ကိုယ်ဝန်ဆိုင်ရာရွေးချယ်စရာများ

သင်ကြိုတင်ပြင်ဆင်မှုမလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်မှုအတွက် ဆုံးဖြတ်ချက်ချမှတ်ရတာဟာ ခက်ခဲမှန်း ကျွန်ုပ်တို့နားလည်ပါတယ်။ သင် မဆုံးဖြတ်ခင်မှာ သင့်ရဲ့ ကိုယ်ဝန်ကို အတည်ပြုဖို့၊ သင်ဆုံးဖြတ်နိုင်တဲ့ရွေးချယ်မှုတွေကြောင်းလေ့လာဖို့ နဲ့ လိုအပ်တဲ့အသေးစိတ်အဆင့်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ပိုမို လွယ်ကူချောမွေ့စေဖို့ သင့်ရဲ့ လက်တွဲဖော်၊ ယုံကြည်ရတဲ့ သူငယ်ချင်း သို့မဟုတ် ဆွေမျိုး၊ ယုံကြည်ရတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံက အကူအညီရယူဖို့လိုအပ်ပြီး သင့်ရဲ့ ရွေးချယ်နိုင်မှုတွေအကြောင်း ဆွေးနွေးပါ။
ကိုယ်ဝန်ဆိုင်ရာရွေးချယ်စရာများ

သင့်ရဲ့ ကိုယ်ဝန်ကို အတည်ပြုခြင်းဟာ သင့်ရဲ့ ရွေးချယ်မှုတွေအတွက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်တာ သေချာစေဖို့ ပထမဆုံးအဆင့်ပါ။ သင့်ကို လမ်းညွှန်နိုင်မဲ့ အွန်လိုင်းမေးခွန်းများကို ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးပြီး သင့်ရဲ့ ကိုယ်ဝန်ကို အတည်ပြုရန် ဆီး သို့မဟုတ် သွေးစစ်ဖို့ ကျွန်ုပ်တို့ အပြည့်အဝတိုက်တွန်းပါတယ်။ ဆီးစစ်တံများကို စတိုးဆိုင်များ သို့မဟုတ် ဆေးဆိုင်များမှာ အလွယ်တကူ ဝယ်ယူကာ အိမ်မှာပဲ စစ်ဆေးနိုင်ပြီး၊ သွေးစစ်ခြင်းကိုတော့ ကျန်းမာရေးစင်တာများမှာ သွားရောက်လုပ်ဆောင်ရပါမယ်။ သင့်ရဲ့ စစ်ဆေးမှုဟာ positive (ရှိကြောင်း) ပြတယ်ဆိုရင်တော့၊ နောက်အဆင့်ဟာ ကိုယ်ဝန်ကို ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မှုအတွက်ရွေးချယ်စရာအများအပြားရှိပြီး သင်ဆုံးဖြတ်ချက်ချရာမှာ ကူညီနိုင်မဲ့ အချက်အလက်များကို ပံ့ပိုးပေးဖို့ ကျွန်ုပ်တို့က အဆင်သင့်ရှိပါတယ်။ ရွေးချယ်စရာတခုချင်းစီတိုင်းအတွက် အောက်မှာ သင်ယူလိုက်ပါ၊ ပြီးတော့ သင့်အတွက် အကောင်းဆုံးဖြစ်မဲ့အရာကို ရွေးချယ်ပါ။

ကိုယ််ဝန်ဆောင်ရန် ရွေးချယ်လိုက်ပြီဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ဆက်သွယ်ဖို့သေချာပါစေ။ သူတို့ဟာ သင့်ရဲ့ ကိုယ်ဝန်ဆောင်မှုတလျှောက်လုံး လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်မဲ့ ဂရုစိုက်မှုအစီအစဥ်ကို သင်နဲ့အတူ ရေးဆွဲပေးမှာဖြစ်ပါတယ်။​

သင့်အနေနဲ့ ကိုယ်ဝန်ဆောင်များအတွက် အကြံပြုထားသော ဖော်လစ်အက်ဆစ် (folic acid) နှင့် ဗိုက်တာမင် ဒီ ဖြည့်စွက်ဆေး သို့မဟုတ် အစားအသောက်များစားသုံးသင့်ပါတယ်၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကို ဖြတ်တောက်ရန်လိုအပ်ပြီး ကဖင်းဓာတ်များကို လျှော့ချရပါမယ်။ သင့်အနေနဲ့ မျှတသောအစားအစာကို စားသုံးရန် ကြိုးစားသင့်ပြီး ကိုယ်ဝန်ဆောင်များအတွက် အန္တရာယ်ဖြစ်စေမည့် အစားအသောက်များကို ရှောင်ကြဥ်ရပါမယ်၊ ဂရုတစိုက် လေ့ကျင့်ခန်းလုပ်ဆောင်ရပါမယ်၊ သင်သောက်သုံးရတဲ့ မည်သည့်ဆေးဝါးမဆို ကိုယ်ဝန်ဆောင်များအတွက် အန္တရာယ်ကင်းရှင်းကြောင်းသေချာစေရပါမယ်၊ ပြီးတော့ သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး နှင့် စိတ်ကျန်းမာရေးတို့ကို အထူးဂရုပြုရပါမယ်။ သင့်ရဲ့ ဆရာဝန်ဟာ ဒီအချက်များကို အကြံပြုပေးမှာဖြစ်ပေမဲ့ ကြိုတင်သိရှိထားတာ ပိုကောင်းပါတယ်။

