တားဆေးဆေ

ပဋိသန္ဓေတားဆေးများသည်ကိုယ်ဝန်မရအောင်မည်သို့ကာကွယ်သနည်း။ ဟော်မုန်းပါသန္ဓေတားဆေးထိုးဆေးများ၊ မည်သို့အလုပ်လုပ်ပုံ၊ အကျိုးကျေးဇူးများနှင့်အခြားအကြောင်းအချက်အလက်အချို့ကိုစစ်ဆေးပါ။ The Pill အကြောင်းအားလုံး
တားဆေးဆေ

အကျဉ်းချုပ်

“ဆေးလုံး” သည် လစဉ်သောက်ရန် ထုပ်ပိုးထားသည့် သေးငယ်သည့်ဆေးလုံးတစ်ခုဖြစ်သည်။ အချို့က ၎င်းကို“ သောက်ဆေးဖြင့်သန္ဓေတားခြင်း” ဟုခေါ်သည်။ တစ်နေ့လျှင်တစ်ကြိမ်၊ နေ့စဥ်အချိန်မှန်မှန်သောက်ရသည်။ ဆေးပုံစံအမျိုးမျိုးကိုရရှိနိုင်ပြီး ရွေးချယ်ခွင့်အသစ်များ မကြာခဏထွက်လာပါတယ်။ အများစုမှာသင့်သားဥအိမ်မှမျိုးဥများကိုမလွှတ်နိုင်အောင် ဟော်မုန်းများထုတ်ပေးခြင်းဖြင့်အလုပ်လုပ်သည်။ ဟော်မုန်းတွေကသားအိမ်ခေါင်းချွဲကိုပိုထူလာစေပြီး သုက်ပိုးတွေကိုမျိုးဥသို့မရောက်ရှိအောင်တားဆီးပေးသည်။

ဆေးလုံးအမျိုးအစားများ[5]:

d> ပေါင်းစပ်။ ပေါင်းစပ်ဆေးလုံးများသည် မျိုးဥထွက်ခြင်းမှကာကွယ်ရန် ဟော်မုန်းအမျိုးအစားနှစ်မျိုးဖြစ်သောအက်စထရိုဂျင်နှင့်ပရိုဂျက်စ်တင် တို့ကိုအသုံးပြုသည်။ လစဉ်သောက်ပေါင်းစပ်ဆေးလုံးတစ်ထုပ်တွင် ၃ ပတ်စာ ဟော်မုန်းကိုအခြေခံသည့်ဆေးများနှင့် တစ်ပတ်စာ ဟော်မုန်းမပါသောဆေးများပါရှိသည်။ လတိုင်းသင်၏ရာသီလာချိန်ကိုစောင့်နေစဉ် ဟော်မုန်းမပါသောဆေးများကိုသင်သောက်ရမည်။

ပရိုဂျက်စ်တင်ချည်းသာ။ ဒီဆေးတွေမှာ အီစရိုဂျင် မပါဝင်ပါ။ သင်အီစထရိုဂျင်ကိုစိတ်ချလက်ချမသောက်နိုင်ရင်၊ ဒါမှမဟုတ် ပေါင်းစပ်ဆေးလုံးက ဘေးထွက်ဆိုးကျိုးများရှိရင် သောက်ရန် မကြာခဏညွှန်းလေ့ရှိပါတယ်။ ၄င်းတို့က လစဉ်နေ့တိုင်း progestin အနည်းငယ်ကိုထုတ်ပေးပြီး သတ်မှတ်ရက်သတ္တပတ်စာတွင် သင့်ရာသီမလာစေပါ။

