သန္ဓေတားထိုးဆေး

သန္ဓေတားထိုးဆေး
သန္ဓေတားထိုးဆေး

သန္ဓေတားထိုးဆေးများဟာ ကိုယ်ဝန်ကို ဘယ်လိုကာကွယ်ပါသလဲ

ထိုးဆေး သို့မဟုတ် ကိုယ်ဝန်တားထိုးဆေးဟုသိကြသည့် သန္ဓေတားထိုးဆေးများသည် အမျိုးသမီးခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းများ၏ လူလုပ်ဗားရှင်းများပါဝင်သည့် အရည်ဖြစ်ပါတယ်။ ၎င်းကို ပုံမှန်အားဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ သန္ဓေတည်ခြင်းမှ ကာကွယ်ရန် ထိုးသွင်းကြပါတယ်။ တခါထိုးပြီးတာနဲ့၊ ဟော်မုန်းဟာ ခန္ဓာကိုယ်အတွင်းသို့ ဖြေးညှင်းစွာ ဝင်ရောက်ပါတယ်။ ထိုးဆေးများဟာ သားဥအိမ်များကို ဥများထုတ်လုပ်ခြင်းမှ ကာကွယ်ခြင်းဖြင့် အလုပ်လုပ်ပါတယ်။ ၎င်းဟာ သုက်ကောင်များ ဥထံဝင်ရောက်ခြင်းမှ ကာကွယ်ရန် သားအိမ်ခေါင်းအချွဲကို ထူထပ်စေပါတယ်။​

သန္ဓေတားထိုးဆေးအမျိုးအစားများ

လစဥ် သို့မဟုတ် စုပေါင်း ထိုးဆေးများ

စုပေါင်းထိုးဆေးသန္ဓေတားနည်းလမ်းဟုလည်းခေါ်ပါတယ်။ ၎င်းမှာ တလစာအတွက် သန္ဓေတားပေးနိုင်သည့် ဟော်မုန်းနှစ်ခု – ပရိုဂျက်စတင် နှင့် အက်စတိုဂျင် – တို့ပါဝင်ပါတယ်။

ပရိုဂျက်စတင်သီးသန့်ထိုးဆေး

ဒီထိုးဆေးမှာ အမျိုးသမီးခန္ဓာကိုယ်တွင် သဘာဝအတိုင်းတွေ့ရှိရသော ပရိုဂျက်စတင်ဟော်မုန်းနှင့် ဆင်တူသည့် လူလုပ်ဟော်မုန်း ပရိုဂျက်စတင်ပါဝင်ပါတယ်။ ၎င်းကို ကြွက်သားအတွင်း(intermuscular) သို့ တိုက်ရိုက်ထိုးသွင်းခြင်း သို့မဟုတ် အရေပြားအောက်(subcutaneous) တိုက်ရိုက်ထိုးသွင်းခြင်းလုပ်နိုင်ပါတယ်။ ပရိုဂျက်စတင်ထိုးဆေးအမျိုးအစား နှစ်မျိုး ရှိပါတယ် [2]။

NET-EN သို့မဟုတ် နှစ်လခံထိုးဆေး။

ဒီရေတိုထိုးဆေးဟာ ကိုယ်ဝန်ဆောင်ခြင်းမှ နှစ်လစာအတွက် ကာကွယ်ပေးပါတယ်။ ၎င်းကို သားကြောဖြတ်ထားပြီး ထိရောက်ရန်စောင့်နေသည့် အမျိုးသားများရှိသည့် အမျိုးသမီးများ၊ ဝက်သက်ကာကွယ်ဆေးထိုးထားပြီး ကာကွယ်မှုဖြစ်ပေါ်ရန် စောင့်နေသည့် အမျိုးသမီးများ သို့မဟုတ် အခြား ရေတို သို့မဟုတ် ရေရှည်ပြောင်းလဲနိုင်သည့် သန္ဓေတားနည်းလမ်းအသုံးပြုရန် တားဆီးသည့် အခြေအနေများရှိသည့်အမျိုးသမီးများမှ အသုံးပြုနိုင်ပါတယ်။ NET-EN သည် Norigest၊ Noristerat နှင့် Syngestal စသည့်အမည်များနှင့်လည်း ရရှိနိုင်ပါတယ်။​

