သားဥပြွန်ချည်ခြင််းဟာ မရှုပ်ထွေးသော ခွဲစိတ်မှုဖြစ်ပါတယ်။ ၎င်းကို ကလေးမီးဖွားပြီးချိန်အပါအဝင် သင်လိုချင်တဲ့ မည်သည့်အချိန်မှာမဆို လုပ်ဆောင်နိုင်ပါတယ်။ အချို့အမျိုးသမီးများဟာ ဗိုက်ခွဲမွေးနေစဥ်အတွင်းမှာ ဒီခွဲစိတ်မှုကို ခံယူလိုကြပါတယ်။
သားဥပြွန်ချည်ခြင်းအတွက် နည်းလမ်းများစွာရှိပါတယ် :
ကင်မရာပါသည့်ခွဲစိတ်ကိရိယာ (Laparacopy) ဖြင့် သားဥပြွန်ချည်ခြင်း
ဒီနည်းလမ်းမှာ ကင်မရာပါဝင်တဲ့ ရှည်လျားပါးလွှာသော အချောင်း (laparoscope) အား သေးငယ်သော ဝမ်းဗိုက်ခွဲစိတ်အပေါက် နှစ်ပေါက်မှ တဆင့် ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းခြင်းပါဝင်ပါတယ်။ ပြီးနောက်မှာ ဝမ်းဗိုက်တွင်းသို့ လေများထည့်သွင်းပြီး ပိုမိုကြည့်ရှုနိုင်ရန်အတွက် ဖောင်းကြွစေပါတယ်။ Laparoscope ဟာ ကျန်းမာရေးဝန်ဆောင်မှုပေးသူအား ဝမ်းဗိုက်နှင့်တင်ပါးဆုံတို့ကို စစ်ဆေးရန်၊ သားဥပြွန်များဆီ ရောက်ရှိပြီး ပိတ်ဆို့ရန် သို့မဟုတ် ဖြတ်တောက်ရန် ကူညီပေးပါတယ်။ ပြီးနောက်မှာ ဖြတ်တောက်ထားသောအပိုင်းများကို ချည်ခြင်း သို့မဟုတ် ပူးချည်ခြင်းလုပ်ပါတယ်။
ဒီခွဲစိတ်မှုကို ပုံမှန်အားဖြင့် မေ့ဆေးပေးပြီးလုပ်ဆောင်ပါတယ်၊ သို့သော်လည်း ထုံဆေး နှင့် အိပ်ဆေးများလည်း အသုံးပြုနိုင်ပါတယ်။ Laparoscopy နည်းလမ်းဟာ ကိုယ်ဝန်တားဆီးရာမှာ ချက်ချင်းထိရောက်ပြီး ပြန်လည်ကောင်းမွန်ဖို့လည်း အချိန်နည်းပါတယ်။
ခွဲစိတ်(Laparotomy) သားဥပြွန်ချည်ခြင်း
ဒီနည််းလမ်းမှာဆိုရင်၊ ဝမ်းဗိုက်မှာ အသေးစားခွဲစိတ်မှု (၂-၃ စင်တီမီတာ) ကို ပြုလုပ်ပြီးနောက်၊ သားဥပြွန်များကို ခွဲကြောင်းမှ တဆင့် ပြင်ပမျက်နှာပြင်သို့ထုတ်ယူကာ ဖြတ်တောက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းပြုလုပ်ပါတယ်။ အဆီများသူများမှာ သားဥပြွန်များကို ရောက်ရှိရန်ခက်ခဲနိုင်တဲ့အတွက် ပိုမိုကြီးမားသော ခွဲစိတ်မှုပြုလုပ်ရနိုင်ပါတယ်။ Laparotomy ခွဲစိတ်မှုကို မည်သည့်အချိန်မှာမဆိုပြုလုပ်နိုင်ပြီး ကင်မရာပါသည့်ခွဲစိတ်ကိရိယာဖြင့် သားဥပြွန်ချည်ရန် အန္တရာယ်ရှိသူ အမျိုးသမီးများအတွက် အများအားဖြင့် ပြုလုပ်ပါတယ်။
Laprotomy ဟာ အဓိကအကျဆုံးခွဲစိတ်မှုဖြစ်သော်လည်း အလွန်ရှားပါးပါတယ် (တချိန်တည်းမှာပဲ ဗိုက်ခွဲမွေးကြသူများမှလွဲ၍)။
