ကိုယ်ဝန်ကိုဘယ်လိုအတည်ပြုမလဲ

ကိုယ်ဝန်ကိုဘယ်လိုအတည်ပြုမလဲ

ကျွန်ုပ်တို့ရဲ့ အွန်လိုင်းကိုယ်ဝန်ဆောင်မှုမေးခွန်းများ ကို ဖြေဆိုကြည့်ဖို့ တိုက်တွန်းပါတယ်။ ဒီမေးခွန်းများဟာ သင့်ကို ဖြစ်ပေါ်လာနိုင်တဲ့ ကိုယ်ဝန်ဆောင်မှုလက္ခဏာများကို ဖော်ထုတ်နိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး နောက်ထပ်အဆင့်များအတွက် လမ်းညွှန်ပေးမှာပါ။ သင့်မှာ ကိုယ်ဝန်ရှိနေပြီလို့ သံသယဖြစ်ရင် ယုံကြည်စိတ်ချရတဲ့ စစ်ဆေးမှုနဲ့ သင့်ရဲ့ ကိုယ်ဝန်ဆောင်မှုအခြေအနေကို အတည်ပြုခြင်းဟာ အရေးကြီးပါတယ်။ သွေး သို့မဟုတ် ဆီးစစ်ခြင်းများဟာ အမှန်ကန်ဆုံးနည်းလမ်းများဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် အိမ်တွင်းဆေးစစ်ပစ္စည်းများနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒီစာမျက်နှာမှာ ကိုယ်ဝန်ဆောင်မှုအကြောင်း ပိုမိုလေ့လာလိုက်ပါ။

ကိုယ််ဝန်ဆောင်စစ်ဆေးမှုဆိုတာဘာလဲ?

ကိုယ်ဝန်ဆောင်စစ်ဆေးမှုဆိုတာ လူသားခိုရီရောနစ်ဂိုနာဒိုထရိုပင် (hCG) ဟော်မုန်းရှိ၊ မရှိ အား ဆီး သို့မဟုတ် သွေးထဲမှာ စစ်ဆေးခြင်းဖြစ်ပြီး ဒီဟော်မုန်းကို ကိုယ်ဝန်ဆောင်ချိန်မှသာ ထုတ်လွှတ်တာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စစ််ဆေးမှုအမျိုးအစားတခုစီတိုင်းဟာ ခြားနားမှုရှိတာကြောင့် ရလာဒ်များကို သေချာစွာဖတ်ရှုနိုင်ရန် လမ်းညွှန်ချက်များသေချာစွာလိုက်နာပေးပါ။

ကိုယ်ဝန်ဆောင်စစ်ဆေးမှုအမျိုးအစားများ

ကိုယ််ဝန်ဆောင်စစ်ဆေးမှုအမျိုးအစား ၂ မျိုး – ဆီး နှင့် သွေး – တို့ရှိပြီး တခုစီတိုင်းမှာ မှန်ကန်မှုအဆင့်သီးသန့်ရှိကြပါတယ်။

“အိမ်တွင်းကိုယ်ဝန်ဆောင်စစ်ဆေးမှုများ” လို့သိကြတဲ့ ဆီးစစ်ခြင်းဟာ လျင်မြန်တယ်၊ အသုံးပြုဖို့လွယ်ကူတယ်၊ သီးသန့်လည်းဖြစ်ပါတယ်။ စစ်ဆေးဖို့အတွက် သင်ဟာ ဆီးစစ်တံကို သင့်ဆီးနှင့် ထိတွေ့ရမှာဖြစ်ပါတယ်။ ဒီဟာကို နည်းလမ်းများစွာနဲ့ လုပ်ဆောင်ပါတယ်:

ဆီးစစ်တံကို သင်ဆီးသွားနေစဥ်အတွင်း ကိုင်၍ထိတွေ့ခြင်း
ဆီးစစ်တံကို သင်ဆီးသွားနေစဥ်အတွင်း ကိုင်၍ထိတွေ့ခြင်း
ဆီီးအား ခွက်တခုထဲတွင်ထည့်ပြီး ဆီးစစ်တံကို နှစ်ခြင်း
ဆီီးအား ခွက်တခုထဲတွင်ထည့်ပြီး ဆီးစစ်တံကို နှစ်ခြင်း
ဆီးအား ခွက်တခုထဲတွင်ထည့်ပြီး အစက်ချတံကို သုံး၍ ဆီးအား ဆီးစစ်တံပေါ် အစက်ချခြင်း
ဆီးအား ခွက်တခုထဲတွင်ထည့်ပြီး အစက်ချတံကို သုံး၍ ဆီးအား ဆီးစစ်တံပေါ် အစက်ချခြင်း
မှန်ကန်မှု