DMPA သို့မဟုတ် သုံးလခံထိုးဆေး။

၎င်းဟာ သင့်ကို သုံးလစာအတွက် ကာကွယ်ပေးပါတယ်။ ရေတို သို့မဟုတ် ရေရှည်သုံးစွဲခြင်းအတွက် အကြံပြုထားပါတယ်။ ၎င်းကို ကြွက်သားများအတွင်း သို့မဟုတ် အရေပြားအောက်အတွင်းသို့ ထိုးသွင်းနိုင်ပါတယ်။

ကြွက်သားကြားထိုးသည့် သုံးလခံထိုးဆေးကို အများအားဖြင့် “ထိုးဆေး”၊ “ရှော့”၊ “လက်သီး”၊ “Depo Provera”၊​ “Depo” သို့မဟုတ် “Petogen” ဟု ခေါ်ဆိုကြပါတယ်။

အရေပြားအောက်ထိုးသည့် ဗားရှင်းကို ပုံစံနှစ်မျိုးဖြင့် ရရှိနိုင်ပါတယ် – Sayana Press အမှတ်တံဆိပ်အောက်တွင်ဖြန့်ချီသည့် Uniject ထိုးဆေးအဖြစ် နှင့် “Depo-SubQ Provera 104” အမည်ဖြင့် ဖြန့်ချီသည့် ကြိုတင်ဖြည့်ထားသော တခါထိုးစာ စွန့်ပစ်နိုင်သည့် ထိုးဆေး တို့ဖြစ်ပါတယ်။ Sayana Press ၏ Uniiject စနစ်တွင် အသုံးပြုရလွယ်ကူသော အလွန်သေးငယ်သည့် ထိုးဆေးအပ်ပါရှိပါတယ်။ သင့်နိုင်ငံအတွင်းရှိ ဥပဒေများအပေါ် အခြေခံပြီး သင်ဟာ Sayana press ထိုးဆေးကို ကျန်းမာရေးစင်တာတွင် ထိုးနှံခြင်း သို့မဟုတ် ကိုယ်တိုင်ထိုးခြင်း ပြုလုပ်နိုင်ပါတယ် [3]။ ကိုယ်တိုင်ထိုးသော ထိုးဆေးများအတွက် ပိုမိုလေ့လာနိုင်ရန်၊ injectsayanapress.org သို့ သွားရောက်ပါ။

သန္ဓေတားထိုးဆေးများကို မည်ကဲ့သို့ထိုးသလဲ?

ထိုးဆေးကို စတင်သုံးစွဲရန် သင်ဆုံးဖြတ်ပါက ပထမဆုံးအနေနှင့် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် လူမှုအသိုင်းအဝိုင်းကျန်းမာရေးအလုပ်သမားနှင့် သင့်ရဲ့ ထိုးဆေးသင့်လျော်မှုကို ဆွေးနွေးပါ။ ဒီနည်းလမ်းဟာ သင့်အတွက် သင့်လျော်မှုရှိ၊ မရှိ ဆုံးဖြတ်ရန် သင့်အား မေးခွန်းအချို့မေးသွားမှာဖြစ်ပါတယ်။ သင့်ထိုးဆေးမှ မျှော်လင့်နိုင်သော ကာကွယ်ပေးမည့် အချိန်ပမာဏအကြောင်း၊ သတိထားရမည့် ဘေးထွက်ဆိုးကျိုးများ နှင့် နောက်ထပ် ထိုးဆေးထိုးနှံရန် မည်သည့်အချိန်တွင် သွားရောက်ရမည်တို့ကို သင့်အား ပြောပြသွားမှာဖြစ်ပါတယ်။

ကြွက််သားကြားထိုးဆေးကို ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ ထိုးပေးပြီး အရေပြားအောက်ထိုးဆေးအား ကျန်းမာရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် သုံးစွဲသူကိုယ်တိုင် အိမ်တွင် ထိုးနှံနိုင်ပါတယ်။

သန္ဓေတားထိုးဆေးပထမဆုံးထိုးနှံမှုကို ဘယ်အချိန်မှာထိုးပါသလဲ?

