ကိုယ်ဝန်တားသောက်ဆေးများကို မည်ကဲ့သို့သောက်သုံးရမလဲ?

ကိုယ်ဝန်တားသောက်ဆေးများကို မည်ကဲ့သို့သောက်သုံးရမလဲ?
ကိုယ်ဝန်တားသောက်ဆေးများကို မည်ကဲ့သို့သောက်သုံးရမလဲ?

ကိုယ််ဝန်တားသောက်ဆေးများဟာ ဘယ်အချိန်မှာ စတင်အလုပ်လုပ်သလဲ?

သင့်အနေနှင့် သိရှိရန် လိုသည့်ပထမအချက်မှာ တားဆေးသောက်သုံးရန် အကောင်းဆုံးအချိန်ဟာ သင့် ဓမ္မတာရဲ့ ပထမရက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ကိုယ်ဝန်ရနိုင်ခြင်းအန္တရာယ်မှ ချက်ချင်းကာကွယ်ခြင်းကို ရနိုင်လို့ဖြစ်ပါတယ်။ သို့သော်လည်း၊ အခြားမည်သည့်အချိန်မှာ ဆေးလုံးကို စတင်သောက်သုံးဖို့လည်းအဆင်ပြေပါတယ်၊​ တခုတည်းသော ခြားနားချက်မှာ သင့်အနေနဲ့ ပထမဆုံး ခုနှစ်ရက်အတွက် ကွန်ဒုံးကဲ့သို့ အရန်သန္ဓေတားနည်းလမ်းကို အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ သန္ဓေတားသောက်ဆေးများကို တချိန်တည်းမှာသောက်ဖို့လိုအပ်ပါသလား?

သန္ဓေတားသောက်ဆေးမှ အမြင့်မားဆုံးကာကွယ်မှုရရှိနိုင်ရန်၊ ဆေးလုံးကို နေ့စဥ်တူညီသော အချိန်မှာသောက်သုံးဖို့ အကြံပေးထားကြပါတယ်၊ ဒါ့အပြင် ဆေးကဒ်အသစ်ကို အချိန်မှီစတင်သောက်သုံးရမှာဖြစ်ပါတယ်။ သင့်ဆေးလုံးများကို မတူညီသောနေ့များရဲ့ မတူညီသော အချိန်များမှာ သောက်သုံးလျှင်တောင်မှ ထိရောက်နိုင်သော်လည်း တူညီသောအချိန်မှာ သောက်သုံးခြင်းဟာ အချို့သော ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးနိုင်ပြီး သင့်ကို ဆေးလုံးသောက်ဖို့ မှတ်မိနိုင်ရန်လည်း ကူညီပေးပါမယ်။ မေ့ကျန်သွားသော ဆေးလုံးများကိုလည်း မြန်နိုင်သမျှမြန်မြန် ပြန်လည်သောက်သုံးသင့်ပါတယ်။ ဆေးလုံးသောက်ရန် မေ့ခြင်းဟာ ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေပြီး သင့်ရဲ့ ဘေးထွက်ဆိုးကျိုးများကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ် [3]။ သင့်အနေနဲ့ ဆေးလုံးကို အချိန်မှီသောက်သုံးရန် မေ့နိုင်ပါက၊ သင့်ကိုယ်သင် သတိပေးရန် alarm ထားရှိခြင်း သို့မဟုတ် တားဆေးသောက်ခြင်းကို သွားတိုက်ခြင်းကဲ့သို့ နေ့စဥ်လုပ်ငန်းဆောင်တာတခုနှင့် ချိတ်ဆက်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

၂။ ကျွန်ုပ်ရဲ့ သန္ဓေတားသောက်ဆေးကို နေ့စဥ် တူညီတဲ့အချိန်မှာ သောက်သင့်သလား?​

တားဆေးဟာ စည်းစနစ်ရှိဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ဆေးလုံးကို နေ့စဥ်တူညီတဲ့အချိန်မှာ သောက်ဖို့ မှတ်မိရန် လိုအပ်ပါတယ်။ သင့်အနေနဲ့ နေ့စဥ် ဆက်တိုက် မသောက်နိုင်ပါက ထိရောက်မှာမဟုတ်ပါဘူး။

သင်တားဆေးသောက်သုံးနိုင်တဲ့ နည်းလမ်းအများအပြားရှိပါတယ် :

