- နံနက်ခင်းဖျားခြင်း(Morning Sickness) လို့ အမည်တွင်သော်လည်း နေ့စဥ် အချိန်မရွေး ဖြစ်ပွားနိုင်ပါ သည်။ မအီမသာဖြစ်နေသည်ဟု ခံစားရပြီး ဘာမှမထိန်းနိုင်တော့ပါက သင့်ဆရာဝန်ထံ သွားရောက်ပါ။
- ရာသီမလာခင်မှာ ဆင်တူမှုမှ ကွဲပြားလာသော သင့်ရင်သားများ၏အပြောင်းအလဲ၊ ထူပူယားယံတဲ့ ခံစားမှု၊ ပိုမြင်သာလာတဲ့ သွေးပြန်ကြောတွေနဲ့ မည်းနက်ဖောင်းကြွလာတဲ့ နို့သီးခေါင်းတွေကို ကြုံတွေ့ရမည်။
ကျွန်မမှာ ကိုယ်ဝန်ရှိသလား?

အကယ်၍ သင်သည် မကြာသေးမီက အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ပြီး ကိုယ်ဝန်ရှိ/မရှိကို အတည်ပြုလိုပါက၊ သေချာသော အချက်ပြနှင့် လက္ခဏာများ ရှိနေသည်ကို သင်သတိထားနိုင်ပါသည်။
ရာသီလာချိန် လွတ်သွားခြင်းသည် ကိုယ်ဝန်ရှိခြင်း၏ ပထမဆုံး လက္ခဏာဖြစ်လေ့ရှိ၍၊ ၁၀၀% ယုံကြည်နိုင်မှုမရှိ၊ အကြောင်းမှာ အခြားသော အကြောင်းအရင်းများစွာကြောင့် ရာသီလာချိန် နှောင့်နှေးနိုင်သည်၊ ဥပမာ- ၎င်းသည် သန္ဓေတားဆေး၊ နေ့စဥ်အစားအသောက်အပြောင်းအလဲ၊ စိတ်ဖိစီးမှု သို့မဟုတ် အခြားဆေးဘက်ဆိုင်ရာ ပြဿနာအချို့၏ ဘေးထွက်ဆိုး ကျိုးတစ်ခုဖြစ်နိုင်သည်။ မတူညီသော သန္ဓေတား နည်း များ၏ အလားအလာရှိသော ဘေးထွက်ဆိုးကျိုး များ အကြောင်း လေ့လာရန်၊ Find My Method သို့ ဝင် ရောက်ကြည့်ရှုပါ
ကိုယ်ဝန်တားထားသော်လည်း သင့်နည်းလမ်းက မအောင်မြင်နိုင်ချေ ရှိနေသည်။ သန္ဓေတားဆေးများသည် ပြီးပြည့်စုံမှုမရှိပဲ ၎င်းတို့အားလုံးတွင် မတူညီသော ထိရောက်မှုအဆင့်များရှိသည်။ သန္ဓေတားဆေးချို့ယွင်းမှု ကြုံဖူးသော အမျိုးသမီးများထံမှ ကြားသိလိုပါက ကျွန်ုပ်တို့၏ဖိုရမ်သို့ ဝင်ရောက်၍ ကြည့်ရှုပါ။
ကိုယ်ဝန်အစစ် ဘယ်လိုဖြစ်လာတယ်ဆိုတာ လေ့လာဖို့အတွက် ကျွန်တော်တို့ရဲ့စာမျက်နှာ “ကိုယ်ဝန်က ဘယ်လိုဖြစ်တာလဲ” မှာ ဝင်ရောက်ကြည့် ရှုပါ။ သင့်တွင် မေးခွန်းများ ရှိပါက info@findmymethod.org တွင်ကျွန်ုပ်တို့ကို အီးမေးလ်ပို့ ပါ သို့မဟုတ် Facebook, Instagram, and Twitter တို့မှတဆင့် ကျွန်ုပ်တို့အား စာတို ပေးပို့ပါ။
စတင်ရန်၊ ဖေါ်ပြပါလက္ခဏာများကို ရှာပါ-
ကိုယ်ဝန်အစောပိုင်းလက္ခဏာများ
- မကြာခဏ ဆီးသွားခြင်း – သင်သည် ညအလယ်မှာ အိပ်ရာက နိုးထလာပြီး ဆီးသွားတတ်ပါသည်။
- ဝမ်းချုပ်ခြင်း
- မိန်းမကိုယ်မှ အရည်ထွက်ခြင်း – အနာ သို့မဟုတ် ယားယံခြင်းမရှိဘဲ စိမ့်ရည်နို့ဖြူရောင်ကို တိုးပွားစေသည်။ ပေါ့ပါးသော သွေးစီးဆင်းမှု အညိုရောင် သို့မဟုတ် ပန်းနုရောင်သွေးကလည်း စီးဆင်းတတ်ပြီး သင့်ရာသီလာချိန်လောက် မကြာပါ။
- မောပန်းခြင်း
- ထူးဆန်းသောအရသာ – မိန်းမအများမှာ သူတို့၏လျှာတွင် သတ္တုအရာသာမျိုးကို ခံစားရကြောင်း ပြောပြကြ ပါသည်။
- သာမာန်မဟုတ်သောမနှစ်သက်မှုများ ဥပမာ- လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်ငွေ့ သို့မဟုတ် အီစေသော အစာများကို မနှစ်သက်ခြင်း။
ကြုံရာကျပန်း တဏှာပြင်းပြခြင်းများ။
သင်သည် လွန်ခဲ့သော ၅ ရက်ကအကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို ပြုခဲ့သလား?

ကိုးကား
- “Pregnancy Symptoms: 10 Early Signs That You Might Be Pregnant”, WebMD, www.webmd.com/baby/guide/pregnancy-am-i-pregnant#1
- “Am I pregnant?”, NHS, www.nhs.uk/common-health-questions/pregnancy/am-i-pregnant/
- “Am I pregnant? Quiz”, Clearblue, March 2020, www.clearblue.com/am-i-pregnant/quiz
- “Am I Pregnant Quiz | Early signs of pregnancy”, Planned Parenthood, www.plannedparenthood.org/online-tools/am-i-pregnant
- “Am I pregnant? | Pregnancy Quiz”, Patient, www.plannedparenthood.org/online-tools/am-i-pregnant