  • သင့်ဓမ္မတာကာလ၏ ပထမရက် မှ ဆယ့်ငါးရက်မြောက်အတွင်း မည်သည့်ရက်မဆို အရန်သန္ဓေတားနည်းလမ်းမလိုအပ်ပဲ ထိုးနိုင်ပါတယ် (အဘယ့်ကြောင့်ဆိုသော် ကာကွယ်ခြင်းဟာ ချက်ချင်းလုပ်ဆောင်ပေးသောကြောင့်ဖြစ်ပါတယ်)။
  • ကွန်ဒုံးကဲ့သို့ အရန်သန္ဓေတားနည်းလမ်းအား နောက်ထပ် ခုနှစ်ရက်အတွက် အသုံးပြုလျှင် သင့်ဓမ္မတာကာလ၏ မည်သည့်ရက်တွင်မဆို။
  • IUD ကို ဖယ်ရှားပြီးသည်နှင့်ချက်ချင်း (ဤအခြေအနေတွင် အရန်သန္ဓေတားနည်းလမ်းမလိုအပ်ပါ)။
  • ပထမ သို့မဟုတ် ဒုတိယကိုယ်ဝန်ဆောင်ကာလ ကိုယ်ဝန်ဖျက်ချမှုအပြီး သို့မဟုတ် ၎င်းအချိန်ကျော်ပြီးနောက်မည်သည့်အချိန်တွင်မဆို ချက်ချင်းသုံးနိုင်ပါတယ်။
  • ကလေးမီးဖွားပြီး ဓမ္မတာပုံမှန်အတိုင်းပြန်သွားစဥ်ကာလအတွင်း မည်သည့်အချိန်တွင်မဆို သို့မဟုတ် နို့မတိုက်သော အမျိုးသမီးများအတွက်ပိုမိုစောစွာ ထိုးနိုင်ပါတယ် [4]။

ကျွန်ုပ်ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းအတွင် သန္ဓေတားထိုးဆေး ထိုးနှံမှာလဲ?

DMPA ကြွက်သားကြားထိုးဆေး။

၎င််းကို လက်မောင်းအပေါ်ဖက်၊ ပေါင်အပေါ် သို့မဟုတ် တင်ပါးတို့မှာ ထိုးနှံပါတယ်။ တချိန်တည်းမှာပဲ အရေပြားအောက်ထိုးဆေးကို အရေပြားအောက် သို့မဟုတ် ဝမ်းဗိုက်၊ လက်မောင်းအပေါ်ဖက်၏ နောက်ပိုင်း၊ သို့မဟုတ် ပေါင်၏ အရှေ့ပိုင်းတို့တွင်ထိုးပါတယ်။​ ကိုယ်တိုင်ထိုးသွင်းခြင်းပြုလုပ်နိုင်သော်လည်း၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ လိုအပ်သော ညွှန်ကြားချက်များပေးမှာဖြစ်ပါတယ် [5]။

NET-EN (နှစ်လခံထိုးဆေးများ)။

၎င်းဟာ လက်မောင်းအပေါ်ဖက်၊ ပေါင်အပေါ် သို့မဟုတ် တင်ပါးတို့မှာ ထိုးသော နက်ရှိုင်းသည့်ကြွက်သားကြားထိုးဆေးဖြစ်ပါတယ်။ ၎င်းဟာ DMPA ကြွက်သားကြားထိုးဆေးထက် ပိုမိုနာကျင်စေနိုင်ပါတယ်။

လစဥ််ထိုးဆေး

၎င်းဟာ လက်မောင်းအပေါ်ဖက်၊ ပေါင်အပေါ် ၊ တင်ပါး သို့မဟုတ် ပေါင်၏ အပြင်ပိုင်း တို့မှာ ထိုးသော နက်ရှိုင်းသည့်ကြွက်သားကြားထိုးဆေးဖြစ်ပါတယ်။

ကျွန်ုပ််၏ ထိုးဆေးကို မည်မျှ စောစော သို့မဟုတ် နောက်ကျစွာထိုးနိုင်မလဲ?