မိိဘအဖြစ်ရွေးချယ်တာဟာ မလွယ်ကူပဲ သင့်မှာ သင်နှစ်သက်ရာကို ဆုံးဖြတ်ဖို့ အခွင့်အရေးရှိပါတယ်။ သင်ဟာ ကလေးမဖျက်ချချင်ဘူး၊ သို့သော် မိဘလည်း မဖြစ်ချင်ဘူးဆိုရင်၊ သင်ဟာ အခြားသူကို မွေးစားစေခြင်းအား စဥ်းစားနိုင်ပါတယ်။​

ဒီရွေးချယ်မှုကို ဆုံးဖြတ်ခြင်းဟာ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမီးဖွားခြင်းတို့ကိုလုပ်ဆောင်ပြီးနောက် အခြားသူအား ကလေးကို ပြုစုပျိုးထောင်စေခြင်းကို ဆိုလိုပါတယ်။

အခြားသူကိုမွေးစားစေခြင်းဟာ နိုင်ငံပေါင်း ၁၆၀ ကျော်မှာ တရားဝင်ပြီး ကမ္ဘာတဝှမ်း နှစ်စဥ်နှစ်တိုင်း မွေးစားစေခြင်းဟာ တသန်းရဲ့ လေးပုံတပုံရှိပါတယ်။ အချိန်ကာလတလျှောက်၊ မွေးစားစေခြင်းဆိုင်ရာ ရိုးရာများ နှင့် ဥပဒေများဟာ တိုးတက်လာခဲ့ပြီး ကလေး၏ ကောင်းမွန်ပြည့်စုံရေးအတွက် ပိုမို အလေးပေးလာပါတယ်။ သို့သော်လည်း မွေးစားကလေး၏ အခွင့်အရေးများဟာ တနိုင်ငံနှင့် တနိုင်ငံ ကွာခြားပါတယ်။ အချို့နေရာများတွင် မွေးစားကလေးများဟာ အမွေဆက်ခံပိုင်ခွင့်ကဲ့သို့ မွေးဖွားထားသော ကလေးများနှင့် ထပ်တူ အခွင့်အရေးရှိပါတယ်။ အခြားနေရာများမှာတော့၊ မတူညီသော ဥပဒေများ နှင့် စည်းမျဥ်းများရှိပါတယ်၊ ဥပမာအားဖြင့်၊ ကိုယ်တိုင်မွေးဖွားထားသော မိဘများနှင့် အဆက်အသွယ်ရှိရခြင်းပါ။

သင်နေထိုင်သောနေရာအပေါ်မူတည်၍၊ သင့်အား ယဥ်ကျေးမှု နှင့် ဥပဒေများအကြောင်း မှန်ကန်သောအချက်အလက်ပေးနိုင်သည့်၊ ဒီဆုံးဖြတ်ချက်အား ထောက်ခံသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ရှာဖွေပါ။

သင်ဟာ မိဘအဖြစ်ရွေးချယ်ဖို့ အချိန်ကောင်းမဟုတ်သေးဘူးလို့ဆုံးဖြတ်ပြီးသွားရင်တော့၊ သင့်အနေနဲ့ ကလေးဖျက်ချနိုင်ပါတယ်။ သင်နေထိုင်တဲ့နေရာအပေါ်မူတည်ပြီး၊ ဒီရွေးချယ်မှု ရရှိနိုင်ဖို့ လွယ်ကူတာ ဒါမှမဟုတ် ခက်ခဲတာ ဖြစ်နိုင်ပါတယ်။ ဒေသတွင်း ဥပဒေများ နှင့် မူဝါဒများက သင့်အသက်အရွယ်၊ ကိုယ်ဝန်ကာလ၊ သင့်ရဲ့ အာမခံရှိမှု စတဲ့ ကလေးဖျက်ချနိုင်မှုအတွက် လိုအပ်တဲ့ အခြေအနေတွေကို သတ်မှတ်နိုင်ပါတယ်။

