ကျန်းမာရေးအကျိုးကျေးဇူးများ
မှန်ကန်စွာသုံးစွာပါက၊ ၎င်းဟာ ကိုယ်ဝန်ဆောင်ခြင်းအန္တရာယ်မှ ၉၃-၉၉% အထိ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ် [7]။
၎င်းဟာ မျိုးဥထွက်ချိန်နာကျင်ခြင်း၊ ဓမ္မတာမလာခင်နာကျင်ခြင်း နှင့် ဓမ္မတာမလာမှီဖြစ်သောရောဂါ (PMS)လက္ခဏာများကို လျော့ချပေးနိုင်ပါတယ်။
၎င််းဟာ ပုံမှန်၊ နာကျင်မှုနည်းသော၊ တိုတောင်းသော ဓမ္မတာများပေးနိုင်ပါတယ်။
၎င်းဟာ သားအိမ်နံရံ (သားအိမ်) နှင့် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြင်းကို ၅၀% အထိလျော့ချပေးနိုင်ပါတယ်။
၎င်းဟာ သားအိမ်နံရံ တစ်သျှူးနေရာလွဲခြင်း ရောဂါလက္ခဏာများကို လျော့ကျစေနိုင်ပါတယ်။
သားအိမ်ခေါင်းမှ ပြုလုပ်သော ထူထဲသည့် အချွဲဟာ သုက်ကောင်များနှင့် ပိုးများကို သားအိမ်အတွင်းဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် ၎င်းဟာ တင်ပါးဆုံပိုးဝင်ခြင်းအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
၎င်းဟာ သားအိမ်ရေအိတ်တည်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
၎င်းဟာ သားအိမ်ရေကြည်အိတ်အများအပြားတည်ခြင်းရောဂါလက္ခဏာများ (မူမှန်သောသွေးဆင်းခြင်း၊ ဝက်ခြံပေါက်ခြင်း၊ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် အမွှေးအများအပြားပေါက်ခြင်း) တို့ကို လျှော့ချပေးနိုင်ပါတယ်။
၎င်းဟာ ကင်ဆာမဟုတ်သော (ပျော့သော) ရင်သားရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
၎င်းဟာ သံဓာတ်အားနည်းမှုကြောင့်ဖြစ်သော သွေးအားနည်းခြင်းကို ကူညီကာကွယ်ပေးနိုင်ပါတယ်။
အချို့တားဆေးများမှ အလှအပအားသာချက်များရှိပါတယ်။ ၎င်းတို့ဟာ ဝက်ခြံကိုပျောက်ကင်းစေနိုင်ပြီး မျက်နှာနှင့် ခန္ဓာကိုယ်ရှိ အမွှေးများကို လျှော့ချပေးနိုင်ပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
တားဆေးဟာ သုံးစွဲရလွယ်ကူပါတယ် – ရေနဲ့သောက်လိုက်ရုံပါပဲ။
၎င်းဟာ အလွယ်တကူရရှိနိုင်ပြီး ဆေးဆိုင်များ နဲ့ ဆေးရုံကောင်တာများမှာ ဝယ်နိုင်ပါတယ်။
၎င်းဟာ ဓမ္မတာလာချင်တဲ့အချိန်ကို ထိန်းချုပ်မှုပေးနိုင်ပါတယ်။ သင့်အနေနဲ့ ခန့်မှန်းနိုင်တဲ့ ဓမ္မတာများလိုချင်တယ်ဆိုရင် တားဆေးဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုပါ။ သင့်ရဲ့ ဓမ္မတာကို သွေးစိမ့်မှုမရှိစေပဲ လစဥ်လာစေချင်တယ် သို့မဟုတ် မှန်မှန်ကန်ကန်လာစေချင်တယ်ဆိုရင်၊ တားဆေးဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်နိုင်ပါတယ်။
သင့်ရဲ့ ဓမ္မတာကိုလည်းကျော်နိုင်ပါတယ်။ အချို့တားဆေးများဟာ ၁၀၀% စိတ်ချရတဲ့ သင့်ဓမ္မတာကို လုံးဝကျော်ပစ်လိုက်တာမျိုးလုပ်နိုင်ပါတယ် (ဟော်မုန်းမပါဝင်သောဆေးလုံးများမသောက်ခြင်းဖြင့်)။
ဒီဟာကို အသုံးပြုဖို့ လိင်ဆက်ဆံခြင်းကို အနှောင့်အယှက်ဖြစ်စရာမလိုပါဘူး။
ဆေးလုံးသုံးစွဲခြင်းဟာ အမျိုးသမီးတယောက်ရဲ့ ထိန်းချုပ်မှုအပြည့်အဝအောက်မှာ ရှိပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုပေးသူ၏ အကူအညီမလိုအပ်ပဲ ၎င်းကို မည်သည့်အချိန်တွင်မဆို ရပ်တန့်နိုင်ပါတယ်။
၎င်းဟာ မျိုးပွားနိုင်ခြင်းကို မနှောင့်နှေးစေပါဘူး။ တားဆေးမသောက်ဘူးဆိုတာနဲ့ ရက်အနည်းငယ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ တားဆေးမသောက်တော့ဘူး၊ သို့သော်လည်း ကိုယ်ဝန်မဆောင်ချင်သေးဘူးဆိုရင်တော့ အခြား သန္ဓေတားနည်းလမ်းကို အသုံးပြုပါ။