သင့်ရဲ့ထိုးဆေးအတွက် ထိုးနှံမှုနောက်ကျခြင်းဟာ ဒီသန္ဓေတားနည်းလမ်းရဲ့ အစွမ်းထက်မှုကို လျော့ကျစေနိုင်ပါတယ်။​သင့်ရဲ့ ရက်စွဲကို မေ့ဖို့များပါက၊ ပြန်လည်ခြေရာခံနိုင်စေရန် သင့်ရဲ့ဖုန်းမှာ သို့မဟုတ် ပြက္ခဒိန်ပေါ်မှာ အသိပေးချက်ထားပါ။ ပြန်လည်ချိန်းဆိုထားသောရက်တွင် ထိုးဆေး ထိုးရန် သင့်အနေနှင့် မအားပါက၊ သင့်ရဲ့ ထိုးဆေးကို စောစော သို့မဟုတ် နောက်ကျစွာထိုးရန် အကန့်အသတ်ရှိပါတယ်။

DMPA (လစဥ်ထိုးဆေး)အတွက်။

သင်ဟာ ပြန်လည်ချိန်းဆိုထားသော ရက်စွဲထက် ၂ ပတ်စောပြီး သို့မဟုတ် လေးပတ်နောက်ကျပြီး ထိုးနိုင်ပါတယ်။​

NET-En (နှစ်လခံထိုးဆေး)အတွက်။

သင်ဟာ ပြန်လည််ချိန်းဆိုထားသောရက်စွဲထက် ၂ ပတ် စောပြီး သို့မဟုတ် နောက်ကျပြီးထိုးနိုင်ပါတယ်။

လစဥ်ထိုးဆေးများအတွက်။

သင့်ရဲ့ ပြန်လည်ချိန်းဆိုထားသောရက်စွဲထက် ၇ ရက်စောပြီး သို့မဟုတ် နောက်ကျပြီး ထိုးနိုင်ပါတယ်။​

DMPA (Depo သို့မဟုတ် သုံးလခံထိုးဆေး) အား ရေရှည်သန္ဓေတားနည်းလမ်းအဖြစ်သုံးရန် နှစ်သက်သော အမျိုးသမီးများ

သင်ဟာ DMPA အား ရေရှည် သန္ဓေတားနည်းလမ်းအဖြစ်သုံးရန် နှစ်သက်ပါက၊​ သင့်ရဲ့ အခြေအနေကို ပြန်လည်စစ်ဆေးရန် နှင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ၊ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးရန် နှစ်နှစ်ပြည့်တိုင်း သွားရောက်စစ်ဆေးသင့်ပါတယ်။ အသက် ၅၀ ပြည့်သွားသူများအား အခြားနည်းလမ်းတခုပြောင်းလဲသုံးစွဲရန်အကြံပေးထားပါတယ်၊​ သို့သော်လည်း ၎င်းတို့အနေနှင့် ဆက်လက်သုံးစွဲလိုပါက၊ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအတွက် အရင်ဆုံးစစ်ဆေးမှုခံယူသင့်ပြီး သင့်လျော်သော အကြံများတောင်းခံနိုင်ပါတယ်။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

