ကိုယ်ဝန်ဆောင်မှုမည်ကဲ့သို့ဖြစ်ပေါ်ပါသလဲ?

ကိုယ်ဝန်ဆောင်မှုမည်ကဲ့သို့ဖြစ်ပေါ်ပါသလဲ?

ကိုယ််ဝန်ဆောင်မှုသည် သုက်ကောင်ဟာ သားဥအိမ်ပြွန်ကိုဖြတ်ပြီး ဥဆီရောက်ရှိတဲ့အခါမှာ ဖြစ်ပွားတာဖြစ်ပါတယ်။ သုက်ဟာ မတူညီသောနည်းလမ်းများနှင့် မျိုးဥကိုတွေ့ဆုံပြီး သန္ဓေလောင်းဖြစ်စေနိုင်ပါတယ် :

  • ၁။ သုတ်အား အမျိုးသားလိင်တံမှ အမျိုးသမီးလိင်အင်္ဂါထဲသို့ထည့်သွင်းခြင်း
  • ၂။ သုက်အား ဖန်ပြွတ်သန္ဓေသားနည်းလမ်းဖြင့် အမျိုးသမီးလိင်အင်္ဂါထဲသို့ထည့်သွင်းခြင်း သို့မဟုတ် ခန္ဓာကိုယ်ပြင်ပသန္ဓေသားဖြစ်ထားသော ဥအား သားအိမ်အတွင်းသို့ထည့်သွင်းခြင်း

ဖြစ်နိုင်ချေနည်းသော်လည်း သုက်ကောင်သည် အမျိုးသမီးလိင်အင်္ဂါအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းမရှိပဲ မျိုးဥကို သန္ဓေတည်စေနိုင်ကြောင်း သိရှိထားရန်အရေးကြီးသည်။ ဤအခြေအနေများတွင် အမျိုးသမီးလိင်အင်္ဂါအနီး သုက်လွှတ်ခြင်း၊ ကနဦးသုက်လွှတ်ခြင်းသည် အမျိုးသမီးလိင်အင်္ဂါအတွင်းသို့ဝင်ရောက်ခြင်း သို့မဟုတ် အနီးအနားကျရောက်ခြင်း သို့မဟုတ် သုက်သည် အမျိုးသမီးလိင်အင်္ဂါအတွင်းသို့ လက်ချောင်းများမှတဆင့်ဝင်ရောက်ခြင်းတို့ဖြစ်နိုင်ပါတယ်။
ဤသည်မှာ ထိုးသွင်းဆက်ဆံခြင်းသည် ကိုယ်ဝန်ရရှိရန် မရှိမဖြစ်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

မိန်းမကိုယ်အပြင်ပိုင်း ခန္ဓာဗေဒ
မိန်းမကိုယ်အပြင်ပိုင်း ခန္ဓာဗေဒ
မိန်းမကိုယ်တွင်း ခန္ဓာဗေဒ
မိန်းမကိုယ်တွင်း ခန္ဓာဗေဒ
အမျိုးသားခန္ဓာဗေဒ
အမျိုးသားခန္ဓာဗေဒ

ကိုယ်ဝန်ဖြစ်ပေါ်ပုံ

ကိုယ်ဝန်ဖြစ်ပေါ်သည့် လုပ်ငန်းစဥ်သည် ဓမ္မတာကာလ အလယ် ( ဆိုလိုသည်မှာ၂၈-ရက် ဓမ္မတာတွင် ၁၄ ရက်) စတင်ဖြစ်ပေါ်သည်၊ ရင့်မှည့်သောဥဟာ သားဥအိမ်ကို စွန့်ခွာသည့်အခါ – ဤဖြစ်စဥ်ကို မျိုးဥထွက်ခြင်းဟုခေါ်သည် – ပြီးနောက်၎င်းသည် သားဥအိမ်ပြွန်များမှ တဆင့် သားအိမ်ဆီသို့ရောက်ရှိသည်။