၁။ ပုံမှန်ဓမ္မတာလာခြင်းနည်းလမ်း။​

ဒီရွေးချယ်မှုဟာ လစဥ်ဓမ္မတာလာချင်သူတွေအတွက်ဖြစ်ပါတယ်။ ၂၈ ရက် ဆေးကဒ်ကို အသုံးပြုနေပါက၊ ပုံမှန် ဟော်မုန်းဆေးလုံးများကို ၂၁ ရက်အထိသောက်ပါ၊ ပြီးနောက် ဟော်မုန်းမပါဝင်သော ဆေးလုံးများကို ခုနှစ်ရက်သောက်ပါ။ ခုနှစ်ရက်ပြီးနောက်မှာ ဆေးကဒ်အသစ်ကို စတင်သောက်သုံးပါ။ ၂၁ လုံးဆေးကဒ်သောက်နေပါက၊ ဟော်မုန်းဆေးလုံးများကို ၂၁ ရက်သောက်ပါ၊ ထို့နောက် ခုနှစ်ရက် မသောက်ပဲထားပါ – ဒီထက်မပိုပါနှင့် – ပြီးတာနဲ့ နောက်ဆေးကဒ်မှ ဆေးများကို စသောက်ပါ။
ဟော်မုန်းမပါဝင်သော ဆေးလုံးများကို ခုနှစ်ရက်သောက်နေစဥ် အတွင်း သို့မဟုတ် ၂၁လုံးဆေးကဒ်အတွက် ၇ရက် နားနေစဥ်အတွင်း သင့်ရဲ့ ဓမ္မတာလာမှာဖြစ်ပါတယ်။ တခါတရံမှာ သင့်ဓမ္မတာဟာ နောက်ကျမှလာနိုင်တာကို ကျေးဇူးပြုပြီးမှတ်ထားပေးပါ။ သင့်ပုံမှန်ဓမ္မတာနှင့် ယှဥ်လျှင် ပိုပြီးပေါ့ပါးတာ၊ နာကျင်မှုနည်းတာ ဖြစ်နိုင်ပါတယ်။​ မည်သို့ပင်ဖြစ်စေ ဆေးလုံးများကို မှန်ကန်စွာ သောက်သုံးတယ်ဆိုရင်၊ နောက်ဆေးကဒ်ကို အချိန်မှီစသောက်တယ်ဆိုရင် သင့်ကို ခုနှစ်ရက်အတွင်း ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်ပေးထားမှာဖြစ်ပါတယ်။ ဓမ္မတာလာနေဆဲဖြစ်ဖြစ်၊ ပြီးသွားရင်ပဲဖြစ်ဖြစ် ခုနှစ်ရက်ပြီးနောက်မှာ နောက်ထပ်ဆေးကဒ်ကို မဖြစ်မနေစသောက်ရမှာဖြစ်ပါတယ်။
သင်ဟာ တပတ်အတွင်း ဆေးလုံး ၂ လုံး သို့မဟုတ် ၂ လုံးထက်ပိုပြီး မသောက်ဖြစ်ခဲ့ရင် သန္ဓေတားသောက််ဆေးဟာ သင့်ကို ကိုယ်ဝန်ဆောင်ခြင်းမှ ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

၂။ ပုံမှန်မဟုတ်သောဓမ္မတာလာခြင်းနည်းလမ်း။

ဒီီနည်းလမ်းဟာ ဓမ္မတာကို တခါတရံမှသာ လာစေလိုသူတွေအတွက် ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့၊ သင်ဟာ ဟော်မုန်းဆေးလုံးများကို နေ့စဥ်ဆက်တိုက်သောက်သုံးဖို့လိုအပ်ပြီး လအများစုမှာ ဟော်မုန်းမပါဝင်သောဆေးလုံး ခုနှစ်လုံးသောက်ခြင်းကို ရှောင်ရှားရပါမယ်။ သင် ဓမ္မတာလာလိုသည့်အခါ ဟော်မုန်းမပါဝင်သော ဆေးလုံး ခုနှစ်လုံးကို သောက်သုံးနိုင်ပါတယ်။​