သန္ဓေတားထိုးဆေး

Hormonal

ဒါဘာလဲ။
သန္ဓေတားထိုးဆေးဟာ အမျိုးသမီးခန္ဓာကိုယ်တွင် တွေ့ရသည့် ဟော်မုန်းများ၏ လူလုပ်ဗားရှင်းများပါဝင်သည့် အရည်ဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၉၆-၉၇% ထိရောက်ပါတယ်။
  • အားသာချက်များ
    • ၎င်းဟာ ရေတိုကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်ပါတယ် – တစ်၊ နှစ် ဒါမှမဟုတ် သုံးလ (ရရှိနိုင်သည့် အမျိုးအစားအပေါ် မူတည်၍)။
    • ၎င်းကို ဖွက်ရလွယ်ပါတယ်၊​ မည်သူမှ သိမှာမဟုတ်ပါဘူး။​
    • ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ အက်စတိုဂျင်ပါဝင်သောသန္ဓေတားနည်းလမ်းများမသုံးနိုင်သူများအတွက် ကောင်းပါတယ်။
    အားနည်းချက်များ
    • သင်ဟာ တစ်၊ နှစ် ဒါမှမဟုတ် သုံးလတစ်ခါ ထိုးဆေးထိုးရမှာဖြစ်တာကြောင့် ၎င်းဟာ ပုံမှန်ထိန်းသိမ်းမှုလိုပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးများမှာ ဓမ္မတာများပိုပြီးပျော့လာခြင်း၊ ပိုတိုခြင်း ဒါမှမဟုတ် အဖြစ်နည်းခြင်း နဲ့ သွေးစိမ့်ခြင်း၊ မမျှော်လင့်သော သွေးဆင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပါဘူး။ ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ သုံးစွဲမှုရပ်တန့်ပြီးသော်လည်း ကိုယ်ဝန်ရနိုင်ချေ နှောင့်နှေးမှုဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများထဲမှာ ခေါင်းကိုက်ခြင်းများ၊ ခေါင်းမူးခြင်း၊ လိင်ဆန္ဒပြောင်းလဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်းများ၊ ရင်သားပျော့ခြင်း နဲ့ ရင်ပြည့်ခြင်းတို့ ဖြစ်ပါတယ်။
    သန္ဓေတားဆေး ထည့်သွင်းခြင်း။

    Hormonal

    သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ကိုယ်ဝန်ကာကွယ်ရန် လက်မောင်းအပေါ်ပိုင်းအတွင်းသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးပါးလွှာတဲ့ ပရိုဂျက်စတင်အချောင်းဖြစ်ပါတယ်။
  • ၎င်းဟာ ၉၉.၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ မမြင်သာသောကြောင့် လိုက်ရှာသူများမှ လွဲ၍ အခြားသူများထံမှ ဖွက်ရန်လွယ်ပါတယ်၊။
    • ၎င်းကို သုံးရတာလွယ်ပါတယ်။​ထည့်သွင်းပြီး မေ့ထားလိုက်ရုံပါပဲ။
    • ၎င်းဟာ သုံးနှစ် ကနေ ငါးနှစ်အထိ ကြာရှည်ခံသော ကာကွယ်မှုပေးပါတယ်။​”

     

    • အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့ ပုံမှန်မဟုတ်သည့် သွေးဆင်းခြင်းဖြစ်ပါတယ် – သွေးနည်းနည်းဆင်းခြင်း ဒါမှမဟုတ် သွေးစိမ့်ခြင်း – သို့မဟုတ် သင့်လစဥ် ဓမ္မတာရပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။
    • အခြားဖြစ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများတွင် ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်သားနူးညံ့လာခြင်း၊ အစာစားချင်စိတ်ပြောင်းလဲခြင်း နှင့် ဝက်ခြံ ဆိုးလာခြင်း သို့မဟုတ် ပိုကောင်းခြင်း ဖြစ်နိုင်ပါတယ်။
    မွေးဖွားမှုထိန်းချုပ်ရေးကွင်း

    Hormonal

    မအင်္ဂါအကွင်းဟာ သန္ဓေတားနည်းလမ်းအဖြစ် မအင်္ဂါထဲသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးကွေးဆန့်နိုင်တဲ့ အကွေးဖြစ်ပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပုံမှန်ဖြစ်သော၊ နာကျင်မှုနည်းသော၊ အားပျော့သော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • အခြားဟော်မုန်းပါဝင်သော သန္ဓေတားနည်းလမ်းများနဲ့ နှိုင်းယှဥ်ရင် ၎င်းမှာ ဟော်မုန်းပမာဏပိုနည်းပါတယ်။
    • သုံးစွဲမှုရပ်လိုက်ပြီးတဲ့နောက်မှာ ၎င်းဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ စွမ်းရည်ကို မနှောင့်နှေးစေပါဘူး။
    • သင်ဟာ တစ်လတစ်ကြိမ်၊ အချိန်မှန် ၎င်းကို လဲလှယ်ရမှာဖြစ်တဲ့အတွက် ပုံမှန်အားထုတ်မှုလိုအပ်ပါတယ်။
    • ၎င်းဟာ ရေရှည်ကာကွယ်ခြင်းကို မပေးစွမ်းပဲ ပုံမှန်အသုံးပြုမှာသာလျှင် ထိရောက်ပါတယ်။ ၎င်းကို သုံးပတ်ထည့်ရပြီး နောက်ဆုံးအပတ်မှာ မထည့်ရပါဘူး။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်ပြည့်ခြင်း၊ ရင်သားများနာခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်းများ နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
    ကပ်ခွာပြား