ဆီးစစ််ဆေးခြင်းများဟာ သွေးစစ်ခြင်းလိုမျိုးပဲ မှန်ကန်နိုင်ပါတယ်၊ ၉၇% မှ ၉၉% အထိ မှန်ကန်နိုင်တာပါ။ သင့်ရဲ့ ဓမ္မတာဟာ နောက်ကျပြီးသားဖြစ်နေပြီဆိုရင် မှန်ကန်မှုက ပိုမိုမြင့်မားပါတယ်။

မည်သည့်အချိန်မှာ စစ်ဆေးမလဲ

ဆီးစစ်ခြင်းအားမလုပ်ဆောင်ခင် သင့်ရဲ့ဓမ္မတာရက် တရက်နောက်ကျသည့်အထိ စောင့်ဆိုင်းရန် အကြံပေးထားကြပါတယ်။ ဒီအချိန်ဟာ သန္ဓေတည်ပြီး နှစ်ပတ်လောက်ဖြစ်လေ့ရှိပါတယ်။ သို့သော်လည်း၊ အချို့သော စစ်ဆေးမှုများဟာ အခြားစစ်ဆေးမှုများထက် ပိုမိုဖော်ထုတ်နိုင်ပြီး အစောပိုင်းထဲက စစ်ဆေးနိုင်ပါတယ်။

သင့်မှာ စစ်ဆေးမှုအနုတ်လက္ခဏာပြသော်လည်း ကိုယ်ဝန်ရှိနေနိုင်ကြောင်း သံသယဖြစ်ပါက၊ တပတ်ကြာပြီးနောက် ပြန်လည်စစ်ဆေးကြည့်ပါ။ အချို့သောအိမ်သုံးကိုယ်ဝန်ဆောင်စစ်ဆေးမှုများဟာ သင့်ရဲ့ ပထမစစ်ဆေးမှုရလာဒ် ဘယ်လိုပင်ဖြစ်စေ ဒီလိုပြန်လည်စစ်ဆေးဖို့ အကြံပြုပါတယ်။

စစ်ဆေးမှုကို ဘယ်နေရာကနေ ရနိုင်မလဲ

သင်ဟာ အိမ်တွင်းကိုယ်ဝန်စစ်ဆေးခြင်းများကို ဆေးဆိုင်များ သို့မဟုတ် စတိုးဆိုင်များမှာ ဆရာဝန်ညွှန်ကြားစာမလိုအပ်ပဲ ဝယ်ယူနိုင်ပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး စျေးနှုန်းကွာခြားနိုင်ပါတယ်၊ သို့သော်လည်း စစ်ဆေးခြင်းအများစုက စျေးမကြီးပါဘူး။ သင်နေထိုင်ရာနေရာအလိုက်၊ သင်ဟာ အများပြည်သူကျန်းမာရေးအဖွဲ့အစည်းများကနေ ကိုယ်ဝန်ဆောင်စစ်ဆေးခြင်းများကို ရရှိနိုင်ပါတယ်။ ဆီးစစ်တံများဝယ်ယူစဥ်မှာ သူတို့က သက်တမ်းမကုန်ကြောင်းသေချာပါစေ၊ ပြီးတော့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သေချာနားလည်နိုင်ဖို့ လမ်းညွှန်ချက်များကို သေချာစွာဖတ်ရှုပါ။

ကိုယ်ဝန်ဆောင်စစ်ဆေးမှုရလာဒ်များ

ပစ္စည်းအမျိုးအစားတခုချင်းစီတိုင်းမှာ ကိုယ်ပိုင်ရလာဒ်ပြသတဲ့ပုံစံမျိုးရှိကြပြီး အပေါင်း သို့မဟုတ် အနုတ် လက္ခဏာများ၊ ဘားတန်းများပြနိုင်ပြီး၊ ဒစ်ဂျစ်တယ်စစ်တံများအတွက် “ကိုယ်ဝန်ရှိသည်” သို့မဟုတ် “ကိုယ်ဝန်မရှိပါ” လိုစာသားများပြနိုင်ပါတယ်။ နားမလည်မှုဖြစ်ရန်၊ ရလာဒ်မည်ကဲ့သို့ပေါ်လာမည်ကို သိနိုင်ဖို့ ညွှန်ကြားချက်များကို သေချာစွာဖတ်ရှုရန် အရေးကြီးပါတယ်။

