မအင်္ဂါအကွင်းကို ဘယ်လိုထည့်သွင်းရသလဲ?

မအင်္ဂါအကွင်းကို ဘယ်လိုထည့်သွင်းရသလဲ?
မအင်္ဂါအကွင်းကို ဘယ်လိုထည့်သွင်းရသလဲ?

အကွင်းဟာ အသုံးပြုရတာလွယ်ကူပါတယ်။ သင်မှတ်မိရမှာက ဘယ်အချိန်မှာ ထည့်သွင်းရမလဲ နှင့် ဘယ်အချိန်မှာ ဖယ်ရှားရမလဲတို့ပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်နှင့်လည်း သက်တောင့်သက်သာရှိသင့်ပါတယ်။ သင့်ကိုယ်အတွင်းသို့ သင့်လက်ချောင်းများထည့်သွင်းခြင်းအတွက် အဆင်မပြေပါက အကွင်းဟာ သင့်အတွက် အကောင်းဆုံးရွေးချယ်စရာမဟုတ်နိုင်ပါဘူး။ ၎င်းဟာ tampon ထည့်သွင်းခြင်းနှင့် ပုံစံအတော်တူပါတယ်။ သင်ဒီဟာကို လုပ်နိုင်ပါက အကွင်းကို အသုံးပြုနိုင်ပါတယ်။

သန္ဓေတားမအင်္ဂါအကွင်းကို သင့်ဓမ္မတာကာလမည်သည့်အချိန်တွင်မဆိုထည့်သွင်းနိုင်ပါတယ်။ သို့သော်လည်း၊ သင့်ဓမ္မတာကာလပထမရက်အတွင်းထည့်သွင်းခြင်းဟာ ချက်ချင်းထိရောက်မှာဖြစ်ပါတယ်။ သင်ဟာ အခြားအချိန်များမှစတင်ရင်တော့၊ ပထမဆုံး ၇ ရက်အတွက် အရန်သန္ဓေတားနည်းလမ်းအသုံးပြုရမှာဖြစ်ပါတယ်။

ဒီသန္ဓေတားနည်းလမ်းကိုအသုံးမပြုခင်မှာ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ပြီး ဆေးစစ်ရပါမယ်။ ပြီးနောက် ဒီ နည်းလမ်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းဟုတ်၊မဟုတ် ဆုံးဖြတ်ရပါမယ်။ အချို့နိုင်ငံများမှာ သင်ဟာ ဒီသန္ဓေတားနည်းလမ်းကိုဝယ်ယူနိုင်ဖို့ ဆေးစာလိုအပ်ပါတယ်။

မအင်္ဂါအကွင််းထည့်သွင်းခြင်း

စတင်ရန် သင့်လက်များကို ရေ၊ ဆပ်ပြာတို့နှင့် စင်ကြယ်စွာဆေးကြောပါ။ ပြီးနောက်၊ သင့်အတွက် သက်တောင့်သက်သာအဖြစ်ဆုံး အနေအထားကို ရွေးချယ်ပါ၊ ဥပမာ၊ ခြေထောက်တဖက်မြှောက်ပြီး မတ်တပ်ရပ်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်း သို့မဟုတ် လှဲအိပ်ခြင်းတို့ဖြစ်ပါတယ်။ အကွင်းကိုထည့်သွင်းရန် ၎င်းကို သင့်လက်မ၊ လက်ညှိးအကြား ဖိချေလိုက်ပါ၊ ပြီးနောက် tampon ကဲ့သို့ထည့်သွင်းပါ။ ၎င်းဟာ သင့်ရဲ့ မအင်္ဂါနံရံအတွင်း ကပ်နေမှာဖြစ်ပါတယ်။ သင် သက်တောင့်သက်သာဖြစ်တယ်ဆိုရင် အနေအထားအတိအကျဟာ သိပ်အရေးပါမှုမရှိပါ။ သင် အကွင်းကိုလှည့်ပြီး ထည့်သွင်းရတဲ့ “လှည့်သွင်း” နည်းလမ်းကိုလည်း စမ်းသုံးနိုင်ပါတယ်။

