ငါ့ကို လိင်ဆက်ဆံဖို့ သွေးဆောင်လာရင် ဘာလုပ်မလဲ ?

တစ်စုံတစ်ဦးကိုဆွဲဆောင်တာဟာ သဘာဝပါ။ ‌‌ရှောင်ချိန်ပြီးနောက် လိင်ဆက်ဆံဖို့စဥ်းစားတဲ့အခါမှာ စောင့်ဆိုင်းရတဲ့အကြောင်းရင်းတွေကို အချိန်ယူစဉ်းစား ဖို့အရေးကြီးပါတယ်။
အခုလိင်မဆက်ဆံသေးဘူးလို့ဆုံးဖြတ်ရင် ဘာလို့ဆက်ဆံလို့မဖြစ်သေးဘူးဆိုတာ သင့်အဖော်ကို ပြောပြသင့်ပါတယ်။ သင့်အဖော်နဲ့ ဘာလုပ်ဖို့ အဆင်ပြေတယ်ဆိုတာကိုပါ ပြောပြနိုင်ပါတယ်။
လိင်ဆက်ဆံတော့မယ်လို့ဆုံးဖြတ်ရင် သင်နဲ့သင့်လျော်မည့် သန္ဓေတားနည်းလမ်းကို စတင် ကြည့်ထားသင့်ပါတယ်။ ဒါကို လိင်မဆက်မံခင် လုပ်ဖို့ သေချာပါစေ။
ဘယ်နည်းနဲ့မဆို သင်ဟာ အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး နဲ့ အရေးပေါ်သန္ဓေတားခြင်းများကို လိုရမယ်ရလက်ကိုင်ထားချင်ပါမယ်။
အလုပ်မဖြစ်သေးဘူးလား။ “အခုမရသေးဘူး”ဟာ သင့်အတွက် အလုပ်မဖြစ်တော့ရင် လိင်မဆက်ဆံခင် စိတ်ချရတဲ့နည်းလမ်းတစ်ခုခုကို စိတ်ထဲ (လက်ထဲမှာပါ) ရှိထားသင့်ပါတယ်။ IUD (သို့) implant လို ရေရှည်ခံပြီး အရင်တိုင်းပြန်ရတဲ့နည်းလမ်း၊ ဒါမှမဟုတ် ဒါကိုသိပ်မလိုက်နာနိုင်သေးရင် အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး နဲ့ ဟိုမုန်းပါတဲ့နည်းလမ်းတစ်ခုခုနဲ့ စတင်နိုင်ပါတယ်။ နောက်ပြီး ကွန်ဒုံးများက လိင်မှတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်ပေးတာကို မမေ့ပါနဲ့
အခြားနည်းလမ်းသုံးမယ်- အမျိုးသမီးသုံးကွန်ဒုံး၊; implant; IUD; ၊ အမျိုးသားသုံးကွန်ဒုံး; ထိုးဆေး.


References:

  1. World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1