သားဥပြွန်ချည်ခြင်းဆိုတာဘာလဲ?
သားဥပြွန်ဖြတ်ခြင်း’, “အမျိုးသမီးသားကြောဖြတ်ခြင်း”၊ “သားဥပြွန်နှစ်ခုချည်ခြင်း”၊ “ခွဲစိတ်သန္ဓေတားခြင်း”၊ “အသေးစားခွဲစိတ်ခြင်း”၊ “သားဥပြွန်ကြောဖြတ်ခြင်း”၊ “ခွဲစိတ်ခြင်း” သို့မဟုတ် “သားဥပြွန်များကိုချည်ခြင်း” ဟု အသိများကြသော သားဥပြွန်ချည်ခြင်းဟာ အမျိုးသမီးများ ကိုယ်ဝန်ရခြင်းမှ တားဆီးနိုင်ရန်အတွက် သားဥပြွန်များကို ပိတ်ဆို့သော တသက်တာသန္ဓေတားနည်းလမ်းဖြစ်ပါတယ်။ ၎င်းဟာ ကလေးယူရန်လုံးဝစိတ်ကူးမရှိသော သို့မဟုတ် မိဘဖြစ်ပြီး ကလေးထပ်မယူလိုသောသူများအတွက်စီမံထားသော ခွဲစိတ်နည်းလမ်းဖြစ်ပါတယ် (၁)။
သားဥပြွန် (tubal) ဆိုသည်မှာ သားဥပြွန်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ သားဥအိမ်မှ ထုတ်လုပ်သော မျိုးဥဟာ သားအိမ်အတွင်းသို့ သားဥပြွန်များကို ဖြတ်သန်းပြီးသွားပါတယ်။
ချည်ခြင်း(ligation) ဆိုသည်မှာ ပိတ်ဆို့ခြင်း သို့မဟုတ် တစုံတခုကို ချည်ခြင်းဖြစ်ပါတယ်။ သားဥပြွန်များကို ချည်ခြင်းဟာ မျိုးဥကို ပြွန်များမှ တဆင့်သွားရောက်ပြီး မျိုးအောင်ရန်အတွက် သုက်ကောင်များနှင့်မထိတွေ့အောင် တားဆီးပေးပါတယ်။
သားကြောဖြတ်ခြင်း (အမျိုးသားများအတွက် တသက်တာသန္ဓေတားနည်းလမ်း) ကဲ့သို့ပင်၊ သားဥပြွန်ချည်ခြင်းဟာ တသက်တာ၊ ရေရှည်ခံပြီး အလွန်ထိရောက်တဲ့ သန္ဓေတားနည်းလမ်းပေးစွမ်းရန်ရည်ရွယ်ပါတယ်။ အခြေအနေအများစုမှာ၊ ဒီနည်းလမ်းအတွက် ပြန်လည်ခွဲစိတ်ခြင်းဟာ မဖြစ်နိုင်ပဲ ပြန်လည်ခွဲစိတ်ရန် ကြိုးပမ်းခြင်းဟာ ပုံမှန်အားဖြင့် ခက်ခဲ၊ ကုန်ကျစရိတ်များပြီး အလွယ်တကူ မရရှိနိုင်ပါဘူး။အကယ်၍ ပြန်လည်ပြင်ဆင်ခွဲစိတ်မှု လုပ်ဆောင်ပြီးသွားရင်တောင်မှ ကိုယ်ဝန်ရနိုင်မယ်ဆိုတဲ့ အာမခံချက်မရှိပါဘူး။
သားဥပြွန်ပြန်လည်ချိတ်ဆက်ထားသူ ၅၀-၈၀% သာလျှင် ကိုယ်ဝန်ရနိုင်မှာဖြစ်ပါတယ် (၂)။
အမျိုးသမီးသားကြောဖြတ်ခြင်းဟာ မည်သည့်အချိန်မှာ ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါသလဲ?
– ကိုယ်ဝန်ဆောင်မှုဟာ ပြင်းထန်သော ကျန်းမာရေးပြဿနာများဖြစ်စေနိုင်သည့်အခါ။
– သင် သို့မဟုတ် သင့်လက်တွဲဖော်မှ ကိုယ်ဝန်မဆောင်သင့်သည့် ကျန်းမာရေးအကြောင်းပြချက်ရှိသည့်အခါ သားကြောဖြတ်ခြင်းဟာ ကောင်းမွန်တဲ့ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။
– သင််ဟာ ကိုယ်ဝန်လုံးဝမဆောင်လိုကြောင်း သေချာစွာသိသည့်အခါ။
သားဥပြွန်ချည်ခြင်းဟာ မည်မျှထိရောက်ပါသလဲ?