ကလေးဖျက်ချခြင်း ပြုလုပ်ဖို့ နည်းလမ်း နှစ်ခုရှိပါတယ်: ဆေးသောက်ခြင်း နှင့် ဆေးခန်းအတွင်းလုပ်ဆောင်ခြင်းတို့ပါ။

ဆေးသောက်၍ကလေးဖျက်ချခြင်း

သင်ဟာ ကိုယ်ဝန်ကိုရပ်တန့်ဖို့ ဆေးသောက်ပြီး ကလေးဖျက်ချနိုင်ပါတယ်။ အန္တရာယ်ကင်းတဲ့ ဆေးပြား ၂ ခုရှိပါတယ် : မီဆိုပရိုစတော (Misoprostol) နှင့်အတူ မစ်ဖစ်ပရစ်စတုန်း (Mifepristone) သုံးစွဲခြင်း နှင့် မီဆိုပရိုစတော သီးသန့် သုံးစွဲခြင်းတို့ဖြစ်ပါတယ်။​

အသေးစိတ်ပိုမိုသိရှိနိုင်ဖို့၊ howtouseabortionpill.org နဲ့ safe2choose.org ဆီက ကျွန်ုပ်တို့ရဲ့ သူငယ်ချင်းတွေဆီကို သွားရောက်ကြည့်ရှုနိုင်ပါတယ်

ဆေးခန်းအတွင်းကလေးဖျက်ချခြင်း

ဆေးခန်းအတွင်းကလေးဖျက်ချခြင်းလုပ်ဆောင်မှုများကို ဆေးရုံ သို့မဟုတ် ဆေးခန်းတို့မှ ကျွမ်းကျင်ကျန်းမာရေးဝန်ဆောင်မှုပေးသူများက လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ ဆေးခန်းတွင်းကလေးဖျက်ချခြင်းတို့အတွက် မတူညီတဲ့ လုံခြုံသောနည်းလမ်းများရှိပါတယ်။ ၎င်းတို့ကတော့ :

  1. လက်လှည့်လေဟာနယ်စုပ်ခွက်
  2. လျှပ်စစ်လေဟာနယ်စုပ်ခွက်
  3. ချဲ့ထွင်ခြင်းနှင့် ရွှေ့ပြောင်းခြင်း။
  4. Induction ကိုယ်ဝန်ဖျက်ချခြင်း။

ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့်ရဲ့ကိုယ်ဝန်ဆောင်ကာလ၊ သင့်နိုင်ငံရဲ့ ဥပဒေ နှင့် မူဝါဒများ၊ ပစ္စည်းကိရိယာ လုံလောက်မှု၊ ဝန်ဆောင်မှုပေးသူ သို့မဟုတ် လူနာ၏ နှစ်သက်မှုတို့ အလိုက် သင့်တော်တဲ့ နည်းလမ်းကို အကြံပြုမှာဖြစ်ပါတယ်။

ဆေးခန်းတွင်းကလေးဖျက်ချခြင်းနှင့်သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်များကို ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

လူတိုင်းမှာ ကိုယ်ဝန်ဖျက်ချခြင်းနှင့်ပတ်သက်ပြီး မတူညီတဲ့ အတွေ့အကြုံတွေ ရှိကြပါတယ်။ အချို့သောအမျိုးသမီးများအတွက် ဒီဟာက လွယ်ကူပြီး အချို့အတွက်တော့ ဒီဖျက်ချခြင်းက အလွန်စိတ်ဖိစီးစေနိုင်ပါတယ်။ ဒီလိုခံစားရတာကလည်း သဘာဝပါ။ ယုံကြည်စိတ်ချရတဲ့ ကိုယ်ဝန်ဖျက်ချမှု သတင်းအချက်အလက် နှင့် အကူအညီတို့အတွက် ကျွန်ုပ်တို့အနေနဲ့ သင့်ကို safe2choose ရှိ ကျွန်ုပ်တို့ သူငယ်ချင်းများထံ သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုပါတယ်

ကိုးကား

Pregnancy Options, Bedsider, www.bedsider.org/pregnancy_options

Pregnancy Options, Planned Parenthood, www.plannedparenthood.org/learn/pregnancy/pregnancy-options

Pregnancy options, New Zealand Family Planning, www.familyplanning.org.nz/advice/pregnancy/pregnancy-options

Pregnancy Choices: Raising the Baby, Adoption, and Abortion, The American College of Obstetricians and Gynecologists, www.acog.org/patient-resources/faqs/pregnancy/pregnancy-choices-raising-the-baby-adoption-and-abortion

Guide to a Safe Manual Vacuum Aspiration Abortion (MVA)”, safe2choose, https://safe2choose.org/safe-abortion/inclinic-abortion/manual-vacuum-aspiration-mva-procedure