အကျဉ်းချုပ်

  • ထိုဆေးလုံးသည် နှစ် ၅၀ ခန့်ကြာရှိခဲ့ပြီးဖြစ်သည်။ ၄င်းတို့ဟာ မျိုချဖို့လွယ်ပြီး အပြုသဘောဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်
  • ထိရောက်မှု – ဆေးလုံးကိုအတိအကျ သောက်လျှင်အလွန်ထိရောက်သည်။ သို့သော်အမျိုးသမီးအများစုသည် အတိအကျမသောက်ကြပါ။ အတိအကျ သောက်ပါက အမျိုးသမီး ၁၀၀ လျှင် ၉၉ ယောက်သည်ကိုယ်ဝန်ကိုကာကွယ်နိုင်လိမ့်မည်။ ပုံမှန်အသုံးပြုခြင်း သို့မဟုတ် အများစုအသုံးပြုသည့်နည်းဖြင့်ဆေးသောက်သည့်အမျိုးသမီး ၁၀၀ တွင် ၉၁ ယောက်တွင်ကိုယ်ဝန်ကိုတားဆီးနိုင်သည်။
  • ဘေးထွက်ဆိုးကျိုးများ – အများအားဖြင့်ရင်သားနာခြင်း၊ ပျို့ချင်ခြင်း၊ သွေးစက်ကျဆင်းခြင်းနှင့် လိင်ဆန္ဒလျော့နဲလာခြင်း
  • အားထုတ်ရမှု- မြင့်မားသော။ နေ့တိုင်းတစ်ချိန်တည်းတွင်ဆေးလုံးကို သောက်သုံးရန်လိုအပ်သည်။
  • လိင်မှတဆင့်ကူးစက်သောကူးစက်ရောဂါများကို ကာကွယ်ခြင်းမရှိပါ။

အသေးစိတ်များ

ဆေးလုံးသောက်ရန် စည်းကမ်းရှိမှရသည်။ သင်၏ဆေးလုံးကို နေ့စဉ် အချိန်မှန်သောက်ဖို့ သတိရရန်လိုအပ်သည်။ နေ့စဉ် အချိန်မှန်မသောက်ပါက ၎င်းသည်လည်း အလုပ်မဖြစ်ပါ။

သင်ကြိုတင်ခန့်မှန်းနိုင်သောရာသီကိုလိုချင်သည်။ လစဉ်လတိုင်းသင်၏ရာသီလာချိန်ကို သွေးစက်ကျဆင်းခြင်းမရှိဘဲ ရလိုပါက ဆေးသောက်ခြင်းသည် ကောင်းမွန်သောရွေးချယ်ခွင့်ဖြစ်နိုင်သည်။

သင့်ရာသီချိန်ကို ကျော်သွားနိုင်သည်။ အချို့ဆေးလုံးများက သင့်ရာသီချိန်ကို ကျော်သွားစေနိုင်ပြီး ၁၀၀% လုံခြုံမှုရှိသည်။

၃၅ နှစ်ကျော်ဆေးလိပ်သောက်သူများ သတိထားပါ။ အသက် ၃၅ နှစ်အထက်အမျိုးသမီးများအတွက် ဆေးလုံးသုံးနေစဥ်တွင်းဆေးလိပ်သောက်ခြင်းသည် အချို့သောဘေးထွက်ဆိုးကျိုးများဖြစ်ပွားစေနိုင်သည်။ ၎င်းကိုသင်၏ဆေးဘက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်ဆွေးနွေးရန်အကြံပြုပါတယ်။

သန္ဓေတားနည်းအသုံးပြုခြင်းကိုရပ်တန့်ပြီး လျင်မြန်စွာကိုယ်ဝန်ဆောင်ရန်လိုသည်။ ဆေးသောက်ရပ်ပြီး ရက်အနည်းငယ်အကြာတွင် သင်ကိုယ်ဝန်ရနိုင်သည်။ ဆေးသောက်ရပ်ပြီး ကိုယ်ဝန်ဆောင်ရန်အဆင်သင့်မဖြစ်သေးပါက အခြားနည်းလမ်းကိုအသုံးပြုပါ။

အသုံးပြုနည်း

သင် Aspirinအကိုက်ခဲပျေက်ဆေး ကိုမျိုချနိုင်ပါက သင်ဆေးသောက်နိုင်သည်။ သို့သော်အရေးကြီးအချက်မှာ – ဘာပဲဖြစ်ဖြစ်နေနေ နေ့စဉ် တစ်ချိန်တည်းမှာ ဆေးသောက်ဖို့သတိရရန်လိုပါတယ်။

