အမျိုးသမီးအတွင်းကွန်ဒုံးများ

အမျိုးသမီးအတွင်းကွန်ဒုံးများ
အမျိုးသမီးအတွင်းကွန်ဒုံးများ

အမျိုးသမီးအတွင်းကွန်ဒုံးဆိုတာဘာလဲ?

အမျိုးသမီးကွန်ဒုံးများဟုလည်းသိကြသည့် အမျိုးသမီးအတွင်းကွန်ဒုံးများဟာ သန္ဓေတားရန် (မအင်္ဂါဖြင့်လိင်ဆက်ဆံမှုအတွက်)နှင့် လိင်မှကူးစက်သည့်ရောဂါပိုးများ (STI) တားဆီးရန် မအင်္ဂါ သို့မဟုတ် စအိုအတွင်းသို့ ထည့်သွင်းရသော အိတ်များ သို့မဟုတ် အစွပ်များဖြစ်ပါတယ်။ ၎င်းတို့အား ပါးလွှာပြီးဖောက်ထွင်းမြင်ရသော ပလတ်စတစ်အသားနှင့် ပြုလုပ်ထားပြီး မအင်္ဂါအတွင်းမှာ ခပ်လျော့လျော့ဆန့်ပါတယ်။

၎င်းတို့ရဲ့ အဝနှစ်ဖက်စလုံးမှာ ပျော့ပျောင်းသောအကွင်းများရှိပါတယ်။ အပိတ်ဖက်က အကွင်းကိုတော့ ကွန်ဒုံးကို ထည့်သွင်းရန်အသုံးပြုပြီး အဝဖက်က အကွင်းကိုတော့ မအင်္ဂါ သို့မဟုတ် စအိုအပြင်မှ ကွန်ဒုံးအပေါ်ပိုင်းကိုကိုင်ထားရန်အသုံးပြုပါတယ်။​

အမျိုးသမီးကွန်ဒုံးကို nitrile၊ ရာဘာစေး သို့မဟုတ် polyurethane စသည့် ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်နိုင်ပါတယ်။

အမျိုးသမီးအတွင်းကွန်ဒုံးများက ဘယ်လိုအလုပ်လုပ်ပါသလဲ?

၎င််းတို့ဟာ ပြင်ပအမျိုးသားကွန်ဒုံးများကဲ့သို့ အတူတူပဲ အလုပ်လုပ်ပါတယ်။ သို့သော်လည်း ၎င်းတို့ကို လိင်တံအစား မအင်္ဂါ သို့မဟုတ် စအိုအတွင်းမှာ စွပ်ပေးရတာဖြစ်ပါတယ်။ ၎င်းတို့ဟာ ကွန်ဒုံးအတွင်းမှာ သုက်ကောင်များကို ထားရှိပေးပြီး မအင်္ဂါ သို့မဟုတ် စအိုအတွင်းသို့ မဝင်စေပါဘူး။ ၎င်းတို့ဟာ လိင်တံ၊ မအင်္ဂါ သို့မဟုတ် စအိုတို့မှ ရောဂါပိုးများ သို့မဟုတ် လိင်အရည်များကို လက်တွဲဖော်ဆီ မဝင်စေပါဘူး (၁)။

အမျိုးသမီးအတွင်းကွန်ဒုံးများ၏ ထိရောက်မှု

အမျိုးသမီးအတွင်းကွန်ဒုံးများရဲ့ ထိရောက်မှုဟာ သုံးစွဲမှုအပေါ်မူတည်ပါတယ်။ လိင်ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံးများကို အသုံးမပြုပါက ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် လိင်မှ တဆင့်ရောဂါကူးစက်ခံရခြင်း ဖြစ်နိုင်ချေများပါတယ်။ ဤကွန်ဒုံးအသုံးပြုစဥ်အတွင်း ကိုယ်ဝန်ရနိုင်သည့်အခြေအနေများမှာ မှန်ကန်စွာ အသုံးမပြုခြင်း၊ ကွန်ဒုံးကွဲခြင်း သို့မဟုတ် ချော်ထွက်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ပုံမှန်သုံးကြသလိုမျိုးသုံးလျှင်အမျိုးသမီးအတွင်းကွန်ဒုံးအသုံးပြုပြီး သန္ဓေတားသည့် အမျိုးသမီး ၁၀၀ တွင် ၂၁ ယောက်ဟာ အသုံးပြုသည့် ပထမနှစ်အတွင်းတွင် ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ ဤ ပမာဏသည် ပုံမှန်အသုံးပြုပါက ၇၉% ထိရောက်မှုရှိသည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။ ပြီးပြည့်စုံသည့်သုံးစွဲမှုရှိပါက အမျိုးသမီးအတွင်းကွန်ဒုံးအသုံးပြုပြီး သန္ဓေတားသည့် အမျိုးသမီး ၁၀၀ တွင် ၅ ယောက်သာ ကိုယ်ဝန်ရနိုင်ပါတယ်။ ဤပမာဏဟာ ၉၅% ထိရောက်မှုရှိသည်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။ အမျိုးသမီးအတွင်းကွန်ဒုံးများဟာ HIV အပါအဝင် STI များကူးစက်ခံရနိုင်သည့်အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ် (၂)။

အမျိုးသမီးအတွင်းကွန်ဒုံးဟာ ဘယ်လိုပုံစံမျိုးလဲ?

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles