အရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ

အရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ
အရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ

အရေးပေါ်သန္ဓေတားသောက်ဆေးများဟာဘာလဲ?

မနက်ပြီးနောက်သောက်ဆေး သို့မဟုတ် လိင်ဆက်ဆံပြီးနောက်သောက်ဆေးများ ဟု သိကြသော အရေးပေါ်သန္ဓေတားသောက်ဆေးများ (ECPs)ဟာ မည်သည့်သန္ဓေတားခြင်းမှ မရှိပဲလိင်ဆက်ဆံပြီးနောက် သို့မဟုတ် သန္ဓေတားနည်းလမ်းကျရှုံးမှုဖြစ်ပြီးနောက် အမျိုးသမီးအား ကိုယ်ဝန်ဆောင်ခြင်းမှ ရှောင်ရှားနိုင်ရန် ကူညီပေးသော သောက်ဆေးများဖြစ်ပါတယ်။ သင်နေထိုင်သောနေရာအပေါ်မူတည်၍ သင်ဟာ ECP အမျိုးအစားအများအပြားကို ရွေးချယ်နိုင်ပါတယ်။ ဆေးပြားအများစုဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ငါးရက်အတွင်း (သို့မဟုတ် နာရီ ၁၂၀အတွင်း) အလုပ်လုပ်သော်လည်း အစောဆုံးသောက်နိုင်လေ ပိုပြီးထိရောက်လေဖြစ်ပါတယ်။ သင်နေထိုင်သော နေရာအပေါ်မူတည်၍ သင်ဟာ အရေးပေါ်သန္ဓေတားသောက်ဆေးများကို တပြားတည်း သို့မဟုတ် နှစ်ပြားသောက်ဆေးပုံစံဖြင့် အလွယ်တကူဝယ်ယူနိုင်ပါတယ်။ နှစ်ပြား နှင့် တပြားသောက်ဆေးများဟာ တူညီစွာ ထိရောက်ပါတယ်။

အရေးပေါ်သန္ဓေတားသောက်ဆေးများ ဘယ်လိုအလုပ်လုပ်သလဲ?

အရေးပေါ်သန္ဓေတားဆေးဟာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် သန္ဓေတည်ခြင်းကို ကာကွယ်ရန် ဖန်တီးထားတာဖြစ်ပါတယ်။ ၎င်းဟာ မျိုးဥထွက်ခြင်းကို နှောင့်နှေးစေခြင်း သို့မဟုတ် မျိုးအောင်ပြီးဥရဲ့ သားအိမ်နံရံတွယ်ကပ်ခြင်းကို ရပ်တန့်စေခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ၎င်းဟာ အရေးပေါ်သန္ဓေတားသောက်ဆေးများ သို့မဟုတ် သားအိမ်ထည့်ပစ္စည်းအနေနှင့်လာပါတယ်။

အရေးပေါ်သန္ဓေတားသောက်ဆေးများ (ECPs) များဟာ မျိုးဥအိမ်များမှ မျိုးဥထုတ်လွှတ်ခြင်း (မျိုးဥထွက်ခြင်း) ကိုကာကွယ်ခြင်းဖြင့်သာ လုပ်ဆောင်ပါတယ်။ ၎င်းတို့ဟာ ကိုယ်ဝန်ရှိပြီးသွားတဲ့အခါမှာ အလုပ်မလုပ်နိုင်တော့ပါဘူး။ ၎င်းတို့ဟာ ကိုယ်ဝန်ဖျက်ချခြင်းသောက်ဆေးများ နှင့် လုံးဝကွာခြားပါတယ်။ ECP ဟာ ဖြစ်ပေါ်ပြီးသား ကိုယ်ဝန်ကို မရပ်တန့်နိုင်သလို သန္ဓေသားလောင်းကိုလည်း မဖျက်ဆီးနိုင်ပါဘူး [1]။