    Hormonal

    အပြားဟာ ပရိုဂျက်စတင် နဲ့ အက်စတိုဂျင်ပါဝင်သော ပါးလွှာပြီး လေးထောင့်ဖြစ်တဲ့ ၅ စင်တီမီတာပတ်လည် ဆေးပလာစတာလိုမျိုး ပစ္စည်းဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်မှာ ကပ်ရပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပိုမိုပုံမှန်ဖြစ်သော၊ ပျော့သော၊ နာကျင်မှုနည်းသော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • သင် အန်တာ ဒါမှမဟုတ် ဝမ်းလျှောတာဖြစ်ရင်တောင် ၎င်းဟာ ထိရောက်နေဦးမှာပါ။
    • သုံးစွဲမှုရပ်ပြီးနောက်မှာ ၎င်းဟာ ကိုယ်ဝန်ရနိုင်စွမ်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို သင့်ခန္ဓာကိုယ်ပေါ်မှာမြင်နိုင်သောကြောင့် ဖွက်ရတာခက်ပါတယ်။
    • ၎င်းဟာ အားထုတ်မှုအများအပြားလိုအပ်ပါတယ်။ ကပ်ခွာအပြားအသစ်တစ်ခုကို တစ်ပတ်တစ်ခု၊ သုံးပတ်အတွက် ကပ်ရပါတယ်၊ ပြီးသွားရင် နောက်ဆုံးအပတ်မှာတော့ မကပ်ရပါဘူး။
    • ၎င်းဟာ ရေရှည်ကာကွယ်မှုမပေးပါဘူး၊ ပြီးတော့ လစဥ်ဓမ္မတာကာလအတွင်း မှန်ကန်စွာသုံးမှသာ ၎င်းဟာ ထိရောက်ပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပါတယ်၊ ပြီးရင် ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများ ဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ အသားအရေ ဓာတ်မတည့်ခြင်း၊ အော့အန်လိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနူးညံ့ခြင်း နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပဲ လအနည်းငယ်အကြာမှာ ပျောက်သွားပါမယ်။
    အရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ

    Hormonal

    စိတ်မချရပဲလိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ကိုတားဆီးပါ
  • ၎င်းဟာ ၉၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ ပုံမှန်ဟော်မုန်းမပါဝင်သော သန္ဓေတားနည်းလမ်းအသုံးမပြုနိုင်သည့် အမျိုးသမီးများအပါအဝင် အမျိုးသမီးတိုင်းအတွက် အန္တရာယ်ကင်းပါတယ်။
    • ၎င်းကို ရယူရန် ဆရာဝန်ဆေးစာ ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု မလိုအပ်ပါဘူး။
    • ၎င်းဟာ သန္ဓေအောင်နိုင်မှုပြန်ဖြစ်ခြင်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို ဖွက်ဖို့ မလွယ်ပါဘူး။ သင့်အိတ်ထဲတွင် ၎င်းကို တွေ့နိုင်ပါတယ်။
    • ၎င်းဟာ ရေရှည် ကိုယ်ဝန်ကာကွယ်ခြင်းကို မပေးစွမ်းပါဘူး။ ၎င်းဟာ တစ်ကြိမ်တစ်ခါ ကာကွယ်ခြင်းကို ပေးပြီးတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုအပြီး ငါးရက်အတွင်း သောက်မှသာ ထိရောက်ပါတယ်။
    • ၎င်းဟာ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အနည်းငယ်ပုံမှန်မဟုတ်သော မအင်္ဂါသွေးဆင်းခြင်း နဲ့ ပင်ပန်းမှုဖြစ်စေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများဟာ အန္တရာယ်မရှိပါဘူး။
    • ၎င်းကို ပုံမှန်သန္ဓေတားနည်းလမ်းအဖြစ် အသုံးပြုရန် အကြံမပေးပါဘူး။

    Our Monthly Top Articles