ကြေးနီ IUD ကို ဘယ်မှာရယူရမလဲ?

ကြေးနီ IUD ကို ဘယ်မှာရယူရမလဲ?
ကြေးနီ IUD ကို ဘယ်မှာရယူရမလဲ?

ဟော်မုန်းမပါဝင်သော သို့မဟုတ် ကြေးနီ IUD များဟာ ကမ္ဘာတဝှမ်းနိုင်ငံများစွာမှာ အလွယ်တကူရရှိနိုင်ပါတယ်။ သို့သော်လည်း နိုင်ငံတခုနှင့် တခုအလိုက် အချို့ အမျိုးအစားများ နှင့် အမှတ်တံဆိပ်များ ရရှိနိုင်မှု ကွာခြားနိုင်ပါတယ်။ သင့်ဒေသတွင်း ကျန်းမာရေးစင်တာမှာ ကြေးနီ IUD များအကြောင်း စုံစမ်းပါ သို့မဟုတ် ကျွန်ုပ်တို့၏ နိုင်ငံအလိုက်သန္ဓေတားခြင်းများ စာမျက်နှာကို ဝင်ရောက်ပြီး သင့်နိုင်ငံရှိ ရွေးချယ်စရာများ အကြောင်း ပိုမိုလေ့လာလိုက်ပါ။ သင်ဟာ ကျွန်ုပ်အနီးအနားရှိ သန္ဓေတားဝန်ဆောင်မှုများ စာမျက်နှာကို ဝင်ရောက်ပြီး IUD ထည့်သွင်းခြင်း နှင့် ဖယ်ရှင်းခြင်း ကျန်းမာရေးစင်တာကိုလည်း ရှာဖွေနိုင်ပါတယ်။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

သန္ဓေတားရေမြှုပ်

Non-hormonal

ဒါဘာလဲ။
သန္ဓေတားရေမြှုပ်ဟာ ကိုယ်ဝန်ကာကွယ်ရန်အတွက် မအင်္ဂါထဲသို့ ရေစွတ်ပြီး ထည့်သွင်းရသည့် အဖြူရောင် ပလတ်စတစ်အမြှုပ်တစ်ခုဖြစ်ပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၈၀-၉၁% ထိရောက်ပါတယ်။​
  • အားသာချက်များ
    • ၎င်းတွင် ဟော်မုန်းများမပါဝင်ပါဘူး။
    • သင်ဟာ ဆရာဝန်ဆေးစာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးမှုမလိုအပ်ပါဘူး။​
    • ၎င်းကို လိင်မဆက်ဆံခင် နာရီအနည်းငယ်အလိုမှာ ထည့်သွင်းနိုင်တာကြောင့် ရုတ်ချည်းဖြစ်မှုကို အခွင့်ပေးပါတယ်။
    • ကိုယ်ဝန်ရရှိနိုင်မှု ပြန်ရောက်တာ မနှောင့်နှေးပါဘူး။ ဒါကို ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်ပါပြီ။
    အားနည်းချက်များ
    • ၎င်းဟာ ရေတိုကာကွယ်ပေးမှု (၂၄ နာရီ) နဲ့အတူ ထိရောက်မှုအနည်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။
    • ၎င်းဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ STI များမှ မကာကွယ်ပေးပါဘူး။
    Diaphragm သန္ဓေတားနည်းလမ်း

    Non-hormonal

    Diaphragm ဆိုတာ ကိုယ်ဝန်ကာကွယ်ရန် လိင်မဆက်ဆံခင် သားအိမ်ခေါင်းအပေါ်သို့ ထည့်သွင်းရတဲ့ အခုံးပုံစံ နူးညံ့ပျော့ပျောင်းတဲ့ခွက်ဖြစ်ပါတယ်။
  • ၎င်းဟာ ၈၄% ထိရောက်ပါတယ်။​
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။​
    • ၎င်းဟာ လိင်ပိုင်းဆိုင်ရာ ရုတ်ချည်းဖြစ်မှုကို အခွင့်အရေးပေးပါတယ်။​၎င်းကို လိင်မဆက်ဆံခင် နာရီအနည်းငယ်မှာ ထည့်သွင်းထားနိုင်ပြီး ၂၄ နာရီအထိ ထည့်ထားနိုင်ပါတယ်။
    • သင့်ရဲ့ လက်တွဲဖော်ဟာ ဒါကို ခံစားမိမှာမဟုတ်ပါဘူး။
    • ၎င်းကို ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်ဆောင်နိုင်မှု ပြန်လည်ရရှိမှာပါ။​
    • သင်ဟာ ဆီလီကွန် ဒါမှမဟုတ် သုက်သတ်ဆေးနဲ့ ဓာတ်မတည့်ဘူးဆိုရင် ၎င်းဟာ ကောင်းမွန်တဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။​
    • ၎င်းဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ၊ မအင်္ဂါဘက်တီးရီးယားပိုးဝင်ခြင်း ဒါမှမဟုတ် မအင်္ဂါ်မှိုဝင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ များပြားတဲ့အားထုတ်မှုလိုအပ်ပါတယ်။ ၎င်းဟာ ချုပ်တီးနိုင်စွမ်း နဲ့ အစီအစဥ်ရေးဆွဲမှုလည်း လိုပါတယ်။
    သုက်သတ်ဆေး