သားအိမ်ထည့်ပစ္စည်းများ (IUDs) များကို အရေးပေါ်သန္ဓေတားနည်းလမ်းအဖြစ်အသုံးပြုခြင်းဟာ သားလောင်းတွယ်ကပ်ခြင်းကိုကာကွယ်ခြင်းဖြင့် လုပ်ဆောင်ပါတယ်။ သင်ဟာ အရေးပေါ်သန္ဓေတားနည်းလမ်းလိုချင်တယ်၊ ပြီးတော့ အလွန်ထိရောက်ပြီး တာရှည်ခံတဲ့ ဖြေရှင်းချက်လိုချင်တယ်ဆိုရင်၊ ကြေးနီသားအိမ်ထည့်ပစ္စည်း ဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီအရေးပေါ်သန္ဓေတားနည်းလမ်းဟာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် ငါးရက်အတွင်း သားအိမ်အတွင်းသို့ထည့်သွင်းနိုင်ပါတယ်။ ပြီးနောက်မှာတော့ သင်ဟာ ၁၂ နှစ်အထိ လွယ်ကူပြီး အလွန်ထိရောက်တဲ့ နည်းလမ်းရရှိမှာဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားသောက်ဆေးအမျိုးအစားသုံးမျိုးရှိပါတယ်။

Ulipristal acetate (UPA) သောက်ဆေးများ

တပြားသာသောက်သုံးရပါတယ်။ ဒီအရေးပေါ်သန္ဓေတားဆေးအမျိုးအစားအသစ်ဟာ တပြားသာသောက်ရတဲ့ဆေးဖြစ်ပြီး အကာအကွယ်မဲ့လိင်ဆက်ဆံမှုအပြီး ငါးရက်အထိ ထိရောက်ပါတယ်။ အခြား အရေးပေါ်သောက်ဆေးများကဲ့သို့ ၎င်းဟာ ထို ငါးရက်အတွင်း ထိရောက်မှု လျော့သွားမှာမဟုတ်ပါဘူး။ Ulipristal ကို နိုင်ငံအများစုမှာ ဆေးစာနှင့် သို့မဟုတ် ဆေးစာမပါပဲ ရရှိနိုင်ပါတယ်။

Levonogestrel ဆေးပြားများ။

တပြားတည်း သို့မဟုတ် ၁၂ နာရီခြားသောက်ရသည့် ဆေးပြားနှစ်ပြားအဖြစ် သောက်ရပါတယ်။ ဥပမာများမှာ Lydia Postpil, Postinor 2၊ Norpill၊ Unwanted72၊ Nowil Pill၊ Plan B One-Step၊ Next Choice One Dose၊ Next Choice၊ My Way၊ After Pill နှင့် levonorgestrel တို့ပါဝင်ပါတယ်။ သင့်နေထိုင်သည့်နိုင်ငံအပေါ်မူတည်ပြီး ဒီဆေးပြားများကို ဆေးဆိုင်များမှာ ဆေးစာနှင့် သို့မဟုတ် ဆေးစာမပါပဲ ဝယ်ယူနိုင်ပါတယ်။ ၎င်းတို့ဟာ အခြားအရေးပေါ်ဆေးပြားများနှင့်ဆင်တူသော်လည်း ဟော်မုန်းပါဝင်မှုများပြားပါတယ်

သန္ဓေတားသောက်ဆေးများ

အက်စတိုဂျင်နှင့်ပရိုဂျက်စတင်တို့ပါဝင်သည် – norgestrel၊ levonorgestrel၊ သို့မဟုတ် norethindrone ( norethisterone ဟုခေါ်သည်)။ ပုံမှန်သန္ဓေတားသောက်ဆေးအမျိုးအစားအချို့ကို အရေးပေါ်သန္ဓေတားဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ သင်ဟာ Yuzpe နည်းလမ်း ဟုခေါ်သော ဒီနည်းကိုသုံးလျှင်၊ သင်ဟာ ဆေးလုံးများကို ၁၂ နာရီခြားတခါ ၂ ခါသောက်ဖို့လိုပါတယ်။ ဒါ့အပြင်၎င်းဟာ ဆေးပြားအမှတ်တံဆိပ်အချို့အတွက်သာ အလုပ်ဖြစ်ပါတယ်။ ၎င်းဟာ အခြားအရေးပေါ်သန္ဓေတားနည်းလမ်းများလောက် မထိရောက်ပါ။ ၎င်းဟာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် သုံးရက်အထိသာ အကောင်းဆုံးလုပ်ဆောင်ပါတယ် [2]။

