– သားဥပြွန်ချည်ခွဲစိတ်မှုခံယူကြသောအမျိုးသမီးများဟာ အများအားဖြင့် တူညီတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ကြပါတယ်။ သို့သော်လည်း မေ့ဆေးရဲ့ အာနိသင်များ ပြန်ထွက်သွားဖို့ အချိန်အနည်းငယ်ကြာနိုင်ပါတယ်၊ ဒါ့ကြောင့် ခွဲစိတ်မှုပြီးသွားတာနဲ့ သင့်ကို အိမ်ပြန်လိုက်ပို့မည့် သူတဦးဦးနှင့် လာရောက်ဖို့ အကြံပေးပါတယ်။ အရေးကြီးဆုံးကတော့ ပြန်လည်နာလန်ထဖို့ အချိန်ယူရမှာဖြစ်ပါတယ်။
– သင်ဟာ ခွဲစိတ်ထားတဲ့နေရာမှာ နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ ဒါဟာ ပုံမှန်သာဖြစ်ပြီး သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ဒီနာကျင်မှုကို သက်သာစေဖို့ အကိုက်အခဲပျောက်ဆေးများပေးပါလိမ့်မယ်။ အချို့အမျိုးသမီးများဟာ ရင်ပြည့်ခြင်း၊ လေပွခြင်း၊ ကြွက်တက်ခြင်း နဲ့ ပခုံးနာကျင်ခြင်းတွေကို သားဥပြွန်ချည်ပြီး ရက်အနည်းငယ်အကြာမှာ ခံစားရတယ်လို့ ဆိုကြပါတယ်။ ပခုံးနာကျင်ခြင်းဟာ ခွဲစိတ်နေစဥ်အတွင်း ဝမ်းဗိုက်ကိုဖောင်းပွစေရန် ထည့်သွင်းထားသောလေကြောင့် ဖြစ်တာဖြစ်ပါတယ်။ ခဏလောက်လဲလှောင်းနေခြင်းက နာကျင်မှုကို သက်သာစေပါလိမ့်မယ်။
– ရှားပါးသောအခြေအနေများမှာ သင်ဟာ ခွဲစိတ်ထားသောနေရာသို့ ရောဂါပိုးဝင်ခြင်းကြုံတွေ့နိုင်ပါတယ်။ သင်ဟာ ၃၈ ဒီဂရီဆဲလ်စီးယပ်စ် (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) ထက်ပိုသော အပူချိန်ရှိပါက၊ မူးမေ့ချင်သလိုဖြစ်ပါက၊ နာကျင်ခြင်း နှင့်/သို့မဟုတ်သွေးထွက်ခြင်း သို့မဟုတ် ခွဲစိတ်ပြီးနောက် ၁၂ နာရီီအကြာတွင် ဆက်ဖြစ်နေသော၊ ပိုဖြစ်နေသော ခွဲစိတ်ရာနေရာမှ သွေးထွက်ခြင်းရှိပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူအား ဆက်သွယ်သင့်ပါတယ် (၇)။
သားဥပြွန်ချည်ခြင်းအတွက် ပြန်လည်ကျန်းမာတဲ့အချိန်ကဘယ်လောက်လဲ?
ယေဘုယျအားဖြင့် ပြန်လည်ကျန်းမာခြင်းဟာ သင့်ရဲ့ ကျန်းမာရေး နဲ့ သင့်ခန္ဓာကိုယ်မှ ခွဲစိတ်မှုအပြီး ဘယ်လောက်မြန်မြန်ပြန်လည်ကောင်းမွန်နိုင်ပုံတို့အပေါ်မူတည်ပါတယ်။ သင်ခံယူထားသော သားဥပြွန်ချည်ခြင်းခွဲစိတ်မှုအရ၊ ၎င်းဟာ ခွဲစိတ်မှုမှ ပြန်လည်သက်သာဖို့ ၂-၂၁ ရက်အထိ ကြာနိုင်ပါတယ်။ ဗိုက်ခွဲကလေးမွေးချိန်အတွင်း ခွဲစိတ်မှုခံယူခြင်းဟာ ပြန်လည်သက်သာစေမည့်အချိန်ကို မကြာစေပါဘူး၊ သင်ဟာ ပုံမှန်ကျန်းမာမည့်အချိန်တွင် ပြန်ကောင်းလာမှာဖြစ်ပါတယ်။ သင့်ကို နားနားနေနေ နေထိုင်ပြီး ခွဲစိတ်မှုပြီးနောက် အနည်းဆုံး တစ်ပတ်အတွင်း ၁၂ ပေါင် (၆ ကီလိုဂရမ်) ထက်ပိုသော အလေးများ မခြင်းမှ ရှောင်ရှားဖို့ အကြံပေးမှာဖြစ်ပါတယ်။ သင့်မှာ ချုပ်ရိုးများရှိရင် ၎င်းတို့ဟာ အလိုအလျောက်ပျောက်ကွယ်သွားပါမယ် သို့မဟုတ် သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ ချည်ရိုးဖြည်ရန် ရက်ချိန်းပေးပါလိမ့်မယ်။
သားဥပြွန်ချည်ခြင််းခွဲစိတ်မှုပြီးနောက် ဘယ်လောက်အကြာမှာ ကျွန်ုပ်လိင်ဆက်ဆံနိုင်ပါသလဲ?
သားဥပြွန်ချည်ခြင်းဟာ လိင်ဆက်ဆံမှုမှ ချက်ချင်းကာကွယ်ပေးနိုင်သော်လည်း၊ သင်ဘယ်လောက်အကြာမှာ မအင်္ဂါလိင်ဆက်ဆံမှုပြုလုပ်နိုင်သလဲဆိုတာကို သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ဆွေးနွေးဖို့လိုအပ်ပါတယ်။ သို့သော်လည်း လူအများစုဟာ ခွဲစိတ်မှုပြီးနောက် နှစ်ပတ် မှ သုံးပတ်အတွင်း လိင်ဆက်ဆံနိုင်ကြပါတယ်။