    Non-hormonal

    သုက်သတ်ဆေးဆိုတာဟာ သုက်ကောင်များ မျိုးဥနဲ့ထိတွေ့ပြီး သန္ဓေမတည်ခင် သုက်ကောင်ကို သတ်ပေးခြင်းဖြင့် ကိုယ်ဝန်ကို တားဆီးပေးသည့် ဓာတုပစ္စည်း သို့မဟုတ် ဆေးဖြစ်ပါတယ်။
  • ၎င်းဟာ ၈၄% ထိရောက်ပါတယ်။
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။​
    • သင်ဟာ ဒါကို ရယူဖို့ ဆရာဝန်ဆေးစာ ဒါမှမဟုတ် တိုင်ပင်ဆွေးနွေးမှု မလိုပါဘူး။​
    • ၎င်းဟာ သုံးစွဲရလွယ်ပါတယ်။​
    • ၎င်းကို သီးသန့်သုံးတဲ့အခါ သိပ်မထိရောက်ပါဘူး၊ အခြားအကာအကွယ်နည်းလမ်းများနဲ့ တွဲသုံးရင် ထိရောက်မှုပိုကောင်းပါတယ်။
    • ၎င်းကို နေရာတိုင်းမှာမရနိုင်ပါဘူး။
    • ၎င်းဟာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။
    • ၎င်းဟာ လိင်မှတဆင့်ကူးစက်သည့် STI များမှ​မကာကွယ်ပေးပါဘူး။​
    သားအိမ်ခေါင်းအစွပ်

    Non-hormonal

    သားအိမ်ခေါင်းအစွပ်ဟာ သားအိမ်အတွင်းသို့ သုက်ကောင်များဝင်ရောက်ခြင်းမှ ပိတ်ဆို့ရန် မအင်္ဂါအတွင်း ထည့်သွင်းရသည့် ရာဘာစေး သို့မဟုတ် ပလတ်စတစ်ရာဘာအစွပ်ဖြစ်ပါတယ်။​
  • ၎င်းဟာ ၇၄-၉၁% ထိရောက်ပါတယ်။​
    • ၎င်းမှာ ဟော်မုန်းမပါဝင်ပါဘူး။
    • ၎င်းဟာ ရံဖန်ရံခါလိင်ဆက်ဆံတတ်ပြီးတော့ ပုံမှန် သန္ဓေတားနည်းလမ်းမသုံးချင်သူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
    • ၎င်းဟာ အမျိုးသမီးထိန်းချုပ်နိုင်ပြီး လိင်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုကို ခွင့်ပြုပါတယ်။
    • ၎င်းကို ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းမှာ အလွယ်တကူမရရှိနိုင်ပဲ စျေးကြီးနိုင်ပါတယ်။
    • ၎င်းဟာ မအင်္ဂါရောင်ရမ်းခြင်း နဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ (UTIs) ဖြစ်စေနိုင်ပါတယ်။
    • သင်ဟာ အစွပ် ဒါမှမဟုတ် သုက်သတ်ဆေးပြုလုပ်ရန် အသုံးပြုတဲ့ အရာဝတ္ထုနဲ့ ဓာတ်မတည့်ပါက ဒါက ကောင်းမွန်တဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။
    • ဒါက အားထုတ်မှုအများအပြားလိုအပ်ပါတယ်၊ ပြီးတော့ ချုပ်တီးနိုင်မှု နဲ့ ကြိုတင်စီစဥ်မှုတို့လည်း လိုအပ်ပါတယ်။
    အမျိုးသမီးအတွင်းကွန်ဒုံးများ

    Non-hormonal

    အတွင်းကွန်ဒုံးဆိုတာဟာ ကိုယ်ဝန် နဲ့ STI ကူးစက်ခြင်းမှကာကွယ်ရန်အတွက် မအင်္ဂါအတွင်းတွင် ထည့်သွင်းရသည့် အစွပ်ဖြစ်ပါတယ်။
  • ၎င်းဟာ ၉၅% ထိရောက်ပါတယ်။
    • ၎င်းဟာ ကိုယ်ဝန် နဲ့ STI များမှ နှစ်ထပ်ကာကွယ်မှုပေးပါတယ်။​
    • ၎င်းဟာ ရာဘာစေးဓာတ်မတည့်သူများအတွက် ကောင်းမွန်သော ရွေးချယ်စရာဖြစ်ပါတယ်။
    • ၎င်းမှာ သိုလှောင်နိုင်သည့် သက်တမ်း ငါးနှစ်အထိရှိပြီး အထူးသိုလှောင်မှုအခြေအနေများ မလိုအပ်ပါ။​
    • သင်ဟာ ဒါကို ရယူရန် ဆေးဝါးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု သို့မဟုတ် ဆရာဝန်ဆေးစာမလိုအပ်ပါ။
    • လိင်မဆက်ဆံခင်အတွင်း အသုံးပြုရန် အမြဲမှတ်မိဖို့လိုတဲ့အတွက် ၎င်းဟာ အားထုတ်မှုအများအပြားလိုပါတယ်။
    • ၎င်းဟာ ချော်ထွက်တာ၊ ကွဲတာ ဒါမှမဟုတ် အပြင်ထွက်လာတာမျိုး ဖြစ်နိုင်ပြီး သုံးစွဲသူကို ကိုယ်ဝန်ဆောင်ခြင်း နဲ့ STI ကူးစက်ခြင်းအန္တရာယ်များတွေ့စေနိုင်ပါတယ်။
    • ပြင်ပကွန်ဒုံးနှင့် ယှဥ်ပါက ၎င်းကို ဝယ်ယူရန် ခက်ခဲပြီး ပုံမှန်အားဖြင့် စျေးပိုကြီးပါတယ်။

    Our Monthly Top Articles