၃။ ဓမ္မတာလုံးဝမလာသည့်နည်းလမ်း။

ဒီနည်းလမ်းဟာ ဓမ္မတာလုံးဝမလာလိုသူများအတွက်ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့ ဟော်မုန်းဆေးလုံးများကို နေ့စဥ်ဆက်တိုက်သောက်ပါ၊ ဟော်မုန်းမပါဝင်သည့်ဆေးလုံးကို လုံးဝမသောက်ပါနှင့် သို့မဟုတ် ဆေးသောက်ခြင်းမှ ခေတ္တနားခြင်း လုံးဝမလုပ်ပါနှင့်။ ဒီလိုလုပ်ဆောင်ခြင်းဟာ ၂၁လုံးကဒ်မှာ ရှိတဲ့ ဆေးလုံးများကို ဆက်တိုက်သောက်တာမျိုးဖြစ်နိုင်ပါတယ်။
ဆေးလုံး ၈ လုံး နှင့်အထက် တခါတည်းသောက်ဖို့ မေ့ခြင်းမှအပ ဒီနည််းလမ်းနဲ့ဆိုရင် သင့်ကို ကိုယ်ဝန်ဆောင်ခြင်းကနေ ကာကွယ်ပေးထားမှာဖြစ်ပါတယ်။ သင်ဟာ ဒီလိုဆက်တိုက်သောက်သုံးခြင်းကို သင်နှစ်သက်သလောက် ဆေးကဒ်အရေအတွက်အထိသောက်သုံးနိုင်ပါတယ်၊ ပြီးတော့ သင့်အနေနဲ့ ဓမ္မတာလာချင်တယ်ဆိုရင်လည်း ဟော်မုန်းမပါဝင်သောဆေးလုံးများကို သောက်သုံးနိုင်ပါတယ်။
ဒီချဥ်းကပ်မှုနှင့်အတူ၊ သင်ဟာ အစမှာ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း နှင့် သွေးစိမ့်ခြင်းတို့ကို ခံစားရနိုင်ပါတယ်၊ ဒါပေမဲ့ အချိန်ကြာသည်နှင့်အမျှ ဒီဟာတွေက ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။​ [5]
မတူညီသောတားဆေးများအများအပြားရှိပြီး ဒီဟာက စိတ်ရှုပ်ထွေးစေနိုင်ပါတယ်။​ ကျန်းမာရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် လေ့ကျင့်ထားသော လူမှုအသိုင်းအဝိုင်းကျန်းမာရေးလုပ်သားများက သင့်အတွက် ဘယ်တားဆေးက မှန်ကန်သလဲဆိုတာ ကူညီဖော်ထုတ်ပေးနိုင်ပါတယ်။

ကျွန်ုပ်တားဆေးကို သောက်ဖို့မေ့ပါက ဘာဖြစ်မလဲ?

တားဆေး တစ်လုံး သို့မဟုတ် နှစ်လုံး သောက်ရန် မေ့ပါက၊ ဟော်မုန်းဆေးလုံးကို မြန်နိုင်သမျှ မြန်မြန်သောက်ပါ။ နောက်ဆုံးဆေးသောက်ပြီးနောက် ၄၈ နာရီအကြာမှ ဆေးလုံးတလုံးသောက်ခြင်းဟာ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း ဖြစ်စေနိုင်ပါတယ်။

ကျွန်ုပ််ဟာ တားဆေးတလုံးကို သောက်ရန်မေ့သွားပါက၊ တရက်တည်းမှာ နှစ်လုံးသောက်လို့ရပါသလား?

ဆေးသောက်ရန်မေ့သွားပြီး သောက်သုံးရမည့်ရက်ပြီးမှ ပြန်လည်သတိရပါက၊ သင်ဟာ တရက်တည်းမှာ နှစ်လုံးကို သောက်နိုင်ပါတယ်။ သောက်ရာမှာ အနည်းဆုံး ၁၀ နာရီခြားပြီးသောက်သုံးရမှာဖြစ်ပါတယ်။ ၁၀ နာရီထက်စောပြီး သောက်မိပါက သင့်ကို မအီမသာဖြစ်စေနိုင်ပြီး၊ အော့အန်ခြင်းဖြစ်နိုင်ပါတယ် [6]။

ကိုယ်ဝန်တားဆေး သောက်ပြီးနောက် အန်ပါက ဘယ်လိုဖြစ်မလဲ?

တားဆေးသောက်ပြီး နှစ်နာရီအတွင်း အန်ပါက၊ နောက်ထပ်တလုံးသောက်ပါ၊ ပြီးနောက် ပုံမှန်အတိုင်းဆက်သောက်ပါ။
ကိုယ်ဝန်တားဆေးသောက်နေချိန်တွင် ပိုးသတ်ဆေးသောက်မိပါက ကိုယ်ဝန်ရနိုင်ချေရှိပါသလား?
သန္ဓေတားဆေးများအပါအဝင် ဟော်မုန်းကိုယ်ဝန်တားနည်းလမ်းများ၏ ထိရောက်မှုကို လျှော့ချနိုင်သည့် တခုတည်းသော ပိုးသတ်ဆေးမှာ Rifampin ဖြစ်ပါတယ်။ တီဘီရောဂါကို ကုသရန် အဓိကအသုံးပြုတဲ့ ဒီပိုးသတ်ဆေးဟာ အက်စတိုဂျင်ဟော်မုန်းကို နှောင့်ယှက်ပြီး ကိုယ်ဝန်တားပေးခြင်းအတွက် ၎င်းရဲ့ ထိရောက်မှုကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ Rifampin အသုံးပြုရန် လိုအပ်တယ်ဆိုရင်တော့၊ အဲ့ဒီ့ကာလအတွင်း အခြား သန္ဓေတားနည်းလမ်းအသုံးပြုရန်အတွက် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် စကားပြောပါ။

အရေးပေါ်သန္ဓေတားနည်းလမ်းအဖြစ် သန္ဓေတားသောက်ဆေးများကို အသုံးပြုနိုင်ပါသလား?

သောက်နိုင်ပါတယ်။ ပမာဏအများအပြားသောက်တဲ့ သန္ဓေတားဆေးများကို အရေးပေါ် သန္ဓေတားဆေးအဖြစ်သုံးနိုင်ပါတယ်။ ဒီလိုသောက်တာက အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ငါးရက်အတွင်းဖြစ်ရပါမယ်။ သင်ရဲ့ နောက်ဆုံးဆေးလုံးကိုသောက်ပြီး ၂၄ အတွင်းဖြစ်ပါက၊ သင့်အနေနဲ့ နောက်ထပ် ၇ ရက်အတွင်း ကွန်ဒုံးကဲ့သို့ အရန်သန္ဓေတားနည်းလမ်းကို အသုံးပြုသင့်ပါတယ်။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

သန္ဓေတားထိုးဆေး

Hormonal

ဒါဘာလဲ။
သန္ဓေတားထိုးဆေးဟာ အမျိုးသမီးခန္ဓာကိုယ်တွင် တွေ့ရသည့် ဟော်မုန်းများ၏ လူလုပ်ဗားရှင်းများပါဝင်သည့် အရည်ဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပါတယ်။
ထိရောက်မှု
  • ၎င်းဟာ ၉၆-၉၇% ထိရောက်ပါတယ်။
  • အားသာချက်များ
    • ၎င်းဟာ ရေတိုကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်ပါတယ် – တစ်၊ နှစ် ဒါမှမဟုတ် သုံးလ (ရရှိနိုင်သည့် အမျိုးအစားအပေါ် မူတည်၍)။
    • ၎င်းကို ဖွက်ရလွယ်ပါတယ်၊​ မည်သူမှ သိမှာမဟုတ်ပါဘူး။​
    • ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ အက်စတိုဂျင်ပါဝင်သောသန္ဓေတားနည်းလမ်းများမသုံးနိုင်သူများအတွက် ကောင်းပါတယ်။
    အားနည်းချက်များ
    • သင်ဟာ တစ်၊ နှစ် ဒါမှမဟုတ် သုံးလတစ်ခါ ထိုးဆေးထိုးရမှာဖြစ်တာကြောင့် ၎င်းဟာ ပုံမှန်ထိန်းသိမ်းမှုလိုပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးများမှာ ဓမ္မတာများပိုပြီးပျော့လာခြင်း၊ ပိုတိုခြင်း ဒါမှမဟုတ် အဖြစ်နည်းခြင်း နဲ့ သွေးစိမ့်ခြင်း၊ မမျှော်လင့်သော သွေးဆင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပါဘူး။ ပရိုဂျက်စတင်သီးသန့်ထိုးဆေးများဟာ သုံးစွဲမှုရပ်တန့်ပြီးသော်လည်း ကိုယ်ဝန်ရနိုင်ချေ နှောင့်နှေးမှုဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများထဲမှာ ခေါင်းကိုက်ခြင်းများ၊ ခေါင်းမူးခြင်း၊ လိင်ဆန္ဒပြောင်းလဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်းများ၊ ရင်သားပျော့ခြင်း နဲ့ ရင်ပြည့်ခြင်းတို့ ဖြစ်ပါတယ်။
    သန္ဓေတားဆေး ထည့်သွင်းခြင်း။