ရင့်မှည့်သောဥသည် ၁၂ နာရီ မှ ၂၄ နာရီအတွင်း အသက်ရှင်ပြီး သားဥအိမ်ပြွန်တလျှောက် အောက်သို့ နှေးကွေးစွာဆင်းသည်။ ၎င်းသည် ဤကာလအတွင်း သုက်ကောင်နှင့် မတွေ့ပါက၊ ၎င်းသည် သေဆုံးပြီး နောက်ထပ်ဓမ္မတာလာစဥ်တွင် ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။
သုက်ရည်သည် အမျိုးသမီးလိင်အင်္ဂါအားဝင်ရောက်ပါက၊ သုက်ကောင်သည် သားအိမ်ခေါင်း နှင့် သားအိမ်မှတဆင့် ကူးခတ်ပြီး သားဥအိမ်ပြွန်များဆီသို့ရောက်ရှိကာ ဥကိုရှာဖွေသည်။ ၎င်းတို့မသေဆုံးမှီ ဥကိုရှာဖွေရန် ခြောက်ရက်အထိအချိန်ရသည်၊ ၎င်းတို့သည် ဥ နှင့် ထိတွေ့ပါက၊ ၎င်းကို သန္ဓေတည်ခြင်းဟုခေါ်သည်။
သို့ဖြစ်၍၊ လိင်ဆက်ဆံခြင်းနှင့် သန္ဓေတည်ခြင်းတို့အကြားတွင် ခြောက်ရက်အထိကြာမြင့်နိုင်သည်။

သန္ဓေတည်ခြင််းဖြစ်ပေါ်သည့်အခါ ဥသည် သားဥအိမ်ကိုဖြတ်ကျော်ကာ သားအိမ်သို့သွားရောက်သည်။ ဤသို့သွားနေစဥ်အတွင်း ၎င်းသည် ဆဲလ်များအဖြစ်စတင်ခွဲထွက်ကာ ဘောလုံးပုံသဏ္ဍာဖြစ်တည်ကြီးထွားသည်။ ဤဆဲလ်ဘောလုံး – ဘလတ်စတိုဆစ် – သည် သန္ဓေတည်ပြီးနောက် သုံးရက် မှ လေးရက်သို့ကြာသည့်အခါ သားအိမ်သို့ရောက်ရှိသည်။

ဆဲလ်ဘောလုံးသည် သားအိမ်အတွင်း နောက်ထပ် နှစ်ရက် မှ သုံးရက်အထိ လွင့်မျောသည်။ ၎င်းသည် သားအိမ်နံရံနှင့် ချိတ်ဆက်မိသောအခါ ၎င်းကို ချိတ်ကပ်ခြင်းဟု ခေါ်သည်။

ချိတ်ကပ်ခြင််းလုပ်ငန်းစဥ်သည် ပြီးဆုံးရန် သုံးရက် မှ လေးရက်အထိ ကြာမြင့်ပြီး ဤအချိန်သည် ကိုယ်ဝန်စတင်သည့်အချိန်ဖြစ်သည်။ သန္ဓသားသည် ဘလတ်စတိုဆစ်အတွင်းရှိ ဆဲလ်များတွင် စတင်ကြီးထွားလာပြီး၊ ပလာစန်တာ – သန္ဓေသားလောင်းအား အာဟာရများနှင့်အခြားလိုအပ်သည်များထောက်ပံ့သည့် ယာယီစနစ် – သည် ဘလတ်စတိုဆစ်ပြင်ပရှိ ဆဲလ်များမှ ပေါ်ပေါက်လာသည်။

ဤအချိန်ဝန်းကျင်တွင် လစဥ်ဓမ္မတာကာလအတွင်းဖြစ်ပေါ်လေ့ရှိသည့် သားအိမ်နံရံခန္ဓာကိုယ်မှထွက်ခြင်းကို ကာကွယ်သည့် ကိုယ်ဝန်ဆောင်ဟော်မုန်းအားထုတ်လွှတ်သည်။ ဤသို့ထုတ်လွှတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ဓမ္မတာမလာခြင်းဖြစ်သည်။

ကိုးကား