သန္ဓေတားလက်မောင်းထည့်ပစ္စည်းဆိုတာဘာလဲ?
ကိုယ်ဝန်ဆောင်ကာကွယ်သည့် ထည့်သွင်းမှုဟုလည်းခေါ်သည့် သန္ဓေတားလက််မောင်းထည့်ပစ္စည်းသည် လက်မောင်း အပေါ်ဖက်တွင် ထည့်သွင်းရသည့် သေးငယ်သော အချောင်းပုံသဏ္ဍာန်ရှိသည့် ရေရှည်၊ ပြန်လည်ပြောင်းလဲနိုင်သည့် ဟော်မုန်းသန္ဓေတားနည်းလမ်းဖြစ်သည်။
သန္ဓေတားလက််မောင်းထည့်ပစ္စည်းဟာ ဘယ်လောက်ကြီးပါသလဲ?
သန္ဓေတားလက်မောင်းထည့်ပစ္စည််းဟာ လက်မောင်းအပေါ်ဖက်၏ အရေပြားအောက် ထည့်သွင်းသော သေးငယ်ပြီးပျော့ပျောင်းသည့် ပလတ်စတစ်အချောင်းများ သို့မဟုတ် အတောင့်များ (မီးခြစ်ခံဘူးအရွယ်) ပုံစံလာကြပါတယ်။ အမျိုးသမီးတယောက်အနေဖြင့် ၎င်းကိုယ်တိုင် သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်း မလုပ်နိုင်ပါဘူး။ လက်မောင်းထည့်ပစ္စည်းကို ကျွမ်းကျင်ကျန်းမာရေးဝန်ဆောင်မှုပေးသူကသာ ထည့်သွင်း သို့မဟုတ် ထုတ်ယူနိုင်ပါတယ်။
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ဘယ်လိုအလုပ်လုပ်သလဲ?
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ အမျိုးသမီးခန္ဓာကိုယ်အတွင်းရှိ ပရိုဂျက်စရုန်းဟော်မုန်းနှင့်တူသည့် လူလုပ်ဟော်မုန်းများကို ထုတ်လွှတ်ပါတယ်။ လူလုပ်ဟော်မုန်းဟာ
- သားဥအိမ်များကို မျိုးဥများထုတ်လုပ်ခြင်းမှ ကာကွယ်ခြင်း
- သို့မဟုတ် သုက်များ ဥဆီရောက်ရှိခြင်းကာကွယ်ရန် သားအိမ်ခေါင်းအချွဲကို ထူထပ်စေခြင်းတို့ဖြင့် အလုပ်လုပ်ပါတယ်။
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ဘယ််လောက်ကြာကြာခံပါသလဲ?
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ကိုယ်ဝန်ဆောင်ခြင်းကို ငါးနှစ်အထိ ကာကွယ်ပေးနိုင်ပါတယ်၊ ပြီးတော့ မတူညီသော အမျိုးအစားများရှိပါတယ် –
၁။ Implanon သို့မဟုတ် Nexplanon ဟာ etonogestrel ပါဝင်သော အချောင်းတချောင်းဖြစ်ပါတယ်။ ၎င်းဟာ သုံးနှစ်အထိ ထိရောက်နိုင်ပါတယ်။ သို့သော်လည်း လေ့လာမှုများကတော့ ၎င်းဟာ ငါးနှစ်အထိ ခံနိုင်တယ်လို့ ပြသကြပါတယ် (X-ray ဖြင့်မြင်နိုင်ပါတယ်)။
၂။ Jadelle ဟာ levonorgestrel ပါဝင်သော အချောင်း နှစ်ချောင်းဖြစ်ပါတယ်။ ၎င်းဟာ ငါးနှစ်အထိ ထိရောက်နိုင်ပါတယ်။
၃။ Levoplant – Sino-implant ဟုလည်း လူသိများသော – ဟာ levonorgestrel ပါဝင်သည့်အချောင်းနှစ်ချောင်း ပုံစံဖြင့်လာပါတယ်။ ၎င်းဟာ သုံးနှစ်အထိ ထိရောက်ပါတယ် [2]။
သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ဘယ်လောက်ထိရောက်သလဲ?
၎င်းဟာ ကိုယ်ဝန်ဆောင်မှုမှ ၉၉ % ကာကွယ်မှုပေးပြီး သားအိမ်ပြင်ပ သန္ဓေတည်ခြင်းကဲ့သို့ အခြားသက်ဆိုင်ရာ အန္တရာယ်များကိုလည်း ကာကွယ်ပေးပါတယ်။ အချို့သော ဆေးဝါးများကတော့ လက်မောင်းထည့်ပစ္စည်းရဲ့ ထိရောက်မှုကို လျော့ကျစေနိုင်ပါတယ်။ သင့်အနေနဲ့ သန္ဓေတားလက်မောင်းထည့်ပစ္စည်းကို စဥ်းစားနေတယ်ဆိုရင်၊ သင်သောက်သုံးနေရတဲ့ မည်သည့်ဆေးဝါးကိုမဆို သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူကို ပြောပြပေးပါ။