သားဥပြွန်ချည်ခြင်း၏ အကျိုးကျေးဇူးများ
– ၎င်းမှာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။
– ဟော်မုန်းဆိုင်ရာ စိုးရိမ်ပူပန်စရာမလိုပါဘူး။ သင်ဟာ ဟော်မုန်းပါဝင်တဲ့နည်းလမ်းမသုံးချင်ဘူးဆိုရင်၊ ဒီဟာက ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်၊ သားကြောဖြတ်ခြင်းဟာ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းများကို မပြောင်းလဲစေပါဘူး။
– ဒီဟာက အားစိုက်ထုတ်ရမှုနည်းပါတယ်။ သင်ဟာ ခွဲစိတ်မှု တခါလုပ်ပြီးတာနဲ့ နောက်ထပ်စဥ်းစားစရာမလိုတော့ပါဘူး။
– သင့်မှာ ကလေးရှိပြီးရင် ဒါမှမဟုတ် ကလေးမလိုချင်ဘူးဆိုရင် ဒီဟာက ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်ပါတယ်။
– သင်ဟာ ကိုယ်ဝန်အကြောင်း စိုးရိမ်ပူပန်စရာမလိုပဲ လိင်ဆက်ဆံနိုင်ပါတယ််။
သားဥပြွန်ချည်ခြင်း၏ဘေးထွက်ဆိုးကျိုးများ
သားဥပြွန်ချည်ခြင်းအတွက် ဘေးထွက်ဆိုးကျိုးများမရှိပါဘူး။ သို့သော်လည်း သင်ဟာ ခွဲစိတ်မှုနဲ့ သက်ဆိုင်တဲ့ ရှုပ်ထွေးမှုများ ကြုံတွေ့ရနိုင်ပါတယ်။ ၎င်းရှုပ်ထွေးမှုများမှာ အောက်ပါတို့ ပါဝင်ပါတယ်
– သွေးထွက်ခြင်း၊
– ရောဂါပိုးဝင်ခြင်း၊
– မေ့ဆေးပြီးနောက် မအီမသာဖြစ်ခြင်း၊ နှင့်
– သင့်သားဥပြွန်များမှ အလိုအလျောက်ပြန်လည်ချိတ်ဆက်နိုင်သည့် အလွန်ရှားပါးသောအန္တရာယ် – ဒီလိုဖြစ်ပေါ်ပါက ကိုယ်ဝန်ဆောင်ရနိုင်ပါတယ် (၈)။
သားဥပြွန်ချည်ခြင်း၏ ဆိုးကျိုးများ
– ၎င််းဟာ တသက်တာလုံးအတွက် အတည်ဖြစ်ပါတယ်။ သားဥပြွန်ချည်ခြင်းခွဲစိတ်မှုမလုပ်ခင်မှာ သင့်အနေနဲ့ ကလေးလုံးဝမလိုချင်ကြောင်း ၁၀၀% သေချာဖို့ လိုအပ်ပါတယ်။
– ၎င်းဟာ STI များမှ မကာကွယ်ပေးပါဘူး (၂)။