    Hormonal

    သန္ဓေတားလက်မောင်းထည့်ပစ္စည်းဟာ ကိုယ်ဝန်ကာကွယ်ရန် လက်မောင်းအပေါ်ပိုင်းအတွင်းသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးပါးလွှာတဲ့ ပရိုဂျက်စတင်အချောင်းဖြစ်ပါတယ်။
  • ၎င်းဟာ ၉၉.၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ မမြင်သာသောကြောင့် လိုက်ရှာသူများမှ လွဲ၍ အခြားသူများထံမှ ဖွက်ရန်လွယ်ပါတယ်၊။
    • ၎င်းကို သုံးရတာလွယ်ပါတယ်။​ထည့်သွင်းပြီး မေ့ထားလိုက်ရုံပါပဲ။
    • ၎င်းဟာ သုံးနှစ် ကနေ ငါးနှစ်အထိ ကြာရှည်ခံသော ကာကွယ်မှုပေးပါတယ်။​”

     

    • အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးကတော့ ပုံမှန်မဟုတ်သည့် သွေးဆင်းခြင်းဖြစ်ပါတယ် – သွေးနည်းနည်းဆင်းခြင်း ဒါမှမဟုတ် သွေးစိမ့်ခြင်း – သို့မဟုတ် သင့်လစဥ် ဓမ္မတာရပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။
    • အခြားဖြစ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများတွင် ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်သားနူးညံ့လာခြင်း၊ အစာစားချင်စိတ်ပြောင်းလဲခြင်း နှင့် ဝက်ခြံ ဆိုးလာခြင်း သို့မဟုတ် ပိုကောင်းခြင်း ဖြစ်နိုင်ပါတယ်။
    မွေးဖွားမှုထိန်းချုပ်ရေးကွင်း

    Hormonal

    မအင်္ဂါအကွင်းဟာ သန္ဓေတားနည်းလမ်းအဖြစ် မအင်္ဂါထဲသို့ ထည့်သွင်းရတဲ့ သေးငယ်ပြီးကွေးဆန့်နိုင်တဲ့ အကွေးဖြစ်ပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပုံမှန်ဖြစ်သော၊ နာကျင်မှုနည်းသော၊ အားပျော့သော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • အခြားဟော်မုန်းပါဝင်သော သန္ဓေတားနည်းလမ်းများနဲ့ နှိုင်းယှဥ်ရင် ၎င်းမှာ ဟော်မုန်းပမာဏပိုနည်းပါတယ်။
    • သုံးစွဲမှုရပ်လိုက်ပြီးတဲ့နောက်မှာ ၎င်းဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ စွမ်းရည်ကို မနှောင့်နှေးစေပါဘူး။
    • သင်ဟာ တစ်လတစ်ကြိမ်၊ အချိန်မှန် ၎င်းကို လဲလှယ်ရမှာဖြစ်တဲ့အတွက် ပုံမှန်အားထုတ်မှုလိုအပ်ပါတယ်။
    • ၎င်းဟာ ရေရှည်ကာကွယ်ခြင်းကို မပေးစွမ်းပဲ ပုံမှန်အသုံးပြုမှာသာလျှင် ထိရောက်ပါတယ်။ ၎င်းကို သုံးပတ်ထည့်ရပြီး နောက်ဆုံးအပတ်မှာ မထည့်ရပါဘူး။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်းများ၊ အော့အန်လိုခြင်း၊ ရင်ပြည့်ခြင်း၊ ရင်သားများနာခြင်း၊ ကိုယ်အလေးချိန်ပြောင်းလဲခြင်းများ နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
    ကပ်ခွာပြား

