ဟော်မုန်းမပါဝင်သည့် IUD

ဟော်မုန်းမပါဝင်သည့် IUD
ဟော်မုန်းမပါဝင်သည့် IUD

ဟော်မုန်းမပါဝင်သည့် IUD ဆိုတာဘာလဲ?

ကြေးနီ IUD ဟုလည်းခေါ်ဆိုကြသည့် ဟော်မုန်းမပါဝင်သည့် IUD သည် အင်္ဂလိပ်စာလုံး T ပုံစံ ဒီဇိုင်းရှိသော ပလတ်စတစ် နှင့် ကြေးနီတို့ဖြင့်ပြုလုပ်ထားသည့် ကြာရှည်ခံ သန္ဓေတားပစ္စည်းဖြစ်သည်။ ကြေးနီ IUD ကို အမျိုးသမီးလိင်အင်္ဂါ နှင့် သားအိမ်ခေါင်းတို့မှ တဆင့် သားအိမ်အတွင်းသို့ ထည့်သွင်းသည်။ မအင်္ဂါမှ တဆင့် လွယ်ကူစွာ ပြန်လည်ထုတ်ယူနိုင်ရန် ၎င်းတွင် သားအိမ်ခေါင်းအပြင်ဖက်ထွက်သော ကြိုးများရှိသည်။

ဟော်မုန်းမပါဝင််သည့် IUD ဟာ ဘယ်လိုအလုပ်လုပ်သလဲ?

ဟော်မုန်းမပါဝင်သည့် IUD များဟာ သားအိမ်ရဲ့ ဓာတုပတ်ဝန်းကျင်ကို အနည်းငယ်ပြောင်းလဲပေးကာ သုက်ကောင်နှင့်ဥကို ၎င်းတို့ မတွေ့ဆုံခင် ဖျက်ဆီးပါတယ်။ အမျိုးအစားအပေါ် မူတည်ပြီး၊ ကြေးနီ IUDများဟာ ၃-၁၂ အထိ သန္ဓေတားမှုလုပ်ဆောင်ပေးနိုင်ပါတယ်။ သုတေသနများအရ ကြေးနီ IUD (T380A) ဟာ ၁၀ နှစ်အထိ ထိရောက်ပြီး၊ ၁၂ နှစ်အထိ အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်လိုသူများအနေနဲ့လည်း IUD ထုတ်ယူပြီးတာနဲ့ ဆောင်နိုင်မှာဖြစ်ပါတယ် [1]။
ကိုယ်ဝန်မရှိပါက၊ ဟော်မုန်းမပါဝင်သော IUD ကို မည်သည့်အချိန်တွင် မဆိုထည့်သွင်းနိုင်ပါတယ်၊ ကိုယ်ဝန်ဖျက်ချပြီးချိန် သို့မဟုတ် မွေးဖွားပြီး ၄၈နာရီအတွင်း ထည့်သွင်းနိုင်ပါတယ်။ ဗိုက်ခွဲမွေးရပါက၊ IUD ကို သားအိမ်ပြန်မပိတ်ခင် ထည့်သွင်းနိုင်ပါတယ် [2]။

ဟော်မုန်းမပါဝင်သည့် IUD ဟာ ဘယ်လိုမျိုးရှိသလဲ?

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles