုတ်၊ မဟုတ် စစ်ဆေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ထားရပါက အန္တရာယ်ကင်းသော ကိုယ်ဝန်ဆောင်မှုဖြစ်စေရန် IUD ကိုဖယ်ရှားနိုင်ပါတယ် သို့မဟုတ် ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။ သားအိမ်အတွင်း ကြေးနီ IUD ရှိလျက်နှင့် ကိုယ်ဝန်ဆောင်ထားပါက၊ ကိုယ်ဝန်ပျက်ကျရန် ရာခိုင်နှုန်းများပါတယ်။

ကြေးနီ IUD ဟာ တင်ပါးဆုံရောင်ရမ်းခြင်းရောဂါ (PID) ကို ဖြစ်စေနိုင်ပါသလား?

ဝန်ဆောင်မှုပေးသူများအတွက် Family Planning handbook ဟာ ကြေးနီ IUD အနေနှင့် တင်ပါးဆုံရောင်ရမ်းခြင်းရောဂါ (PID) ကို မဖြစ်စေကြောင်း ရှင်းပြထားပါတယ်။ သို့သော်လည်း ကာလသမီးရောဂါ သို့မဟုတ် ဆီးပူညောင်းကျရောဂါရှိသူ တဦးဦးထံ IUD ထည့်သွင်းထားပါက၊ ဒီရောဂါများဟာ PID ကိုဖြစ်စေနိုင်ပါတယ်။ ဒီဟာက အဖြစ်များသော အခြေအနေမဟုတ်သော်လည်း၊ ၎င်းဖြစ်ပွားပါက၊ ထည့်သွင်းပြီး ရက် ၂၀ အတွင်း ဖြစ်လေ့ရှိပါတယ်။ လိင်မှကူးစက်သောရောဂါများ (STIs) များ ဖြစ်ရန် ရာခိုင်နှုန်းများသည့် လူများတွင် STI စစ်ဆေးခြင်းမေးခွန်းများမေးသည့်အခါ STI ဖြစ်ရပ် တဝက်လောက် တွေ့ရှိသော်လည်း PID ဖြစ်ပေါ်မှုနှုန်းသည် IUD ၁၀၀၀ ထည့်သွင်းခြင်းတိုင်းအတွင် ၂ ခုအောက်နည်းသည်။

သင်သည် အောက်ပါ ပုံမှန်မဟုတ်သော လက္ခဏာများကို ကြေးနီ IUD ထည့်သွင်းပြီးနောက် ရက် ၂၀ အတွင်း ခံစားရပါက၊ သင့်တွင် PID ရှိနိုင်သည့် ရာခိုင်နှုန်းများသည်။ သင့်အနေဖြင့် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံ ချက်ချင်းသွားရောက်ကာ စစ်ဆေးမှု နှင့် သင့်လျော်သော ကုသမှု ခံယူသင့်သည်။
သင့် မအင်္ဂါမှ ပုံမှန်မဟုတ်သော ဆင်းမှုများ၊
အော်ဂလီဆန်ခြင်း နှင့်/သို့ အော့အန်ခြင်း
လိင်ဆက်ဆံချိန်အတွင်း မခံမရပ်နိုင်အောင် နာကျင်ခြင်း၊
အဖျား/ချမ်းခြင်း နှင့်
သင့်ဗိုက်အောက်ပိုင်းနာကျင်ခြင်း။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