သားအိမ်ခေါင်းအစွပ် သို့မဟုတ် မအင်္ဂါထည့်အကာအကွယ်ပစ္စည်းများနှင့် မတူပဲ၊ မအင်္ဂါအကွင်း အလုပ်လုပ်ရန် သင့်ရဲ့ သားအိမ်ခေါင်းအပေါက်ကို ဖုံးထားစရာမလိုပါဘူး။ အကွင်းဟာ သက်တောင့်သက်သာမရှိဘူးဆိုရင်၊ သင့်ရဲ့ မအင်္ဂါအတွင်း သက်တောင့်သက်သာဖြစ်သည်အထိ တွန်းထည့်ထားနိုင်ပါတယ်။​

လိင်ဆက်ဆံစဥ်အတွင်း အကွင်းဖယ်ရှားခြင်းဟာ မလိုအပ်သလို အကြံလည်းမပြုပါဘူး။ သို့သော်လည်း၊ သင်ဖယ်ရှားလိုပါက၊ လိင်ဆက်ဆံခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ သို့မဟုတ် အခြားအကြောင်းပြချက်များအတွက် ဖယ်ရှားနိုင်ပါတယ်၊ သို့သော်လည်း ၄၈ နာရီအတွင်း ပြန်လည်ထည့်သွင်းတာသေချာပါစေ။

သင်အကွင်းကိုထည့်သွင်းပြီးတာနဲ့၊ သုံးပတ်ကြာထားရှိဖို့ အကြံပြုထားကြပါတယ်။ စတုတ္ထမြောက်အပတ်အစမှာ ၎င်းကိုထုတ်ယူလိုက်ပါ [3]။

မအင်္ဂါထည့်အကွင်းကိုဘယ်လိုဖယ်ရှားမလဲ

မအင်္ဂါထည့်အကွင််းကိုဖယ်ရှားရန်၊ အောက်ပိုင်းအစွန်းကို သင့်လက်ချောင်းဖြင့်ဖိပြီး ဆွဲထုတ်ပါ။ ဘူးနှင့်တခါတည်းပါလာသော သတ္တုအိတ်အတွင်းထည့်ပြီး အမှိုက်အိတ်ထဲစွန့်ပစ်ပါ – အိမ်သာထဲသို့ရေဆွဲချခြင်းမှ ရှောင်ကြဥ်ပါ။ တပတ်လောက်ထားထားပြီးနောက်၊ အကွင်းအသစ်ထည့်သွင်းကာ တလတာကာလကို ပြန်လည်စတင်ပါ။

အကွင််းမရှိတော့သည့်အခါ၊ သင့်ရဲ့ ဓမ္မတာပြန်လာနိုင်ပါတယ်။ သင် အကွင်းသစ်ထည့်သွင်းရမည့်အချိန်တွင် သွေးဆင်းနေဆဲ ဖြစ်ပါကလည်း မစိုးရိမ်ပါနှင့်။ ဒီဟာက ပုံမှန်ဖြစ်ပြီး သင့်ရဲ့ ဓမ္မတာဟာ မကြာခင်မှာ ရပ်သွားမှာဖြစ်ပါတယ်။

ကျွန်ုပ်၏ မအင်္ဂါထည့်အကွင်းကို ဖယ်ရှားရန်မေ့ပါက ဘာဖြစ်မလဲ?