ဒစ်ဂျစ်တယ်မဟုတ်သောစစ်တံများအတွက်၊ သင်ဟာ ဒီဟာကို မှတ်ထားရပါမယ် : ရလာဒ်များဟာ ဘယ်လိုပဲ ဖျော့ဖျော့ဖြစ်ဖြစ်၊ ပါးပါးပဲဖြစ်ဖြစ်၊ သင့်အနေနဲ့ ဖျော့တော့တော့ “+” လက္ခဏာ သို့မဟုတ် ဘားတန်းတခုက အခြားတခုထက်ပိုပြီး အရောင်တောက်နေတယ်ဆိုရင်၊ ဒီဟာက အပေါင်းရလာဒ်ပါပဲ။​ အခြားဘားတန်းတခုရဲ့ လက္ခဏာ လုံးဝမရှိမှသာ ရလာဒ်ကို အနုတ်အဖြစ်ယူဆနိုင်တာဖြစ်ပါတယ်။

သင့်မှာကိုယ်ဝန်မရှိသော်လည်း စစ်ဆေးခြင်းက ကိုယ်ဝန်ရှိသည်ဟု ပြောသည့် အပေါင်းလက္ခဏာမှားပြသည့်ဖြစ်ရပ််များလည်းရှိပါတယ်။ ဒီလိုအခြေအနေမျိုးဟာ သင့်ဆီးအတွင်းတွင် သွေး သို့မဟုတ် ပရိုတင်းရှိနေလျှင် ဖြစ်နိုင်ပါတယ်။ စိတ်ငြိမ်ဆေးများ၊ ထုံဆေးများ၊ အိပ်မွေ့ချဆေးများ နှင့် မွေးဖွားမှုကောင်းစေသည့် ဆေးဝါးများသည်လည်း ဒီအခြေအနေကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စစ်ဆေးမှုရလာဒ်များ

သွေးစစ်ဆေးမှုများဟာ ဆီးစစ်ခြင်းထက် ကိုယ်ဝန်ကို ကြိုတင်သိရှိနိုင်ပါတယ် – မျိုးဥထွက်ပြီး ခြောက်ရက်ကနေ ရှစ်ရက်လောက် အကြာမှာပါ၊ သို့သော်လည်း အိမ်တွင်းကိုယ်ဝန်စစ်ဆေးခြင်းထက် ရလာဒ်ရရှိဖို့ ပိုကြာပါတယ်။

သွေးစစ််ဆေးမှုနှစ်မျိုးရှိပါတယ် :

အရည်အသွေးစစ်ဆေးခြင်း

ဒီလိုစစ်ဆေးမှုဟာ သင့်သွေးထဲမှာ hCG ရှိ၊ မရှိ စစ်ဆေးတာဖြစ်ပြီး၊ သန္ဓေတည်ပြီး ၁၀ ရက်လောက်အကြာမှာ ကိုယ်ဝန်ဆောင်မှုကို အတည်ပြုနိုင်ပါတယ်။

အရေအတွက်စစ်ဆေးခြင်း

ဒီလိုစစ်ဆေးမှုဟာ သွေးထဲမှာ ရှိတဲ့ hCG အဆင့်ကို တိုင်းတာတာဖြစ်ပြီး အရမ်းနည်းပါးတဲ့အဆင့်တွေကိုတောင် တွေ့ရှိနိုင်ပါတယ်။ ဆရာဝန်များဟာ ဒီစစ်ဆေးမှုကို hCG အဆင့်ပြောင်းလဲမှုများကို ခြေရာခံနိုင်ဖို့ အသုံးပြုကြပြီး သားအိမ်ပြင်ပကိုယ်ဝန်ဆောင်ခြင်းကိုလည်း ဖော်ထုတ်နိုင်ပါတယ်။

Ectopic Pregnancy – MY

သားအိမ်ပြင်ပကိုယ်ဝန်ဆောင်ခြင်းဟာ သန္ဓေအောင်မျိုးဥ သားအိမ်ပြင်ပမှာ ပေါက်ဖွားကြီးပြင်းတာကို ခေါ်ဆိုခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် သားဥအိမ် နှင့် သားအိမ်ကိုဆက်ထားသော သားဥအိမ်ပြွန်များမှာ ဖြစ်ပေါ်ပါတယ်။