အချို့ဆေးလုံးများသည် ၂၁ ရက်စာပါ အထုပ်များဖြင့်လာသည်။ အခြားဆေးများမှာ ၂၈ ရက်စာ ပါရှိသည်။ အချို့ကသင့်ကိုလစဉ်ပုံမှန် ရာသီလာစေသည်။ အခြားဆေးများကသင့်ကို သုံးလတစ်ကြိမ် ရာသီလာစေသည်။ အချို့က သင်၏ရာသီကို တစ်နှစ်လုံးကျော်သွားစေနိုင်သည်။ မတူညီသောဆေးများစွာရှိသည့်အတွက် အနည်းငယ်ရှုပ်ထွေးနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် လေ့ကျင့်ထားသောလူထုကျန်းမာရေးလုပ်သား သည် မည်သည့်ဆေးသည်သင့်အတွက်သင့်လျော်ကြောင်းသိရှိရန်ကူညီနိုင်သည်။[1].

ဘေးထွက်ဆိုးကျိုးများ

လူတိုင်းသည် မတူညီပါ။ သင်တွေ့ကြုံခံစားရသောအရာသည် အခြားသူနှင့်မတူနိုင်ပါ။

ကောင်းတဲ့အချက်များ – ဆေးလုံးများနှင့် ပတ်သက်၍ သင့်ခန္ဓာကိုယ်အတွက်သာမက သင်၏လိင်မှုဘဝအတွက်ကောင်းမွန်သောအရာများစွာရှိသည်။[7].

  • ဆေးလုံးသည်အသုံးပြုရန်လွယ်ကူပြီး ရေဖြင့်မျိုချယုံသာဖြစ်သည်
  • ၄င်းကိုအသုံးပြုခြင်းဖြင့် သင်၏လိင်ကိစ္စကို အနှောက်အယှက်မဖြစ်စေပါ
  • ပိုမိုနဲပါးသောရာသီလာခြင်းများဖြစ်နိုင်သည်
  • ရာသီလာချိန်ကို ထိန်းချုပ်ထားနိုင်သည်
  • အချို့ဆေးများက ဝက်ခြံရှင်းသွားစေသည်
  • ရာသီလာချိန်ဗိုက်အောင့်ခြင်းနှင့်premenstrual Syndrome (PMS) လက္ခဏာများကိုလျှော့ချနိုင်သည်
  • အချို့ဆေးများသည် ကျန်းမာရေးပြသနာအချို့မှ ကာကွယ်ပေးသည်။ ဥပမာ – မျိုးဥအိမ်နှင့်သားအိမ်ကင်ဆာ၊ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ၊ မျိုးဥအိမ်အရည်အိတ် နှင့် တင်ပါးဆုံတွင်းရောင်ရမ်းရောဂါ

မကောင်းတဲ့အချက်များ – လူတိုင်း အနုတ်လက္ခဏာဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ကြသည်၊ သို့သော်အမျိုးသမီးများစွာအတွက်မူ ၎င်းတို့သည်ပြသနာမဟုတ်ပါ။ အကယ်၍ သင်သည်ဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံခံစားရပါက ၎င်းတို့သည် ပျောက်ကွယ်ကောင်းပျောက်ကွယ်သွားမည်။ သင့်ခန္ဓာကိုယ်ထဲဟော်မုန်းများသွင်းပေးနေသောကြောင့် ကျင့်သားကျဖို့ လအနည်းငယ်လိုနိုင်သည်။ အချိန်ပေးပါ။

နှစ်လ သို့မဟုတ် သုံးလအကြာတွင် ပျောက်ကွယ်သွားနိုင်သည်များ [10]