သုံးပတ်ကြာပြီးနောက် သင့်ရဲ့ မအင်္ဂါထည့်အကွင်းကို ဖယ်ရှားရန် မေ့ပြီး လေးပတ်မြောက်အထိ ဆက်လက်ထားရှိပါက၊ အခြားအထူးလုပ်ဆောင်စရာများမလိုအပ်ပါ။ အကွင်းကိုဖယ်ရှားပြီးနောက် ပုံမှန်အတိုင်း အကွင်းအသစ်ကို ထည့်သွင်းပါ။

သန္ဓေတားမအင်္ဂါထည့်အကွင်းဟာ ရက်ပိုခုနှစ်ရက်ထက်ပိုပြီး ရှိနေပါက၊ မြန်နိုင်သမျှ မြန်မြန် ထုတ်ယူပါ၊ ပြီးနောက် အကွင်းသစ်ကို ချက်ချင်းထည့်သွင်းပါ။ ထို့နောက်တွင် ကွန်ဒုံးကဲ့သို့ အရန်သန္ဓေတားနည်းလမ်းကို နောက်ထပ်ခုနှစ်ရက်အတွင်းအသုံးပြုပါ။

အကွင်းရှိနေစဥ်အတွင်း သင်ဟာ လိင်ဆက်ဆံနိုင်၊ tampon အသုံးပြုနိုင်ပါတယ်။ သင့်လက်တွဲဖော်ဟာ လိင်ဆက်ဆံစဥ်အတွင်း အကွင်းကို ခံစားမိနိုင်သော်လည်း၊ ၎င်းဟာ သူ့ကို မည်သည့်ပုံစံနှင့်မျှ​ ထိခိုက်စေမှာမဟုတ်ပါဘူး [4]။

ကျွန်ုပ်၏ မအင်္ဂါထည့်အကွင််းကဘာကြောင့် ထွက်ထွက်ကျနေတာလဲ?

သင့်အကွင်းရှိနေမှုကို လက်ချောင်းများဖြင့် စစ်ဆေးနိုင်ပါတယ်။ သင့်အကွင်းထွက်ကျလာပါက၊ သင်မှန်ကန်စွာမထည့်သွင်းထားခြင်းကြောင့် ဖြစ်နိုင်ချေများပါတယ်။ အကွင်းထွက်ကျခဲ့ရင်၊ သန့်ရှင်းသော ရေဖြင့်ဆေးကြောပြီး ချက်ချင်းပြန်လည်ထည့်သွင်းပါ။

သင့်အကွင််းဟာ သင့်မအင်္ဂါအတွင်းရှိနေသော်လည်း ၎င်းကို မခံစားရပါက၊ သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ပြီး အကူအညီတောင်းခံပါ။ သန္ဓေတားမအင်္ဂါထည့်အကွင်း သင့်မအင်္ဂါအတွင်းတွင် ပျောက်ဆုံးနိုင်ချေလုံးဝမရှိပါ။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

သန္ဓေတားထိုးဆေး

Hormonal

ဒါဘာလဲ။
သန္ဓေတားထိုးဆေးဟာ အမျိုးသမီးခန္ဓာကိုယ်တွင် တွေ့ရသည့် ဟော်မုန်းများ၏ လူလုပ်ဗားရှင်းများပါဝင်သည့် အရည်ဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၉၆-၉၇% ထိရောက်ပါတယ်။
  • အားသာချက်များ
    • ၎င်းဟာ ရေတိုကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်ပါတယ် – တစ်၊ နှစ် ဒါမှမဟုတ် သုံးလ (ရရှိနိုင်သည့် အမျိုးအစားအပေါ် မူတည်၍)။
    • ၎င်းကို ဖွက်ရလွယ်ပါတယ်၊​ မည်သူမှ သိမှာမဟုတ်ပါဘူး။​
    • ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ အက်စတိုဂျင်ပါဝင်သောသန္ဓေတားနည်းလမ်းများမသုံးနိုင်သူများအတွက် ကောင်းပါတယ်။
    အားနည်းချက်များ
    • သင်ဟာ တစ်၊ နှစ် ဒါမှမဟုတ် သုံးလတစ်ခါ ထိုးဆေးထိုးရမှာဖြစ်တာကြောင့် ၎င်းဟာ ပုံမှန်ထိန်းသိမ်းမှုလိုပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးများမှာ ဓမ္မတာများပိုပြီးပျော့လာခြင်း၊ ပိုတိုခြင်း ဒါမှမဟုတ် အဖြစ်နည်းခြင်း နဲ့ သွေးစိမ့်ခြင်း၊ မမျှော်လင့်သော သွေးဆင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပါဘူး။ ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ သုံးစွဲမှုရပ်တန့်ပြီးသော်လည်း ကိုယ်ဝန်ရနိုင်ချေ နှောင့်နှေးမှုဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများထဲမှာ ခေါင်းကိုက်ခြင်းများ၊ ခေါင်းမူးခြင်း၊ လိင်ဆန္ဒပြောင်းလဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်းများ၊ ရင်သားပျော့ခြင်း နဲ့ ရင်ပြည့်ခြင်းတို့ ဖြစ်ပါတယ်။
    သန္ဓေတားဆေး ထည့်သွင်းခြင်း။

    Hormonal

    သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ကိုယ်ဝန်ကာကွယ်ရန် လက်မောင်းအပေါ်ပိုင်းအတွင်းသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးပါးလွှာတဲ့ ပရိုဂျက်စတင်အချောင်းဖြစ်ပါတယ်။
  • ၎င်းဟာ ၉၉.၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ မမြင်သာသောကြောင့် လိုက်ရှာသူများမှ လွဲ၍ အခြားသူများထံမှ ဖွက်ရန်လွယ်ပါတယ်၊။
    • ၎င်းကို သုံးရတာလွယ်ပါတယ်။​ထည့်သွင်းပြီး မေ့ထားလိုက်ရုံပါပဲ။
    • ၎င်းဟာ သုံးနှစ် ကနေ ငါးနှစ်အထိ ကြာရှည်ခံသော ကာကွယ်မှုပေးပါတယ်။​”

     

    • အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့ ပုံမှန်မဟုတ်သည့် သွေးဆင်းခြင်းဖြစ်ပါတယ် – သွေးနည်းနည်းဆင်းခြင်း ဒါမှမဟုတ် သွေးစိမ့်ခြင်း – သို့မဟုတ် သင့်လစဥ် ဓမ္မတာရပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။
    • အခြားဖြစ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများတွင် ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်သားနူးညံ့လာခြင်း၊ အစာစားချင်စိတ်ပြောင်းလဲခြင်း နှင့် ဝက်ခြံ ဆိုးလာခြင်း သို့မဟုတ် ပိုကောင်းခြင်း ဖြစ်နိုင်ပါတယ်။
    မွေးဖွားမှုထိန်းချုပ်ရေးကွင်း

    Hormonal

    မအင်္ဂါအကွင်းဟာ သန္ဓေတားနည်းလမ်းအဖြစ် မအင်္ဂါထဲသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးကွေးဆန့်နိုင်တဲ့ အကွေးဖြစ်ပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပုံမှန်ဖြစ်သော၊ နာကျင်မှုနည်းသော၊ အားပျော့သော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • အခြားဟော်မုန်းပါဝင်သော သန္ဓေတားနည်းလမ်းများနဲ့ နှိုင်းယှဥ်ရင် ၎င်းမှာ ဟော်မုန်းပမာဏပိုနည်းပါတယ်။
    • သုံးစွဲမှုရပ်လိုက်ပြီးတဲ့နောက်မှာ ၎င်းဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ စွမ်းရည်ကို မနှောင့်နှေးစေပါဘူး။
    • သင်ဟာ တစ်လတစ်ကြိမ်၊ အချိန်မှန် ၎င်းကို လဲလှယ်ရမှာဖြစ်တဲ့အတွက် ပုံမှန်အားထုတ်မှုလိုအပ်ပါတယ်။
    • ၎င်းဟာ ရေရှည်ကာကွယ်ခြင်းကို မပေးစွမ်းပဲ ပုံမှန်အသုံးပြုမှာသာလျှင် ထိရောက်ပါတယ်။ ၎င်းကို သုံးပတ်ထည့်ရပြီး နောက်ဆုံးအပတ်မှာ မထည့်ရပါဘူး။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်ပြည့်ခြင်း၊ ရင်သားများနာခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်းများ နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
    ကပ်ခွာပြား

    Hormonal

    အပြားဟာ ပရိုဂျက်စတင် နဲ့ အက်စတိုဂျင်ပါဝင်သော ပါးလွှာပြီး လေးထောင့်ဖြစ်တဲ့ ၅ စင်တီမီတာပတ်လည် ဆေးပလာစတာလိုမျိုး ပစ္စည်းဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်မှာ ကပ်ရပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပိုမိုပုံမှန်ဖြစ်သော၊ ပျော့သော၊ နာကျင်မှုနည်းသော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • သင် အန်တာ ဒါမှမဟုတ် ဝမ်းလျှောတာဖြစ်ရင်တောင် ၎င်းဟာ ထိရောက်နေဦးမှာပါ။
    • သုံးစွဲမှုရပ်ပြီးနောက်မှာ ၎င်းဟာ ကိုယ်ဝန်ရနိုင်စွမ်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို သင့်ခန္ဓာကိုယ်ပေါ်မှာမြင်နိုင်သောကြောင့် ဖွက်ရတာခက်ပါတယ်။
    • ၎င်းဟာ အားထုတ်မှုအများအပြားလိုအပ်ပါတယ်။ ကပ်ခွာအပြားအသစ်တစ်ခုကို တစ်ပတ်တစ်ခု၊ သုံးပတ်အတွက် ကပ်ရပါတယ်၊ ပြီးသွားရင် နောက်ဆုံးအပတ်မှာတော့ မကပ်ရပါဘူး။
    • ၎င်းဟာ ရေရှည်ကာကွယ်မှုမပေးပါဘူး၊ ပြီးတော့ လစဥ်ဓမ္မတာကာလအတွင်း မှန်ကန်စွာသုံးမှသာ ၎င်းဟာ ထိရောက်ပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပါတယ်၊ ပြီးရင် ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများ ဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ အသားအရေ ဓာတ်မတည့်ခြင်း၊ အော့အန်လိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနူးညံ့ခြင်း နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပဲ လအနည်းငယ်အကြာမှာ ပျောက်သွားပါမယ်။
    အရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ

    Hormonal

    စိတ်မချရပဲလိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ကိုတားဆီးပါ
  • ၎င်းဟာ ၉၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ ပုံမှန်ဟော်မုန်းမပါဝင်သော သန္ဓေတားနည်းလမ်းအသုံးမပြုနိုင်သည့် အမျိုးသမီးများအပါအဝင် အမျိုးသမီးတိုင်းအတွက် အန္တရာယ်ကင်းပါတယ်။
    • ၎င်းကို ရယူရန် ဆရာဝန်ဆေးစာ ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု မလိုအပ်ပါဘူး။
    • ၎င်းဟာ သန္ဓေအောင်နိုင်မှုပြန်ဖြစ်ခြင်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို ဖွက်ဖို့ မလွယ်ပါဘူး။ သင့်အိတ်ထဲတွင် ၎င်းကို တွေ့နိုင်ပါတယ်။
    • ၎င်းဟာ ရေရှည် ကိုယ်ဝန်ကာကွယ်ခြင်းကို မပေးစွမ်းပါဘူး။ ၎င်းဟာ တစ်ကြိမ်တစ်ခါ ကာကွယ်ခြင်းကို ပေးပြီးတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုအပြီး ငါးရက်အတွင်း သောက်မှသာ ထိရောက်ပါတယ်။
    • ၎င်းဟာ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အနည်းငယ်ပုံမှန်မဟုတ်သော မအင်္ဂါသွေးဆင်းခြင်း နဲ့ ပင်ပန်းမှုဖြစ်စေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများဟာ အန္တရာယ်မရှိပါဘူး။
    • ၎င်းကို ပုံမှန်သန္ဓေတားနည်းလမ်းအဖြစ် အသုံးပြုရန် အကြံမပေးပါဘူး။

    Our Monthly Top Articles