အသေးစား-ခွဲစိတ်မှု(Minilap) သားဥပြွန်ချည်ခြင်း
ဒီနည်းလမ်းဟာ laparotomy ရဲ့ ခွဲစိတ်မှုအနည်းဆုံးပုံစံဖြစ်ပါတယ်။ ဝမ်းဗိုက်မှာ ပိုမိုသေးငယ်သောခွဲစိတ်မှုပြုလုပ်ပြီး ၎င်းကို ကလေးမီးဖွားချိန်တွင်း သို့မဟုတ် ကလေးမီးဖွားပြီးနောက် (ကလေးမွေးပြီးနောက်အချိန်များ)တွင် အများအားဖြင့် ပြုလုပ်ပါတယ်။
အကယ်၍ ဤခွဲစိတ်မှုကို ဗိုက်ခွဲကလေးမွေးနေစဥ်အတွင်းလုပ်ဆောင်ပါက၊ ဝမ်းဗိုက်ဟာ ပွင့်ပြီးသား ဖြစ်နေမှာဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ အပိုမေ့ဆေးထပ်ပေးရန်မလိုအပ်ပဲ သားဥပြွန်များကို ဖြတ်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းပြုလုပ်မှာဖြစ်ပါတယ်။ အကယ်၍ မအင်္ဂါမှ တဆင့်မီးဖွားပြီးနောက် လုပ်ဆောင်ပါက၊ လိုအပ်တဲ့မေ့မျောမှုရှိိစေရန် သင့်ရဲ့ ကျောရိုးထည့်ပြွန်ဟာ မူလနေရာမှာဆက်လက်ရှိနေနိုင်ပါတယ်။ သို့သော်လည်း သင့်ရဲ့ ကျောရိုးထည့်ပြွန်ကိုဖယ်ရှားလိုက်တယ် သို့မဟုတ် သင့်မှာ ကျောရိုးပြွန်မထည့်ထားဘူးဆိုရင်၊ ခွဲစိတ်မှုမတိုင်ခင် ကျောရိုးမေ့ဆေးပေးမှာဖြစ်ပါတယ် (၅)။
မအင်္ဂါထည့်မှန်ပြောင်းကိရိယာသားဥပြွန်ချည်ခြင်း
ဒီနည်းလမ်းမှာဆိုရင် တင်ပါးဆုံကနေတဆင့် သားဥပြွန်များထံ ဆေးဝါး သို့မဟုတ် ကွိုင်များ ထည့်သွင်းခြင်းပါဝင်ပါတယ်။ ဒီလိုထည့်သွင်းခြင်းဟာ ပြွန်များကို ထိခိုက်စေရန် သို့မဟုတ် ပိတ်ဆို့ရန်ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုရဲ့ အားသာချက်ကတော့ ခွဲစိတ်မှုနည်းပြီး ရုံးခန်းအနေအထားမှာတင် လုပ်ဆောင်နိုင်ပါတယ်။ ခွဲစိတ်ရန်အဆင်မပြေသူများအတွက် ဒီနည်းလမ်းကို အကြံပြုကြပါတယ် (၆)။
သားဥပြွန်ချည်ပြီးနောက် မျိုးဥဟာ ဘယ်နေရာကိုသွားပါသလဲ?
သားဥပြွန်ချည်ခြင်းဟာ သားဥအိမ်များမှ မျိုးဥထုတ်လုပ်ခြင်း (မျိုးဥထွက်ခြင်း) ကို မရပ်တန့်စေပါဘူး။ ၎င်းဟာ ဥကို သုက်ကောင်နဲ့ တွေ့ဆုံခြင်းမှ ကာကွယ်ပေးရုံသာဖြစ်ပါတယ်။ သားဥပြွန်ချည်ပြီးနောက် ထုတ်လုပ်ထားသော မျိုးဥများကို ပြန်လည်ဖြိုခွဲပြီး သင့်ခန္ဓာကိုယ်မှ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်စုပ်ယူတာဖြစ်ပါတယ်။ သင်ဟာ သွေးမဆုံးခင်အထိ သင့်ရဲ့ လစဥ်ဓမ္မတာများကိုလည်း ဆက်လက်တွေ့ကြုံရမှာဖြစ်ပါတယ်။