    Hormonal

    အပြားဟာ ပရိုဂျက်စတင် နဲ့ အက်စတိုဂျင်ပါဝင်သော ပါးလွှာပြီး လေးထောင့်ဖြစ်တဲ့ ၅ စင်တီမီတာပတ်လည် ဆေးပလာစတာလိုမျိုး ပစ္စည်းဖြစ်ပါတယ်။ ကိုယ်ဝန်ကာကွယ်ရန်အတွက် ၎င်းကို ခန္ဓာကိုယ်မှာ ကပ်ရပါတယ်။
  • ၎င်းဟာ ၉၃-၉၉% ထိရောက်ပါတယ်။
    • ၎င်းဟာ ပိုမိုပုံမှန်ဖြစ်သော၊ ပျော့သော၊ နာကျင်မှုနည်းသော ဓမ္မတာများဖြစ်စေနိုင်ပါတယ်။
    • သင် အန်တာ ဒါမှမဟုတ် ဝမ်းလျှောတာဖြစ်ရင်တောင် ၎င်းဟာ ထိရောက်နေဦးမှာပါ။
    • သုံးစွဲမှုရပ်ပြီးနောက်မှာ ၎င်းဟာ ကိုယ်ဝန်ရနိုင်စွမ်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို သင့်ခန္ဓာကိုယ်ပေါ်မှာမြင်နိုင်သောကြောင့် ဖွက်ရတာခက်ပါတယ်။
    • ၎င်းဟာ အားထုတ်မှုအများအပြားလိုအပ်ပါတယ်။ ကပ်ခွာအပြားအသစ်တစ်ခုကို တစ်ပတ်တစ်ခု၊ သုံးပတ်အတွက် ကပ်ရပါတယ်၊ ပြီးသွားရင် နောက်ဆုံးအပတ်မှာတော့ မကပ်ရပါဘူး။
    • ၎င်းဟာ ရေရှည်ကာကွယ်မှုမပေးပါဘူး၊ ပြီးတော့ လစဥ်ဓမ္မတာကာလအတွင်း မှန်ကန်စွာသုံးမှသာ ၎င်းဟာ ထိရောက်ပါတယ်။
    • အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးကတော့ ပထမလအနည်းငယ်အတွင်း ပုံမှန်မဟုတ်သော သွေးဆင်းခြင်းဖြစ်ပါတယ်၊ ပြီးရင် ပိုအားပျော့သော၊ ပုံမှန်ပိုဖြစ်သော သွေးဆင်းခြင်းများ ဖြစ်နိုင်ပါတယ်။
    • အခြားဘေးထွက်ဆိုးကျိုးများမှာ အသားအရေ ဓာတ်မတည့်ခြင်း၊ အော့အန်လိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနူးညံ့ခြင်း နဲ့ မအင်္ဂါပိုးဝင်ခြင်းတို့ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးများမှာ အန္တရာယ်မရှိပဲ လအနည်းငယ်အကြာမှာ ပျောက်သွားပါမယ်။
    အရေးပေါ်သန္ဓေတား (မနက်ပြီးနောက်)သောက်ဆေးများ

    Hormonal

    စိတ်မချရပဲလိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ကိုတားဆီးပါ
  • ၎င်းဟာ ၉၉% ထိရောက်ပါတယ်။​
    • ၎င်းဟာ ပုံမှန်ဟော်မုန်းမပါဝင်သော သန္ဓေတားနည်းလမ်းအသုံးမပြုနိုင်သည့် အမျိုးသမီးများအပါအဝင် အမျိုးသမီးတိုင်းအတွက် အန္တရာယ်ကင်းပါတယ်။
    • ၎င်းကို ရယူရန် ဆရာဝန်ဆေးစာ ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု မလိုအပ်ပါဘူး။
    • ၎င်းဟာ သန္ဓေအောင်နိုင်မှုပြန်ဖြစ်ခြင်းကို မနှောင့်နှေးစေပါဘူး။
    • ၎င်းကို ဖွက်ဖို့ မလွယ်ပါဘူး။ သင့်အိတ်ထဲတွင် ၎င်းကို တွေ့နိုင်ပါတယ်။
    • ၎င်းဟာ ရေရှည် ကိုယ်ဝန်ကာကွယ်ခြင်းကို မပေးစွမ်းပါဘူး။ ၎င်းဟာ တစ်ကြိမ်တစ်ခါ ကာကွယ်ခြင်းကို ပေးပြီးတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုအပြီး ငါးရက်အတွင်း သောက်မှသာ ထိရောက်ပါတယ်။
    • ၎င်းဟာ ခေါင်းမူးခြင်း၊ အော့အန်လိုခြင်း၊ အနည်းငယ်ပုံမှန်မဟုတ်သော မအင်္ဂါသွေးဆင်းခြင်း နဲ့ ပင်ပန်းမှုဖြစ်စေနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများဟာ အန္တရာယ်မရှိပါဘူး။
    • ၎င်းကို ပုံမှန်သန္ဓေတားနည်းလမ်းအဖြစ် အသုံးပြုရန် အကြံမပေးပါဘူး။

    Our Monthly Top Articles