သားဥပြွန်ချည်ခြင်းဟာ အထိရောက်ဆုံး သန္ဓေတားနည်းလမ်းများမှ တခုဖြစ်ပါတယ်။ သို့သော်လည်း ၎င်းမှာ ကျရှုံးနိုင်တဲ့ အန္တရာယ်အနည်းငယ်ရှိပါတယ်။
သားဥပြွန်ချည်ပြီး ပထမနှစ်အတွင်း လူဦးရေ ၁% ထက်နည်းပြီး ကိုယ်ဝန်ရှိကြပါတယ်။ ဤသည်မှာ သားဥပြွန်ချည်ထားသည့် လူ ၁၀၀၀ လျှင် ၅ ယောက်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။ ပထမနှစ်ပြီးနောက်တွင်၊ အမျိုးသမီးသွေးဆုံးသည်အထိ အသေးစားကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ သုံးစွဲမှု ၁၀ နှစ်အတွင်းတွင်၊ ၂% သောသုံးစွဲသူများဟာ ကိုယ်ဝန်ရှိကြပါတယ် ( အမျိုးသမီး ၁၀၀၀ လျှင် ၁၈-၁၉ ယောက်)။
သားဥပြွန်ချည်ခြင်းနည်းလမ်းအားလုံးအတွက် ကိုယ်ဝန်ရနိုင်ချေနည်းသော်လည်း၊ နည်းလမ်းတခုချင်းစီရဲ့ ထိရောက်မှုဟာ သားဥပြွန်များကို ပိတ်ဆို့ထားသည့်ပုံစံအပေါ်မူတည်၍ အနည်းငယ်စီခြားနားပါတယ်။ ကလေးမီးဖွားပြီးပြီးချင်း သားဥပြွန်ချည်ထားသည့် အမျိုးသမီးများမှာ ကိုယ်ဝန်ရနိုင်ချေ အနည်းဆုံးဖြစ်ပါတယ် (၃)။
သားဥပြွန်ချည်ခြင်းကို ဘယ်အချိန်မှာလုပ်ဆောင်နိုင်မလဲ?
– သင်ဟာ ကိုယ်ဝန်မဆောင်ရသေးကြောင်း သေချာလျှင် သားဥပြွန်ချည်ခြင်းကို လတစ်လရဲ့ မည်သည့်အချိန်မှာမဆို ပြုလုပ်နိုင်ပါတယ်။
– အကယ်၍ ၎င်းကို သင့်ရဲ့ လစဥ်ဓမ္မတာကာလ ပထမ ခုနှစ်ရက်အတွင်းပြုလုပ်ပါက၊ ခွဲစိတ်မှုမလုပ်ခင်မှာ အခြားသန္ဓေတားနည်းလမ်းအသုံးပြုရန် မလိုအပ်ပါဘူး။
– အကယ််၍ သင့်ရဲ့နောက်ဆုံးလစဥ်ဓမ္မတာစတင်သည့်ရက်မှစ၍ ခုနှစ်ရက်ထက်ကျော်လွန်သွားပါက၊ သင်ဟာ ကိုယ်ဝန်မရှိသေးသမျှ ကြိုက်နှစ်သက်သည့်အချိန်တွင် ဤခွဲစိတ်မှုကို ရယူနိုင်ပါတယ်။
– သင်ဟာ သောက်သုံးရသော သန္ဓေတားနည်းလမ်းများမှ ပြောင်းလဲလာခြင်းဖြစ်ပါက၊ သင့်ရဲ့ ပုံမှန်ဓမ္မတာကို ထိန်းသိမ်းရန် ဆေးကဒ်ကုန်သည်အထိ ဆက်သောက်ပေးပါ။
– သင်ဟာ IUD နည်းလမ်းမှ ပြောင်းလဲလာခြင်းဖြစ်ပါက၊ ၎င်းကိုထုတ်ပြီးသည်နှင့် ချက်ချင်း သားဥပြွန်ချည်ခွဲစိတ်မှုကို ခံယူနိုင်ပါတယ်။
– သင်ဟာ ကလေးမီးဖွားပြီးပြီးချင်း ခွဲစိတ်မှုခံယူလိုပါက၊ သင်ကိုယ်ဝန်ထပ်မရှိကြောင်း သေချာသည်နှင့် ကလေးမီးဖွားပြီးနောက် ခုနှစ်ရက် သို့မဟုတ် ခြောက်ပတ်အတွင်းလုပ်ဆောင်နိုင်ပါတယ်။
– သင်ဟာ ကလေးပျက်ကျခြင်း သို့မဟုတ် မရှုပ်ထွေးသောကလေးဖျက်ချခြင်းလုပ်ဆောင်ထားပါက၊ သားဥပြွန်ချည်ခြင်းကို ၄၈ နာရီအတွင်း လုပ်ဆောင်နိုင်ပါတယ်။
– သင်ဟာ အရေးပေါ်သန္ဓေတားဆေးများ သောက်ထားပါက၊ သင့်ရဲ့ နောက်ထပ် ဓမ္မတာကာလစတင်ပြီး ခုနှစ်အတွင်း လုပ်ဆောင်ပါက သားဥပြွန်ချည်ခြင်းဟာ ချက်ချင်းထိရောက်မှာဖြစ်ပါတယ် (၄)။