ကွန်ဒုံးအား လိင်မဆက်ဆံခင် ရှစ်နာရီအထိ ကြိုတင်၍ ထည့်သွင်းထားနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်ဟာ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာလုံခြုံမှုအပေါ် ထိန်းချုပ်မှုပေးနိုင်ပြီး ကိုယ်ဝန်ဆောင်ရခြင်းအတွက် စိတ်ပူစရာမလိုပဲ လိင်ဆက်ဆံမှုကို ခံစားစေနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ ကွန်ဒုံးဘူးရဲ့ သက်တမ်းကုန်ရက်ကို စစ်ဆေးပြီး အပြဲများ သို့မဟုတ် အပေါက်များရှိ၊မရှိကြည့်ရပါမယ်။ သက်တမ်းကုန်နေသော သို့မဟုတ် ပြဲနေသော ကွန်ဒုံးများဟာ ကိုယ်ဝန်ဆောင်ရခြင်း နှင့် STI ကူးစက်ခံရခြင်း အန္တရာယ်များကို မြင့်တက်စေပါတယ်။
ကွန်ဒုံးကို ဘယ်လိုစွပ်ရမလဲ
– သင့်လက်များကို ရေ၊ ဆပ်ပြာတို့နှင့် စင်ကြယ်စွာဆေးပါ။ လေဖြင့်အခြောက်ခံပါ။
– ကွန်ဒုံးကို ထုပ်ပိုးထားသည်များထဲမှာ ဂရုစိုက်စွာ ထုတ်ယူပါ။
– ကွန်ဒုံး၏ အဆုံးဖက်အပြင်ပိုင်းတွင် ချောဆီ နှင့် သုက်သတ်ဆေး (နှစ်သက်ပါက) အချို့ကို သုတ်လိမ်းပါ။ ချောဆီဟာ ကွန်ဒုံးပြဲခြင်းမှ ကာကွယ်ပေးမှာဖြစ်ပြီး သုက်သတ်ဆေးဟာ ဒီနည်းလမ်းရဲ့ ထိရောက်မှုကို မြင့်တက်စေမှာပါ (အထူးသဖြင့် ကွန်ဒုံးပြဲခြင်း သို့မဟုတ် ချော်ထွက်ခြင်း အခြေအနေများတွင်)။
– ထိုင်နေသည်ဖြစ်စေ သို့မဟုတ် မတ်တပ်ရပ်နေသည်ဖြစ်စေ၊ ခြေထောက်များကို ကားထားပါ။ ပိတ်ထားသည့် အကွင်းများရဲ့ ဘေးဖက်နှစ်ဖက်ကို အတူတကွညှစ်ပြီး tampon ကဲ့သို့ ထည့်သွင်းပါ။
– အကွင်းကို သင့်မအင်္ဂါအတွင်း လက်လှမ်းမှီသည်အထိ အဝေးဆုံးထည့်သွင်းပါ။ သင့်ရဲ့ သားအိမ်ခေါင်းအဝ အထိ ထိုးထည့်ပါ။ ကွန်ဒုံးဟာ အလိုအလျောက်ကျယ်လာမှာဖြစ်ပြီး သင်ဟာ ခံစားမိမှာမဟုတ်ပါဘူး။
– ကွန်ဒုံး မလိမ်စေရန် သတိထားပါ။ အပြင်ပိုင်းအကွင်းကို သင့်မအင်္ဂါပြင်ပမှာ တစ်လက်မလောက်ထွက်နေပါစေ (အနည်းငယ်ကြည့်ရတာတမျိုးဖြစ်နေပါလိမ့်မယ်)။
– သင့်လက််တွဲဖော်ရဲ့ ထောင်မတ်နေတဲ့ လိင်တံကို ကွန်ဒုံးအဝအတွင်းသို့ ကူညီထည့်ပေးပါ။ အကယ်၍ လိင်တံဟာ ကွန်ဒုံးနဲ့ မအင်္ဂါနံရံအကြားချော်ထွက်နေတာ သို့မဟုတ် ပြင်ပအကွင်းဟာ မအင်္ဂါအတွင်းဝင်သွားတာ ခံစားမိပါက၊ လိင်ဆက်ဆံမှုကို ရပ်တန့်ပြီး ပြန်လည်ပြင်ဆင်ပါ သို့မဟုတ် ကွန်ဒုံးလဲလှယ်ပါ။
– လိင်ဆက်ဆံနေစဥ်အတွင်း ကွန်ဒုံးဟာ တဖက်မှ တဖက် လှိမ့်နေပါက မစိုးရိမ်ပါနှင့်။ အကယ်၍လိင်တံဟာ ကွန်ဒုံးမှ ချော်ထွက်ပြီး မအင်္ဂါအတွင်း သို့မဟုတ် စအိုအတွင်းဝင်ပါက၊ ကွန်ဒုံးကို ညင်သာစွာဖယ်ရှားပြီး ပြန်ထည့်ပါ။ သင့်လက်တွဲဖော်ဟာ ကွန်ဒုံးပြင်ပ၊ သင့်မအင်္ဂါအတွင်း မတော်တဆ သုက်လွှတ်မိပါက၊ သင်ဟာ ကိုယ်ဝန်ဆောင်ရခြင်းကို ရှောင်ရှားနိုင်ရန် အရေးပေါ် သန္ဓေတားဆေးသောက်ခြင်းကို စဥ်းစားသင့်ပါတယ်။
– သင်ဟာ စအိုဖြင့် လိင်ဆက်ဆံခြင်းအတွက် အမျိုးသမီးအတွင်းကွန်ဒုံးကို အသုံးပြုပါက၊ တူညီသော လုပ်ငန်းစဥ်ကို လိုက်နာပေးပါ။
– အမျိုးသမီးအတွင်းကွန်ဒုံးကို ပြင်ပအမျိုးသားကွန်ဒုံးနှင့် အတူတူ မသုံးစွဲပါနှင့်။ တူညီသော ကွန်ဒုံးအမျိုးအစားနှစ်ခု အတူတကွသုံးစွဲခြင်းဟာ သင့်ရဲ့ ကာကွယ်မှုကို နှစ်ဆမဖြစ်စေပါဘူး။ ၎င်းဟာ ကွန်ဒုံးနှစ်ခုစလုံးကို ပိုပြီးပြဲစေပါတယ်။
– အကယ်၍ ဒီနည်းလမ်းကို သင်ပိုမိုနှစ်သက်ပါက၊ လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံးသုံးစွဲပေးရန် မှတ်ထားပါ (၂)။
အမျိုးသမီးအတွင်းကွန်ဒုံးကို ဘယ်လိုဖယ်ရှားမလဲ
– အပြင်ဖက်အကွင်းကိုညှစ်ပြီး သုက်ရည်များမထွက်စေရန်အတွက် လိမ်လိုက်ပါ။
– ကွန်ဒုံးကို ညင်သာစွာ ဆွဲထုတ်ပါ။
– ကလေးများ လက်လှမ်းမမှီသည့်နေရာတွင် လွှင့်ပစ်ပါ။ အိမ်သာထဲတွင် ရေဆွဲမချပါနှင့် – ၎င်းဟာ သင့်ရဲ့ အိမ်သာလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။