မအင်္ဂါထည့်အကွင်း

မအင်္ဂါထည့်အကွင်း
မအင်္ဂါထည့်အကွင်း

မအင်္ဂါထည့်အကွင်းဆိုတာဘာလဲ?

သန္ဓေတားမအင်္ဂါအကွင်း”၊ “ကိုယ်ဝန်တားအကွင်း” သို့မဟုတ် နျူဗာအကွင်း ဟုသိကြသော မအင်္ဂါထည့်အကွင်းဟာ သေးငယ်ပြီး ကွေးဆန့်နိုင်သည့်အကွေးဖြစ်ပါတယ်။ ၎င်းကို အမျိုးသမီးအင်္ဂါအတွင်းသို့ သန္ဓေတားနည်းလမ်းတခုအဖြစ်ထည့်သွင်းပါတယ်။ ၎င်းဟာ ၄ မီလီလီတာထူပြီး အချင်း ၅.၅ စင်တီမီတာရှိပါတယ်။

၎င်းကို သုံးပတ်ထည့်သွင်းရပြီး နောက်ထပ် ထပ်မံမထည့်သွင်းမှီ တပတ်ပြန်လည်ထုတ်ယူရပါတယ်။

မအင်္ဂါထည့်အကွင်းထိရောက်မှု

တိကျကောင်းမွန်စွာသုံးစွဲမှုနှင့်အတူ၊ မအင်္ဂါထည့်အကွင်းဟာ အမျိုးသမီး ၁၀၀ မှာ ၉၉ ယောက်အတွက် သန္ဓေတားပေးမှာဖြစ်ပါတယ်။ ပုံမှန်သုံးစွဲခြင်း သို့မဟုတ် လူအများစုသုံးစွဲမှုပုံစံနှင့်အတူ အကွင်းဟာ အမျိုးသမီး ၁၀၀ မှာ ၉၃ ယောက်အတွက် သန္ဓေတားပေးမှာဖြစ်ပါတယ် [1]။

မအင်္ဂါထည့်အကွင်းဟာ ဘယ်လိုအလုပ်လုပ်သလဲ?

မအင်္ဂါထည့်အကွင်းမှာ အမျိုးသမီးခန္ဓာကိုယ်အတွင်း သဘာဝအတိုင်းတွေ့ရှိရသည့် အက်စတိုဂျင်နှင့် ပရိုဂျက်စတင်ဟော်မုန်းများနှင့် ဆင်တူသည့် အက်စတိုဂျင်နှင့်ပရိုဂျက်စတင်ပါရှိပါတယ်။ အကွင်းဟာ ဟော်မုန်းနှစ်ခုကို ထုတ်လွှတ်ပြီး ၎င်းတို့ကို မအင်္ဂါနံရံမှ တဆင့် အမျိုးသမီး သွေးကြောထဲစီးဝင်ပါတယ်။

အကွင်းဟာ သန္ဓေတည်ခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် ကာကွယ်ပေးပါတယ် : ၎င်းဟာ သင့်ရဲ့ သားဥအိမ်များကို သားဥများထုတ်လွှတ်ခြင်း (မျိုးဥထွက်ခြင်း) မှ ကာကွယ်သော၊ သားအိမ်ခေါင်းအချွဲများကို ပိုမိုထူထပ်စေပြီး သုက်ကောင်ကို မျိုးဥဆီရောက်ရှိခြင်းမှ တားဆီးပေးသော ဟော်မုန်းများကိုထုတ်လုပ်ပါတယ်။ ၎င်းဟာ တလချင်းစီအလိုက် သန္ဓေတည်ခြင်းကို ကာကွယ်ပေးပါတယ် [2]။

မအင်္ဂါအကွင်းအမျိုးအစားများ

မအင်္ဂါအကွင်းအမျိုးအစားနှစ်မျိုးရှိပါတယ် : ပြန်လည်အသုံးမပြုနိုင်သော နှင့် ပြန်လည်အသုံးပြုနိုင်သော အကွင်းများ ဖြစ်ပါတယ်။

ပြန်လည်အသုံးမပြုနိုင်သော မအင်္ဂါအကွင်းကို ဓမ္မတာတလစာအတွက် အသုံးပြုပြီးနောက် စွန့်ပစ်ရပါတယ်။ ဥပမာများကတော့ သုံးပတ်အတွက်သာအသုံးပြုနိုင်မယ့် နျူဗာအကွင်း နှင့် လျူရန်တို့ဖြစ်ပါတယ်။

ပြန််လည်အသုံးပြုနိုင်သော မအင်္ဂါအကွင်းကို ပြန်လည်အသုံးမပြုနိုင်သော မအင်္ဂါအကွင်းကဲ့သို့အသုံံးပြုပါတယ်။ သို့သော်လည်း၊ ၎င်းကို သုံးပတ်အကြာမှာ ဖယ်ရှားပြီးတာနဲ့ ရေ၊ ဆပ်ပြာတို့နှင့်ဆေးကြော၊ အခြောက်ခံပြီး ခုနှစ်ရက်ခန့် သိုလှောင်ပါ။ ခုနှစ်ပြီးနောက်မှာ၊ ၎င်းကို မအင်္ဂါအတွင်းသို့ပြန်လည်ထည့်သွင်းရပါတယ်။ ၎င်းမှာ တစ်နှစ်အထိ ထိရောက်နိုင်သော ဟော်မုန်းများပါရှိပါတယ်၊ သို့သော်လည်း​ ဒီလိုပါရှိခြင်းဟာ တနှစ်ပြီးနောက် မဖယ်ရှားသင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ တနှစ်ပြီးနောက်မှာ၊ ၎င်းကို ပြန်လည်အသုံးမပြုနိုင်သော အကွင်းများကဲ့သို့ စွန့်ပစ်ရပါတယ်။ ဥပမာကတော့ အာနိုဗီရာ သန္ဓေတားမအင်္ဂါအကွင်းဖြစ်ပါတယ်။

သန္ဓေတားမအင်္ဂါအကွင်းဟာဘယ်လိုမျိုးလဲ?

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles