– သားဥပြွန်ချည်ခြင်းအတွက် ပြင်ဆင်ခြင်းဟာ ခွဲစိတ်မှုနှင့်ပတ်သက်ပြီး ကြိုတင်သိရှိထားသော ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် စတင်ပါတယ်။
– သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ခွဲစိတ်မှုမတိုင်ခင် တွေ့ဆုံရန်ရက်ချိန်းယူပါ။ ဤတွေ့ဆုံချိန်တွင် သင့်ရဲ့ဆရာဝန်ဟာ သင့်ရဲ့ ဆေးဝါးရာဇဝင်ကို ပြန်လည်စစ်ဆေးခြင်း၊ ခွဲစိတ်မှုအကြောင်း သင့်အားရှင်းပြခြင်း နှင့် သင့်တွင်ရှိနိုင်သော မည်သည့်မေးခွန်းများကို မဆို အကြောင်းပြန်ခြင်းတို့လုပ်ဆောင်မှာဖြစ်ပါတယ်။ ဆရာဝန်ဟာ ခွဲစိတ်မှုအတွက် သင့်ရဲ့ သင့်လျော်မှုကို ကူညီဆုံးဖြတ်နိုင်ရန် ဓာတ်ခွဲခန်းဆေးစစ်မှုအချို့ပြုလုပ်ရန် အကြံပေးကောင်းပေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးခြင်းများမှာ ကိုယ်ဝန်စစ်ဆေးမှုလည်း ပါဝင်နိုင်ပါတယ်။
– သင်ဟာ ခွဲစိတ်မှုအတွက် သင့်လျော်ကြောင်း ဆုံးဖြတ်ပြီးသွားရင် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ရှောင်ရှားရမည့် အစားအသောက်၊ ဆေးဝါးများအပါအဝင် လိုက်နာရန် လိုအပ်တဲ့ ခွဲစိတ်မှုမတိုင်ခင်ညွှန်ကြားချက်များ စာရင်းကို ပေးမှာဖြစ်ပါတယ်။ သင်လုပ်ဆောင်ခြင်းရပ်တန့်ရန်လိုအပ်တဲ့ လှုပ်ရှားမှုများအတွက်လည်း သင့်ကို အကြံပေးသွားမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ခွဲစိတ်မှု မတိုင်ခင် အနည်းဆုံး နှစ်ပတ်လောက်အလိုအတွင်းမှာ သင့်အား အရက်မသောက်ရန် သို့မဟုတ် ဆေးလိပ်မသောက်ရန် တောင်းဆိုသွားမှာဖြစ်ပါတယ်။ အခြားဆေးများသောက်နေရပါက၊ သင်ဟာ ဒီအကြောင်းပြောပြပေးဖို့လိုအပ်ပြီး ဒီဆေးများဟာ ခွဲစိတ်မှုကို နှောင့်ယှက်နိုင်မှု ရှိ၊ မရှိ၊ ဆေးသောက်ခြင်းကို ကြိုရပ်ဖို့ လို၊ မလို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီလမ်းညွှန်ချက်များကို လိုက်နာရန် အရေးကြီးပါတယ်။
– နောက်ဆုံးအနေနဲ့၊ အိမ်ပြန်ရန်အတွက် သယ်ယူပို့ဆောင်ရေးတခုခုကို စီစဥ်ပါ။ ခွဲစိတ်ပြီးနောက်မှာ၊ သင့်ကို အိမ်ပြန်ပို့ရန်အတွက် တစုံတယောက်လိုအပ်မှာဖြစ်ပါတယ်။
သားဥပြွန်ချည်ခြင်းခွဲစိတ်မှုလုပ်ဆောင်စဥ်မှာ မေ့ဆေးလိုအပ်ပါသလား?
ကင်မရာပါသည့်ခွဲစိတ်ကိရိယာဖြင့်ခွဲစိတ်ခြင်း၊ အသေးစားခွဲစိတ်မှု နှင့် laparotomy တို့ဟာ ခွဲစိတ်မှုလိုအပ်တာကြောင့် သင့်အနေနဲ့ မေ့ဆေးလိုအပ်မှာဖြစ်ပါတယ်။ မအင်္ဂါထည့်မှန်ပြောင်းကိရိယာဖြင့်သားဥပြွန်ချည်ခြင်းကို ခွဲစိတ်ခန်းအတွင်းမှာပြုလုပ်မယ်ဆိုရင်၊ သင်ဟာ အိပ်ဆေး သို့မဟုတ် မေ့ဆေးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ရုံးခန်းအတွင်းမှာ ဒီခွဲစိတ်မှုကို ပြုလုပ်ရင်တော့၊ အန္တရာယ်ကင်းရှင်းစွာရနိုင်ပါက အပေါ့စားအိပ်ဆေး သို့မဟုတ် အောက်ပိုင်းထုံဆေးတို့ဟာ ကောင်းမွန်တဲ့ ရွေးချယ်စရာများဖြစ်ပါတယ်။