ECPများဟာ မည်သည့်အမျိုးသမီး သို့မဟုတ် အမျိုးသမီးငယ်အတွက်ဆိုအန္တရာယ်ကင်းပါတယ်။ ဟော်မုန်းဆက်တိုက်ပါဝင်တဲ့သန္ဓေတားနည်းလမ်းအသုံးမပြုနိုင်သူများအတွက်တောင်မှပေါ့။ ၎င်းတို့ကိုအောက်ပါတို့အပါအဝင် အခြေအနေအများစုမှာ အသုံးပြုနိုင်ပါတယ်-
၁။ လိင်ဆက်ဆံစဥ်အတွင်း မည်သည့်သန္ဓေတားနည်းလမ်းကိုမှ အသုံးမပြုသည့်အခါ။ သင်ဟာ လိင်ဆက်ဆံစဥ်အတွင်းမည်သည့်အကာအကွယ်မှ အသုံးမပြုခဲ့ပဲ ကိုယ်ဝန်လည်းမရချင်ဘူးဆိုရင်၊ သင်ဟာ အကာအကွယ်မဲ့လိင်ဆက်ဆံမှုပြီးနောက် ငါးရက်အတွင်း အရေးပေါ်သန္ဓေတားသောက်ဆေးကိုအသုံးပြုတယ်ဆိုတာသေချာပါစေ။
၂။ လိင်ပိုင်းဆိုင်ရာစော်ကားခံရပြီးနောက် (သင်ဟာ အဓမ္မပြုကျင့်ခံရတယ် သို့မဟုတ် သန္ဓေတားနည်းလမ်းကာကွယ်မှုသုံးစွဲရန် ငြင်းဆိုသူတဦးနှင့် လိင်ဆက်ဆံမှုပြုလျှင်)။
၃။ မမှန်ကန်သော သို့မဟုတ် မကောင်းမွန်သောသုံးစွဲမှုကြောင့် သန္ဓေတားနည်းလမ်းကျရှုံးနိုင်သည်ဟု စိုးရိမ်မှုများရှိလျှင်၊ ဥပမာ

ကွန်ဒုံးများ မမှန်ကန်စွာသုံးစွဲခြင်း၊ ပေါက်ခြင်း၊ သို့မဟုတ် ချော်ထွက်ခြင်း၊

– သုက်အပြင်ထုတ်ခြင်းဟာ မှားယွင်းသွားလျှင်၊

– အကယ်၍ သားအိမ်ထည့်ပစ္စည်း(IUD) သို့မဟုတ် သန္ဓေတားသားအိမ်ပစ္စည်း ထွက်လာလျှင်၊

– အန္တရာယ်ကင်းသောနေ့များမှားတွက်ခြင်း သို့မဟုတ် အန္တရာယ်မကင်းသောနေ့များတွင် အကာအကွယ်နည်းလမ်းများအသုံးမပြုခြင်း၊

– သင့်ရဲ့ သန္ဓေတားထိုးဆေးအတွက် ခုနှစ်ရက်ထက်ပိုနောက်ကျနေခြင်း၊

ပရိုဂျက်စတင်သီးသန့် (၃လခံ)ထိုးဆေးအတွက် သင်ဟာ လေးပတ်ထက်ပိုပြီးနောက်ကျနေခြင်း၊

ပရိုဂျက််စတင်သီးသန့် (၂လခံ)ထိုးဆေး အတွက် သင်ဟာ နှစ်ပတ်ထက်ပိုပြီးနောက်ကျနေခြင်း၊

ပရိုဂျက်စတင််သီးသန့်ဆေးပြား (အသေးစားသောက်ဆေး) ပုံမှန်သောက်ချိန်ထက် သုံးနာရီပိုနောက်ကျနေခြင်း သို့မဟုတ် သင်နောက်ဆုံးတလုံးသောက်သည့်အချိန်မှစ၍ ၂၇ နာရီရှိနေခြင်း၊ နှင့်

– သင့်ရဲ့ သန္ဓေတားသောက်ဆေးများ သောက်ရန် သုံးရက်ဆက်တိုက်ထက်ပိုမေ့နေခြင်း သို့မဟုတ် သင်ဟာ သောက်သုံးရမည့်ပထမအပတ်အတွင်း ဆေးလုံးသောက်ရန် သုံးရက်နောက်ကျနေခြင်း [3]။

အရေးပေါ်သန္ဓေတားသောက်ဆေးဟာဘယ်လိုမျိုးလဲ?