မှန်ကန်မှု

ကိုယ်ဝန်သွေးစစ်ဆေးခြင်းများဟာ ၉၉% ခန့်မှန်ကန်ပါတယ်။

မည်သည့်အချိန်မှာ စစ်ဆေးမလဲ

သွေးစစ်ခြင်းများကို သင်မျိုးဥထွက်ပြီး ၇ ရက်အကြာ (သင့်ရဲ့ ဓမ္မတာမတိုင်ခင် တပတ်ဝန်းကျင်လောက်) မှာ စစ်ဆေးနိုင်ပြီး မှန်ကန်တဲ့ ရလာဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။

စစ်ဆေးမှုကို ဘယ်နေရာကနေ ရနိုင်မလဲ

သွေးစစ််ခြင်းအတွက်၊ သင်ဟာ ဆရာဝန်ဆီကို သွားရောက်ခြင်း သို့မဟုတ် ဓာတ်ခွဲခန်းကို တိုက်ရိုက်သွားစစ်ခြင်းလုပ်နိုင်ပါတယ်၊ အများစုက ဒီစစ်ဆေးမှုကိုလုပ်ပေးပါတယ်။ ဒီစစ်ဆေးမှုဟာ ဆီးစစ်ခြင်းထက်ပိုပြီးတော့ အကုန်အကျများပါတယ်။

စစ််ဆေးမှုရလာဒ်များ

ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့်ရဲ့ရလာဒ်များကို ဖတ်ရှုပြီး သင့်ရဲ့ hCG အဆင့်များနဲ့ အဲ့ဒါဟာဘာကိုဆိုလိုသလဲဆိုတာ ရှင်းပြဖို့လိုအပ်ပါတယ်။ ဒီအဆင့်တွေကို နိုင်ငံတကာမီလီယူနစ်ဖြစ်တဲ့ သွေးတမီလီလီတာရှိ hCG ဟော်မုန်း (mIU/mL)နဲ့တိုင်းတာတာဖြစ်ပါတယ်။

ကိုယ််ဝန်ဘယ်လိုမျိုးဖြစ်ပေါ်သလဲဆိုတာ သင်သိရှိလိုပါသလား? ကိုယ်ဝန်ဘယ်လိုဖြစ်ပေါ်သလဲ ကို ဝင်ရောက်ပြီး လေ့လာလိုက်ပါ။

ကြိုတင်ပြင်ဆင်မှုမလုပ်ထားတဲ့ ကိုယ်ဝန်နဲ့ တွေ့ကြုံရတဲ့အခါ သင့်ရဲ့ ရွေးချယ်နိုင်ခွင့်တွေကို သိရှိချင်တယ်ဆိုရင်၊ ကျွန်ုပ်တို့ရဲ့ ကိုယ်ဝန်ဆောင်မှုရွေးချယ်စရာများ စာမျက်နှာကို ဝင်ရောက်ကြည့်ရှုလိုက်ပါ။

သင့်ရဲ့ ဓမ္မတာများက ပုံမှန်မဟုတ်ဘူးဆိုရင်၊ ဒါမှမဟုတ် လုံးဝကို မလာဘူးဆိုရင်၊ ကျွန်ုပ်တို့အနေနဲ့ အကာအကွယ်မရှိတဲ့ လိင်ဆက်ဆံမှုအပြီး သုံးပတ်အကြာမှာ ကိုယ်ဝန်ဆောင်စစ်ဆေးမှုရယူဖို့ ကျွန်ုပ်တို့သင့်ကို အကြံပြုပါတယ်။

စစ််ဆေးမှုရလာဒ်များ

ကိုးကား

“Pregnancy Tests.” Cleveland Clinic, https://my.clevelandclinic.org/health/diagnostics/9703-pregnancy-tests Accessed May 2024
“Pregnancy Tests.” Planned Parenthood, https://www.plannedparenthood.org/learn/pregnancy/pregnancy-tests Accessed May 2024.
“Pregnancy test instructions.” UNC School of Medicine, https://www.med.unc.edu/timetoconceive/study-participant-resources/pregnancy-test-instructions/ Accessed May 2024.
“HCG Blood Test-Quantitative.” University of California San Francisco: Benioff Childrens Hospital, https://www.ucsfbenioffchildrens.org/medical-tests/003509 Accessed May 2024.
“Knowing if you are pregnant” Office on Women Health, https://www.womenshealth.gov/pregnancy/you-get-pregnant/knowing-if-you-are-pregnant Accessed May 2024.
“What are HCG Levels?” American Pregnancy Association, https://americanpregnancy.org/getting-pregnant/hcg-levels/ Accessed May 2024.