အမျိုးသမီးအများစုဟာ သန္ဓေတားသောက်ဆေးကို သောက်နိုင်ပါတယ်။ သင်ဟာ ကျန်းမာရေးကောင်းတယ်၊ ဆေးလိပ်မသောက်ဘူး၊ အဝမလွန်ဘူး၊ တားဆေးမသောက်ဖို့ ကျန်းမာရေးအကြောင်းပြချက်တွေမရှိဘူးဆိုရင်၊ သင်ဟာ သွေးဆုံးချိန်ရောက်သည်အထိ သောက်နိုင်ပါတယ်။ သို့သော်လည်း သင့်အနေနဲ့ အောက်ပါ အခြေအနေမျိုးရှိတယ်ဆိုရင်၊ တားဆေးဟာ သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းမဖြစ်နိုင်ပါဘူး :
– သင်ဟာဆေးလိပ်သောက်တယ်၊ ပြီးတော့ အသက် ၃၅ နှစ်ကျော်ဖြစ်တယ် ( အသက် ၃၅ နှစ်ကျော် အမျိုးသမီးများအတွက်၊ တားဆေးသောက်နေစဥ်အတွင်း ဆေးလိပ်သောက်ခြင်းဟာ အချို့သော ဘေးထွက်ဆိုးကျိုးများ၏ အန္တရာယ်ကို မြှင့်တင်ပေးပါတယ်)၊
– သင််ဟာ အသက် ၅၀ ကျော်ဖြစ်တယ် ( သင့်ဆရာဝန်နှင့်အခြားနည်းလမ်းများကို ဆွေးနွေးဖို့ လိုအပ်ပါတယ်)၊
– သင့်မှာ ပြင်းထန်တဲ့ခေါင်းတခြမ်းကိုက်ခြင်းမျိုးရှိတယ် (အလွန်ပြင်းထန်သော ခေါင်းကိုက်မှုမတိုင်ခင်အတွင်း မျက်လုံးများပြာလာပြီး မမြင်ရခြင်း)။
– သင်ဟာ လွန်ခဲ့သော ခြောက်ပတ်အတွင်း ကလေးမွေးဖွားထားပြီး လက်ရှိ နို့တိုက်နေတယ် (သင်ဟာ တားဆေးကို ခြောက်လကြာပြီးနောက် သို့မဟုတ် မိိခင်နို့ဟာ သင့်ကလေးအတွက် ပင်မ အစားအစာမဟုတ်တော့တဲ့အချိန်မှာ သောက်နိုင်ပါတယ်)၊
– နှစ်ပေါင်း ၂၀ ကျော်သည်အထိ ဝမ်းလျှောခြင်းများကို ခံစားရတယ်၊ ဒီလိုဖြစ်ခြင်းဟာ သင့်ရဲ့ သွေးကြောများ၊ အမြင်အာရုံ၊ ကျောက်ကပ်များ သို့မဟုတ် အာရုံကြောစနစ်ကို ထိခိုက်စေခဲ့တယ်၊
– သင့်မှာ ရင်သားကင်ဆာ ရှိတယ် သို့မဟုတ် ရှိခဲ့တယ်၊
– သင့်မှာ လေဖြတ်ခြင်း၊ သင့်ခြေထောက် သို့မဟုတ် အဆုတ်များတွင် သွေးခဲခြင်း၊ heart attack သို့မဟုတ် အခြား ပြင်းထန်သော နှလုံးပြဿနာများ ရှိခဲ့တယ်၊
– သင့်မှာ အသည်းခြောက်ခြင်း သို့မဟုတ် အသည်းပိုးဝင်ခြင်း သို့မဟုတ် အကျိတ်ရှိတယ်၊
– သင့်မှာ သည်းခြေအိတ်ရောဂါရှိတယ် သို့မဟုတ် သည်းခြေအိတ်ကုသမှုအတွက် ဆေးသောက်နေရတယ်၊ နှင့်
– သင်ဟာ အတက်ရောဂါအတွက် ဆေးဝါးများသောက်နေရတယ် [9]။
သင့်မှာ အထက်ဖော်ပြပါ အခြေအနေများမှ တခုခုရှိပါက၊ ကျွမ်းကျင်သော ကျန်းမာရေးဝန်ဆောင်မှုပေးသူ နှင့် တိုင်ပင်ပြီး သန္ဓေတားနည်းလမ်းအကြံဉာဏ်ရယူပါ။ သင့်အတွက် အကောင်းမွန်ဆုံး သန္ဓေတားနည်းလမ်းကို လမ်းညွှန်ပါလိမ့်မယ်။
သန္ဓေတားသောက်ဆေးမသင့်လျော်မှုများ
သန္ဓေတားမေးခွန်း
သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား? ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။
ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။
Compare with similar Contraceptive Methods
Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.
Give a try to our Contraceptive Tool
In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page
Need to learn more things?
Read about other Contraceptive methods