သန္ဓေတားရေမြှုပ်

Non-hormonal

ဒါဘာလဲ။
သန္ဓေတားရေမြှုပ်ဟာ ကိုယ်ဝန်ကာကွယ်ရန်အတွက် မအင်္ဂါထဲသို့ ရေစွတ်ပြီး ထည့်သွင်းရသည့် အဖြူရောင် ပလတ်စတစ်အမြှုပ်တစ်ခုဖြစ်ပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၈၀-၉၁% ထိရောက်ပါတယ်။​
  • အားသာချက်များ
    • ၎င်းတွင် ဟော်မုန်းများမပါဝင်ပါဘူး။
    • သင်ဟာ ဆရာဝန်ဆေးစာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးမှုမလိုအပ်ပါဘူး။​
    • ၎င်းကို လိင်မဆက်ဆံခင် နာရီအနည်းငယ်အလိုမှာ ထည့်သွင်းနိုင်တာကြောင့် ရုတ်ချည်းဖြစ်မှုကို အခွင့်ပေးပါတယ်။
    • ကိုယ်ဝန်ရရှိနိုင်မှု ပြန်ရောက်တာ မနှောင့်နှေးပါဘူး။ ဒါကို ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ပါပြီ။
    အားနည်းချက်များ
    • ၎င်းဟာ ရေတိုကာကွယ်ပေးမှု (၂၄ နာရီ) နဲ့အတူ ထိရောက်မှုအနည်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။
    • ၎င်းဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ STI များမှ မကာကွယ်ပေးပါဘူး။
    Diaphragm သန္ဓေတားနည်းလမ်း

    Non-hormonal

    Diaphragm ဆိုတာ ကိုယ်ဝန်ကာကွယ်ရန် လိင်မဆက်ဆံခင် သားအိမ်ခေါင်းအပေါ်သို့ ထည့်သွင်းရတဲ့ အခုံးပုံစံ နူးညံ့ပျော့ပျောင်းတဲ့ခွက်ဖြစ်ပါတယ်။
  • ၎င်းဟာ ၈၄% ထိရောက်ပါတယ်။​
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။​
    • ၎င်းဟာ လိင်ပိုင်းဆိုင်ရာ ရုတ်ချည်းဖြစ်မှုကို အခွင့်အရေးပေးပါတယ်။​၎င်းကို လိင်မဆက်ဆံခင် နာရီအနည်းငယ်မှာ ထည့်သွင်းထားနိုင်ပြီး ၂၄ နာရီအထိ ထည့်ထားနိုင်ပါတယ်။
    • သင့်ရဲ့ လက်တွဲဖော်ဟာ ဒါကို ခံစားမိမှာမဟုတ်ပါဘူး။
    • ၎င်းကို ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်ဆောင်နိုင်မှု ပြန်လည်ရရှိမှာပါ။​
    • သင်ဟာ ဆီလီကွန် ဒါမှမဟုတ် သုက်သတ်ဆေးနဲ့ ဓာတ်မတည့်ဘူးဆိုရင် ၎င်းဟာ ကောင်းမွန်တဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။​
    • ၎င်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ၊ မအင်္ဂါဘက်တီးရီးယားပိုးဝင်ခြင်း ဒါမှမဟုတ် မအင်္ဂါ်မှိုဝင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ များပြားတဲ့အားထုတ်မှုလိုအပ်ပါတယ်။ ၎င်းဟာ ချုပ်တီးနိုင်စွမ်း နဲ့ အစီအစဥ်ရေးဆွဲမှုလည်း လိုပါတယ်။
    သုက်သတ်ဆေး

    Non-hormonal

    သုက်သတ်ဆေးဆိုတာဟာ သုက်ကောင်များ မျိုးဥနဲ့ထိတွေ့ပြီး သန္ဓေမတည်ခင် သုက်ကောင်ကို သတ်ပေးခြင်းဖြင့် ကိုယ်ဝန်ကို တားဆီးပေးသည့် ဓာတုပစ္စည်း သို့မဟုတ် ဆေးဖြစ်ပါတယ်။
  • ၎င်းဟာ ၈၄% ထိရောက်ပါတယ်။
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။​
    • သင်ဟာ ဒါကို ရယူဖို့ ဆရာဝန်ဆေးစာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးမှု မလိုပါဘူး။​
    • ၎င်းဟာ သုံးစွဲရလွယ်ပါတယ်။​
    • ၎င်းကို သီးသန့်သုံးတဲ့အခါ သိပ်မထိရောက်ပါဘူး၊ အခြားအကာအကွယ်နည်းလမ်းများနဲ့ တွဲသုံးရင် ထိရောက်မှုပိုကောင်းပါတယ်။
    • ၎င်းကို နေရာတိုင်းမှာမရနိုင်ပါဘူး။
    • ၎င်းဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ လိင်မှတဆင့်ကူးစက်သည့် STI များမှ​မကာကွယ်ပေးပါဘူး။​
    သားအိမ်ခေါင်းအစွပ်