အရေးပေါ်သန္ဓေတားသောက်ဆေးများကို ဘယ်လိုသောက်ရသလဲ?

သင့်ရဲ့ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ သင့်ရဲ့အခြေအနများဟာ အရေးပေါ်သန္ဓေတားသောက်ဆေးသောက်ရန်လိုအပ်သည်ဟု ဆုံးဖြတ်ပေးပါက သင်ဟာ ဆေးပြားကို ချက်ချင်းသောက်နိုင်ပါတယ်။ ဆေးပြားကို ကျန်းမာရေးစင်တာ သို့မဟုတ် သင့်အနီးအနားရှိ ဆေးဆိုင်အများစုမှာ ဆေးစာမပါပဲ ဝယ်နိုင်ပါတယ်။
သင်ဟာ တလုံးတည်းသောက်ဆေးကိုဝယ်ပါက၊ ရေနှင့်သောက်လိုက်ပါ။ ဒါကိုလုပ်ဆောင်ရန်သာလိုပါတယ်။
သင်ဟာ နှစ်လုံးသောက်ဆေးကိုဝယ်ပါက၊ ပထမဆေးပြားကိုသောက်၊ ၁၂ နာရီစောင့်ကာ နောက်ထပ်ဆေးပြားကို ထပ်သောက်ပါ။

မနက်ပြီးနောက်ဆေးပြားကို ကျွန်ုပ်ဘယ်အချိန်မှာသောက်သင့်သလဲ?

အကောင်းဆုံးထိရောက်မှုအတွက်၊ ECP အမျိုးအစားအားလုံးကို စောနိုင်သမျှစောစောသောက်သင့်ပါတယ်။ Ulipristal acetate အရေးပေါ်သန္ဓေတားသောက်ဆေးများဟာ ကိုယ်ဝန်ဆောင်ခြင်းကာကွယ်ရာမှာ အခြားဆေးပြားများထက်ပိုပြီးထိရောက်နိုင်ပါတယ်၊ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုအပြီး ၇၂ နာရီ မှ ၁၂၀ နာရီအတွင်းဖြစ်နေရင်တောင်မှပေါ့။ Levonorgestrel ECP များဟာ အတူတကွထိရောက်ပြီး အကာအကွယ်မဲ့လိင်ဆက်ဆံမှုအပြီး ငါးရက်အထိ အလုပ်လုပ်နိုင်သော်လည်း ထိရောက်မှုဟာ တရက်ချင်းစီကျဆင်းသွားပါတယ်။ သင်ဟာ ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်၊ သင်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုအပြီး အမြန်ဆုံးသုံးသင့်ပါတယ်။