  • သွေးစက်ကျဆင်းခြင်း
  • ရင်သားနာခြင်း
  • ပျို့ခြင်းနှင့်အန်ခြင်း
  • ကြာရှည်နိုင်မည့် အရာများ
  • လိင်ဆန္ဒပြောင်းလဲမှု
  • အကယ်၍ သုံးလကြာပြီးနောက် ဘေးထွက်ဆိုးကျိုးများကို သင် ခံနိုင်သည်ထက်ပိုပြီးခံစားရသည်ဆိုလျှင်၊ နည်းလမ်းများပြောင်းပြီး ကာကွယ်ထားပါ။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့နည်းလမ်းကိုရှာနေတုန်းမှာ ကွန်ဒုံးတွေက ကာကွယ်မှုကောင်းကောင်းပေးပါတယ်။ လူတိုင်း၊ နေရာတိုင်းအတွက် နည်းလမ်းတစ်ခုရှိတယ်ဆိုတာ သတိရပါ။

*အမျိုးသမီးအနည်းစုအတွက်မူ ပြင်းထန်သောဘေးထွက်ဆိုးကျိုးများရှိနိုင်ပါတယ်

ကိုးကား

[1] Cooper, D. B., & Mahdy, H. (2019). Oral Contraceptive Pills. StatPearls Publishing. Retrieved from https://www.ncbi.nlm.nih.gov/books/NBK430882/

[2] Dr Marie Marie Stopes International. (2017). Contraception. Retrieved from http://www.mariestopes.org.au/wp-content/uploads/Contraception-brochure-web-200417.pdf

[3] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). UK MEDICAL ELIGIBILITY CRITERIA. RCOG, London. Retrieved from https://www.fsrh.org/standards-and-guidance/documents/ukmec-2016/

[4] FSRH Faculty of Sexual and Reproductive Healthcare. (Amended 2019). Faculty of Sexual & Reproductive Healthcare Clinical Guidance: Progestogen-only Pills. Retrieved from https://www.fsrh.org/standards-and-guidance/documents/cec-ceu-guidance-pop-mar-2015/

[5] FSRH The Faculty of Sexual & Reproductive Healthcare. (Amended 2019). FSRH Guideline: Combined Hormonal Contraception. Retrieved from https://www.fsrh.org/standards-and-guidance/documents/combined-hormonal-contraception/

[6] Family Planning NSW. (2015). The Combined Oral Contraceptive Pill. Retrieved from https://www.fpnsw.org.au/sites/default/files/assets/combined_oral_contraceptive_pill.pdf

[7] FPA the sexual health charity. (2019). Your guide to the combined pill. Retrieved from https://www.fpa.org.uk/sites/default/files/the-combined-pill-your-guide.pdf

[8] Reproductive Heath Access Project. (2019). The pill. Retrieved from https://www.reproductiveaccess.org/wp-content/uploads/2014/12/factsheet_pill.pdf

[9] SHINE SA. (2017). Fact Sheet: The Pill. Retrieved from https://www.shinesa.org.au/media/product/2015/04/The-Pill.pdf

[10] Shukla, A., & Jamwal, R. (2017). Adverse effect of combined oral contraceptive pills. Asian Journal of Pharmaceutical and Clinical Research, 10. Retrieved from https://www.researchgate.net/publication/312596820_Adverse_effect_of_combined_oral_contraceptive_pills

[11] Society of Obstetricians and Gynaecologists of Canada. (2017). Canadian Contraception Consensus Chapter 9: Combined Hormonal Contraception. Retrieved from https://www.jogc.com/article/S1701-2163(16)39786-9/pdf

[12] The Royal Women’s Hospital and Family Planning Victoria. (2018). THE CONTRACEPTIVE PILL. Retrieved from https://thewomens.r.worldssl.net/images/uploads/fact-sheets/Contraception-the-pill-2018.pdf

[13] World Health Organization Department of Reproductive Health and Research and Johns Hopkins Bloomberg School of Public Health Center for Communication Programs (2018) Family Planning: A Global Handbook for Providers. Baltimore and Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/260156/9780999203705-eng.pdf?sequence=1

[14] World Health Organization. (2016). Selected practice recommendations for contraceptive use. Geneva. Retrieved from https://apps.who.int/iris/bitstream/handle/10665/252267/9789241565400-eng.pdf?sequence=1