    Non-hormonal

    သားအိမ်ခေါင်းအစွပ်ဟာ သားအိမ်အတွင်းသို့ သုက်ကောင်များဝင်ရောက်ခြင်းမှ ပိတ်ဆို့ရန် မအင်္ဂါအတွင်း ထည့်သွင်းရသည့် ရာဘာစေး သို့မဟုတ် ပလတ်စတစ်ရာဘာအစွပ်ဖြစ်ပါတယ်။​
  • ၎င်းဟာ ၇၄-၉၁% ထိရောက်ပါတယ်။​
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။
    • ၎င်းဟာ ရံဖန်ရံခါလိင်ဆက်ဆံတတ်ပြီးတော့ ပုံမှန် သန္ဓေတားနည်းလမ်းမသုံးချင်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
    • ၎င်းဟာ အမျိုးသမီးထိန်းချုပ်နိုင်ပြီး လိင်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုကို ခွင့်ပြုပါတယ်။
    • ၎င်းကို ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းမှာ အလွယ်တကူမရရှိနိုင်ပဲ စျေးကြီးနိုင်ပါတယ်။
    • ၎င်းဟာ မအင်္ဂါရောင်ရမ်းခြင်း နဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ (UTIs) ဖြစ်စေနိုင်ပါတယ်။
    • သင်ဟာ အစွပ် ဒါမှမဟုတ် သုက်သတ်ဆေးပြုလုပ်ရန် အသုံးပြုတဲ့ အရာဝတ္ထုနဲ့ ဓာတ်မတည့်ပါက ဒါက ကောင်းမွန်တဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။
    • ဒါက အားထုတ်မှုအများအပြားလိုအပ်ပါတယ်၊ ပြီးတော့ ချုပ်တီးနိုင်မှု နဲ့ ကြိုတင်စီစဥ်မှုတို့လည်း လိုအပ်ပါတယ်။
    အမျိုးသမီးအတွင်းကွန်ဒုံးများ

    Non-hormonal

    အတွင်းကွန်ဒုံးဆိုတာဟာ ကိုယ်ဝန် နဲ့ STI ကူးစက်ခြင်းမှကာကွယ်ရန်အတွက် မအင်္ဂါအတွင်းတွင် ထည့်သွင်းရသည့် အစွပ်ဖြစ်ပါတယ်။
  • ၎င်းဟာ ၉၅% ထိရောက်ပါတယ်။
    • ၎င်းဟာ ကိုယ်ဝန် နဲ့ STI များမှ နှစ်ထပ်ကာကွယ်မှုပေးပါတယ်။​
    • ၎င်းဟာ ရာဘာစေးဓာတ်မတည့်သူများအတွက် ကောင်းမွန်သော ရွေးချယ်စရာဖြစ်ပါတယ်။
    • ၎င်းမှာ သိုလှောင်နိုင်သည့် သက်တမ်း ငါးနှစ်အထိရှိပြီး အထူးသိုလှောင်မှုအခြေအနေများ မလိုအပ်ပါ။​
    • သင်ဟာ ဒါကို ရယူရန် ဆေးဝါးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု သို့မဟုတ် ဆရာဝန်ဆေးစာမလိုအပ်ပါ။
    • လိင်မဆက်ဆံခင်အတွင်း အသုံးပြုရန် အမြဲမှတ်မိဖို့လိုတဲ့အတွက် ၎င်းဟာ အားထုတ်မှုအများအပြားလိုပါတယ်။
    • ၎င်းဟာ ချော်ထွက်တာ၊ ကွဲတာ ဒါမှမဟုတ် အပြင်ထွက်လာတာမျိုး ဖြစ်နိုင်ပြီး သုံးစွဲသူကို ကိုယ်ဝန်ဆောင်ခြင်း နဲ့ STI ကူးစက်ခြင်းအန္တရာယ်များတွေ့စေနိုင်ပါတယ်။
    • ပြင်ပကွန်ဒုံးနှင့် ယှဥ်ပါက ၎င်းကို ဝယ်ယူရန် ခက်ခဲပြီး ပုံမှန်အားဖြင့် စျေးပိုကြီးပါတယ်။

    Our Monthly Top Articles