မနက်ပိုင်းဖျားနာခြင်း သည် နာမည်နှင့်မသက်ဆိုင်ပဲ တရက်တာလုံးရဲ့ မည်သည့်အချိန်မှာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ သင်ဟာ ပျို့အန်ချင်သလိုဖြစ်ပြီး မထိန်းချုပ်နိုင်ရင်တော့ သင့်ဆရာဝန်ဆီကို သွားရောက်ပါ။
သင့်ရဲ့ရင်သားများပြောင်းလဲလာခြင်း၊ ဓမ္မတာမလာခင်ပြောင်းလဲသကဲ့သို့အပြင် နာကျင်သည့်ခံစားမှု၊ ပိုမိုမြင်သာသော သွေးကြောများ၊ မဲနက်လာသော၊ မာလာသော သားမြတ်ခေါင်းများ။
ကျွန်မကိုယ်ဝန်ရှိနေပြီလား?
သင်သည် လွန်ခဲ့သော ၅ ရက်ကအကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ပြုခဲ့သလား?
ကျွန်မကိုယ််ဝန်ရှိကြောင်းဘယ်လိုသိနိုင်မလဲ?
သင်ဟာ မကြာခင်ကမှ အကာအကွယ်မဲ့လိင်ဆက်ဆံခဲ့ပြီး ကိုယ်ဝန်ရှိ၊ မရှိ ဖော်ထုတ်ချင်တယ်ဆိုရင် သင့်အနေနဲ့ သတိထားကြည့်ရှုနိုင်မဲ့ အချို့သော လက္ခဏာများရှိပါတယ်။ ဓမ္မတာလာချိန် မလာခြင်းဟာ အများအားဖြင့် ကိုယ်ဝန်ရှိခြင်းအတွက် ပထမဆုံးသောလက္ခဏာဖြစ်ပါတယ်၊ သို့သော်လည်း ဒီဟာက ၁၀၀% စိတ်ချရတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာနောက်ကျခြင်းဟာ စိတ်ဖိစီးမှု၊ အစားအသောက်ပုံစံပြောင်းလဲမှု၊ သန္ဓေတားဆေးရဲ့ ဘေးထွက်ဆိုးကျိုးသို့မဟုတ် အခြားဆေးဝါးဆိုင်ရာပြဿနာစတဲ့ များစွာသောအကြောင်းအရာတွေကြောင့် ဖြစ်နိုင်လို့ပါပဲ။ ဒါ့အပြင် သန္ဓေတားဆေးများဟာ ပြီးပြည့်စုံနေတာမျိုးမဟုတ်ပဲ သင့်နည်းလမ်းရဲ့ ထိရောက်မှုအပေါ်မူတည်ပြီး သန္ဓေတားခြင်းက ကိုယ်ဝန်ကို ကာကွယ်ဖို့ ပျက်ကွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မတူညီသော သန္ဓေတားခြင်းနည်းလမ်းများရဲ့ ထိရောက်မှုနဲ့ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများကို ပိုမိုသိရှိနိုင်ဖို့ သန္ဓေတားနည်းလမ်းများ ကဏ္ဍကို သွားရောက်လိုက်ပါ။
ကိုယ်ဝန်ဆောင်ခြင်းရဲ့ လက္ခဏာများဟာ လူတဦးနဲ့တဦးကွာခြားနိုင်သော်လည်း အောက်ပါ လက္ခဏာများမှ တခုဟာ သင်ကိုယ်ဝန်ရှိနေကြောင်း ပြနိုင်ပါတယ်
အစောပိုင်းကိုယ်ဝန်ဆောင်မှုလက္ခဏာများ
မကြာခဏဆီးသွားခြင်း – သင်ဟာ ညသန်းခေါင်မှာ ဆီးသွားဖို့ နိုးလာတာမျိုးဖြစ်နိုင်ပါတယ်။
ဝမ်းချုပ်ခြင်း
အဖြူဆင်းခြင်း – နာကျင်မှု သို့မဟုတ် အဆင်မပြေမှု မရှိပဲ အဖြူရောင်အစိုင်အခဲများပိုမိုထွက်လာခြင်း။ သင်ဟာ စီးဆင်းမှုအားနည်းပြီး ဓမ္မတာလောက် မကြာရှည်တဲ့ အညိုရောင် သို့မဟုတ် ပန်းရောင်သန်းသည့် သွေးများလည်း ထုတ်လွှတ်နိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်မှု
ထူးဆန်းသောအရသာ – များစွာသော အမျိုးသမီးများဟာ သူတို့ပါးစပ်အတွင်း သတ္တုအရသာမျိုးရတယ်လို့ ဖော်ပြကြပါတယ်။
ပုံမှန်မဟုတ်သော မနှစ်သက်မှုများ၊ လဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်ငွေ့ သို့မဟုတ် အဆီများသော အစားအသောက်များ မကြိုက်တော့ခြင်း။
ကျပန်းချင်ခြင်းတက်မှုများ။
သင်ဟာ အစောပိုင်းကိုယ်ဝန်ဆောင်မှု လက္ခဏာများခံစားနေရတယ်လို့ သံသယဖြစ်ပါသလား?
ကျွန်ုပ်တို့အနေနဲ့ သင့်ကို ကျွန်ုပ်တို့ရဲ့ ကိုယ်ဝန်ဆောင်မှုမေးခွန်းများ ဖြေကြည့်ဖို့ အကြံပြုလိုပါတယ်။
သို့သော်လည်း ဒီမေးခွန်းများဟာ လက္ခဏာများကို အခြေခံပြီး သင့်ရဲ့ ကိုယ်ဝန်ရှိနိုင်မှုကို ကူညီဖော်ထုတ်ပေးနိုင်သော်လည်း၊ သင်ကိုယ်ဝန် အမှန်တကယ် ရှိ၊ မရှိ အသေချာဆုံးအတည်ပြုနိုင်တဲ့နည်းလမ်းကတော့ ကိုယ်ဝန်ဆောင်စစ်ဆေးခြင်းပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စစ်ဆေးမှုပြုလုပ်ခြင်းဆိုင်ရာလမ်းညွှန်မှုများအတွက် ကိုယ်ဝန်မည်ကဲ့သို့အတည်ပြုရမလဲ ကဏ္ဍကို ဝင်ရောက်ကြည့်ရှုလိုက်ပါ။
ကိုးကား
- “Pregnancy Symptoms: 10 Early Signs That You Might Be Pregnant”, WebMD, www.webmd.com/baby/guide/pregnancy-am-i-pregnant#1
- “Am I pregnant?”, NHS, www.nhs.uk/common-health-questions/pregnancy/am-i-pregnant/
- “Am I pregnant? Quiz”, Clearblue, March 2020, www.clearblue.com/am-i-pregnant/quiz
- “Am I Pregnant Quiz | Early signs of pregnancy”, Planned Parenthood, www.plannedparenthood.org/online-tools/am-i-pregnant
- “Am I pregnant? | Pregnancy Quiz”, Patient, www.plannedparenthood.org/online-tools/am-i-pregnant