အရေးကြီးသောအကြံပြုချက်များ

မှတ်ထားပါ : အကာအကွယ်မဲ့ လိင်ဆက်ဆံမှုအပြီး ECP ကို မြန်နိုင်သမျှ မြန်မြန်သောက်ပါ။ သင်မြန်မြန်သောက်လေ၊ ပိုကောင်းလေပါ – ၂၄ နာရီ မှ သုံးရက်အတွင်းဟာ အကောင်းဆုံးအချိန်ပါ။ အရေးပေါ်သန္ဓေတားခြင်းဟာ ငါးရက်အထိ သင့်ရဲ့ သန္ဓေတည်နိုင်မှုအန္တရာယ်ကို လျော့ချပေးပါတယ်။
အရေးပေါ်သန္ဓေတားသောက််ဆေးအချို့ကို အမြဲတမ်းဆောင်ထားပါ။ သင်အရေးပေါ်သန္ဓေတားသောက််ဆေးကိုမြန်မြန်သောက်လေ၊ ပိုပြီးထိရောက်လေပါ။ ဒါ့ကြောင့် မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေအတွက် အရေးပေါ်သန္ဓေတားဆေးဘူးကိုဆောင်ထားခြင်းဟာ ကောင်းမွန်တဲ့အကြံဖြစ်ပါတယ်။
သင်ဟာ ကလေးနို့တိုက်နေစဥ်အတွင်း Ulipristal acetate သန္ဓေတားဆေးပြားများကိုသောက်ရင်၊ သင့်ရဲ့ ကလေးကို နို့မတိုက်ဖို့ အကြံပြုပါတယ်။ အဲ့ဒီ့အစား ဆေးပြားများသောက်ပြီး ခုနှစ်ရက်အထိ သင့်ရဲ့နို့ကို ညှစ်ထုတ်ပြီး စွန့်ပစ်ပါ။
သင်တွေ့ကြုံရသောဘေးထွက်ဆိုးကျိုးများဟာ အခြားသူကြုံတွေ့ရသည်များနှင့် မတူနိုင်ပါဘူး။ လူတိုင်းဟာ ခြားနားပါတယ်။

မနက််ပြီးနောက်ဆေးပြားဟာ မျိုးဥထွက်ခြင်းကို ဘယ်လောက်ကြာကြာနှောင့်နှေးစေပါသလဲ?

မနက်ပြီးနောက််ဆေးပြားဟာ မျိုးဥထွက်ခြင်းကို ၅-၇ရက်အထိ တားဆီးပေးပါတယ် သို့မဟုတ် နှောင့်နှေးစေပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ အမျိုးသမီးခန္ဓာကိုယ်အတွင်းရှိ မည်သည့် သုက်ကောင်ကိုမဆို သေဆုံးရန် လုံလောက်သည့်အချိန်ပေးပါတယ်။ သုက်ကောင်များဟာ အမျိုးသမီးရဲ့ မျိုးပွားလမ်းကြောင်းထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပါတယ်။ ဥ ထုတ်လွှတ်ပြီးသွားတဲ့အခါမှာ ECP ဟာ သားအိမ်နံရံကိုတွယ်ကပ်ခြင်း သို့မဟုတ် တည်ရှိနေပြီးသားကိုယ်ဝန်ကိုအဆုံးသတ်ခြင်းမလုပ်နိုင်ပါဘူး။

ကျွန်ုပ်မျိုးဥထွက်ပြီးနောက်တွင် မနက်ပြီးနောက်ဆေးပြားဟာ အလုပ်လုပ်နိုင်ပါသလား?

မလုပ်နိုင်ပါဘူး။ မနက်ပြီးနောက်ဆေးပြားဟာ မျိုးဥထွက်ခြင်းကို နှောင့်နှေးစေခြင်းဖြင့်သာအလုပ်လုပ်ပါတယ်။ မျိုးဥထွက်ခြင်းဖြစ်ပြီးသွားပြီဆိုရင်၊ သင်ဟာ ဆေးပြားသောက်ပြီးတောင်မှ ကိုယ်ဝန်ရနိုင်ပါတယ်။ မျိုးဥထွက်စဥ်အတွင်း သို့မဟုတ် မျိုးဥထွက်ပြီးနောက် အသုံးပြုနိုင်တဲ့အကောင်းဆုံးအရေးပေါ်သန္ဓေတားနည်းလမ်းကတော့ ဟော်မုန်းမပါဝင်သော(ကြေးနီ)IUD ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၎င်းဟာ သားအိမ်နံရံတွယ်ကပ်ခြင်းကို ကာကွယ်ပေးနိုင်လို့ပါ။ သို့သော်လည်း သင်ဟာ ထည့်သွင်းခြင်းပြုလုပ်ရန် ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့်တွေ့ဆုံရပါမယ်။ ၎င်းဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ငါးရက်အတွင်း ထည့်သွင်းမှသာ ကိုယ်ဝန်ရနိုင်ချေကို ၉၉.၉% အထိလျော့ချပြီး အလုပ်လုပ်မှာဖြစ်ပါတယ်။ [5]။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles