ကျန်းမာရေးအကျိုးကျေးဇူးများ
ပုံမှန်အသုံးပြုခြင်းဖြင့်၊ သန္ဓေတားမအင်္ဂါအကွင်းဟာ သန္ဓေတည်ခြင်းမှ ၉၃% ခန့်ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ မှန်ကန်စွာအသုံးပြုပါက၊ ၎င်းဟာ ၉၉% အထိ ထိရောက်နိုင်ပါတယ်။
၎င်းဟာ ဓမ္မတာကြွက်တက်ခြင်းများ၊ ဓမ္မတာမလာမှီဖြစ်သောရောဂါ (PMS) လက္ခဏာများ နှင့် မျိုးဥထွက်ခြင်းနာကျင်မှုများကို လျော့ချပေးနိုင်ပါတယ်။
၎င််းဟာ သင့်အား ပုံမှန်၊ နာကျင်မှုနည်းသော၊ ပိုမိုပေါ့ပါးသော ဓမ္မတာများပေးနိုင်ပါတယ်။
အကွင်းဟာ သားအိမ်ကင်ဆာ နှင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို ၅၀ % အထိ လျော့ချပေးနိုင်ပါတယ်။
၎င်းဟာ သားအိမ်အလုံးတည်ခြင်းမှ ကာကွယ်မှုပေးနိုင်ပါတယ်။
၎င်းဟာ သားအိိမ်အလုံးများစွာတည်ခြင်းရောဂါ (ပုံမှန်မဟုတ်သောသွေးဆင်းခြင်း၊ ဝက်ခြံ၊ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် အမွှေးများစွာရှိခြင်း) လက္ခဏာများကို လျော့ချပေးနိုင်ပါတယ်။
၎င်းဟာ ကင်ဆာမဟုတ်သော (ပျော့ပျောင်းသော) ရင်သားရောဂါများအတွက် ကာကွယ်မှုပေးနိုင်ပါတယ်။
၎င်းဟာ သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းကို ကူညီကာကွယ်ပေးနိုင်ပါတယ်။
၎င်းဟာ ဝက်ခြံရှင်းလင်းပေးခြင်း၊ မျက်နှာ နှင့် ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ လျှော့ချပေးခြင်းဖြင့် အလှအပဆိုင်ရာအကျိုးကျေးဇူးများပေးနိုင်ပါတယ်။
အခြားဟော်မုန်းသန္ဓေတားနည်းလမ်းများနှင့် နှိုင်းယှဥ်လျှင် အကွင်းမှာ ဟော်မုန်းပမာဏ နည်းပါးပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
၎င်းဟာသုံးစွဲရလွယ်ကူပါတယ် – tampon တခုထည့်သွင်းသလိုပါပဲ- ပြီးတော့ ၎င်းဟာ လစဥ်အားစိုက်မှုနည်းနည်းသာလိုအပ်ပါတယ်။ သင်ဟာ အပ်ကြောက်လျှင် သို့မဟုတ် နေ့စဥ် ဆေးလုံးများသောက်ရမှာကို မေ့တတ်လျှင်၊ အကွင်းဟာ သင့်အတွက်ကောင်းမွန်တဲ့နည်းလမ်းဖြစ်နိုင်ပါတယ်။ သင်ဟာ တလနှစ်ကြိမ်သာ လုပ်ဖို့ မှတ်မိရန်လိုအပ်ပါတယ်။
၎င်းဟာ အလယ်အလတ်အားစိုက်ထုတ်မှုသာလိုပါတယ် : အကွင်းကိုထည့်သွင်းမယ်၊ သုံးပတ်စောင့်မယ်၊ အကွင်းကိုဖယ်ရှားမယ်၊ တပတ်စောင့်မယ်၊ ပြီးနောက် နောက်ထပ်အကွင်းထည့်မယ်။
၎င််းဟာ မည်သည့်မအင်္ဂါမျိုးကိုမဆို ထည့်သွင်းနိုင်ရန် ပျော့ပျောင်းပါတယ်။
ရာဘာစေးဓာတ်မတည့်မှုရှိသော အမျိုးသမီးများအတွက်လည်း အန္တရာယ်ကင်းပါတယ်။
၎င်းဟာ တကိုယ်ရည်သီးသန့်ဖြစ်ပါတယ်။ ဆေးသောက်သလိုမျိုး သင်ထည့်သွင်းခြင်းကို မည်သူမှ သိမှာမဟုတ်ပါဘူး။
၎င်းကိုသုံးစွဲနိုင်ရန် လိင်ဆက်ဆံခြင်းကို အနှောင့်အယှက်ဖြစ်စရာမလိုပါဘူး။
နေ့စဥ်ကိုယ်ဝန်တားသောက်ဆေးကဲ့သို့ သောက်သုံးရန် မှတ်ထားစရာမလိုပါဘူး။
သင့်ရဲ့ ဓမ္မတာကိုကျော်နိုင်ပါတယ်။ ဆက်တိုက်သုံးစွဲသည့်အခါ၊ အကွင်းဟာ သင့်ရဲ့ ဓမ္မတာများကို လုံးဝကျော်နိုင်တဲ့ ရွေးချယ်ခွင့်ပေးနိုင်ပြီး ၎င်းဟာ ၁၀၀% အန္တရာယ်ကင်းပါတယ်။
၎င်းဟာ မျိုးပွားနိုင်ခြင်းကို မနှောင့်နှေးစေပါဘူး။ အကွင်းကိုဖယ်ရှားပြီးနောက် သိပ်မကြာခင် ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန်မဆောင်ချင်သေးဘူးဆိုရင်တော့ နောက်ထပ် အကွင်းအသစ်ထည့်သွင်းခြင်း သို့မဟုတ် အခြား သန္ဓေတားနည်းလမ်းအသုံးပြုခြင်းဖြင့် ကာကွယ်ပါ [6]။