အမျိုးသမီးအတွင်းကွန်ဒုံးကျန်းမာရေးအကျိုးကျေးဇူးများ
– ထိရောက်မှု။ အမျိုးသမီးအတွင်းကွန်ဒုံးဟာ သုက်သတ်ဆေးနှင့် တွဲဖက်သုံးစွဲပါက ပိုပြီး ထိရောက်ပါတယ်။ ကောင်းမွန်စွာ သုံးစွဲပါက၊ ၎င်းကို သုံးစွဲသူ ၁၀၀ မှာ ၉၅ ယောက်ဟာ ကိုယ်ဝန်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
– STI ကာကွယ်ပေးမှု။ အမျိုးသမီးအတွင်းကွန်ဒုံးများဟာ HIV အပါအဝင် STI အများစုမှ ကာကွယ်ပေးမှာဖြစ်ပါတယ်။
– ဓာတ်မတည့်မှုမဖြစ်စေခြင်း။ ၎င်းတို့ဟာ ရာဘာစေးဓာတ်မတည့်သူများအတွက် ကောင်းပါတယ်။ ပြင်ပအမျိုးသားကွန်ဒုံးများကဲ့သို့မဟုတ်ပဲ၊ အမျိုးသီးအတွင်းကွန်ဒုံးများကို ပလတ်စတစ် သို့မဟုတ် လူလုပ်ရာဘာနှင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ သင့်အနေနဲ့ ရာဘာစေးနှင့် ဓာတ်မတည့်ရင်တောင်မှ ၎င်းတို့ကို အသုံးပြုနိုင်ပါတယ်။
အမျိုးသမီးအတွင်းကွန်ဒုံးလူမှုဘဝအကျိုးကျေးဇူးများ
– ကွန်ဒုံးဝတ်ဆင်ခြင်းဟာ ထိုးသွင်းဆက်ဆံမှုမပြုမှီ လိင်တက်ကြွမှု နဲ့ ဆန္ဒတို့ကို မြှင့်တင်ပေးနိုင်ပါတယ်။ လိင်ကိစ္စအကြောင်း သင့်လက်တွဲဖော်နှင့် ပြောဆိုရန် သက်တောင့်သက်သာဖြစ်ပါက၊ သင့်တို့ရဲ့ လိင်မှုရေးရာခံစားမှုကို တိုးမြှင့်နိုင်ရန် ကွန်ဒုံးကို မည်ကဲ့သို့ အသုံးပြုမလဲဆိုတာ ဆွေးနွေးပါ။
– ပြင်ပအကွင်းဟာ မအင်္ဂါအစေ့ကို လှုံ့ဆော်ပေးနိုင်ပြီး အမျိုးသမီးများအတွက် လိင်ကျေနပ်မှုပိုမိုခံစားရစေနိုင်ပါတယ်။
– ၎င်းဟာ အမျိုးသမီးနဲ့ အခြားသုံးစွဲသူများကို လိင်ဆက်ဆံရာမှာပိုပြီးတော့ ထိန်းချုပ်မှု ရှိစေပါတယ်။ သင့်လက်တွဲဖော်မှ ပြင်ပအမျိုးသားကွန်ဒုံးမစွပ်သော်လည်း၊ သင့်အနေနဲ့ STI များမှ ကာကွယ်မှုလိုချင်ပါက၊ အမျိုးသမီးအတွင်းကွန်ဒုံးဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။
– ၎င််းမှာ နူးညံ့ပြီး အိတဲ့ အသားရှိပြီး လိင်ဆက်ဆံနေစဥ်အတွင်းမှာ ရာဘာစေးပြင်ပကွန်ဒုံးများသုံးစွဲခြင်းပိုပြီး သဘာဝကျတဲ့ ခံစားမှုရစေပါတယ်။
– ဆရာဝန်ညွှန်ကြားမှုမလိုအပ်ပါဘူး၊ ဒါ့အပြင် သင့်အနေနဲ့ အမျိုးသမီးအတွင်းကွန်ဒုံးဝယ်ယူရန်အတွက် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးစရာမလိုအပ်ပါဘူး။
– ၎င်းကို ဆီ နှင့် ရေအခြေခံချောဆီ နှစ်မျိုးစလုံးနှင့် သုံးစွဲနိုင်ပါတယ်။
– အမျိုးသားမှ လိင်တံထောင်မတ်မှုလျော့ကျသွားသည့်တိုင် ၎င်းဟာ နေရာတကျရှိနေမှာဖြစ်ပါတယ်။
– ၎င်းဟာ ငါးနှစ်အထိ သက်တမ်းရှိပါတယ်။
– ၎င်းဟာ မည်သည့်အထူးထိန်းသိမ်းရေးအခြေအနေများမှ မလိုအပ်ပါဘူး။ ၎င်းတို့ကို စိုစွတ်သောအခြေအနေများမှာ မပျက်ဆီးနိုင်တဲ့ polyurethane နဲ့ပြုလုပ်ထားတာကြောင့်ဖြစ်ပါတယ် (၄)။