LAM အား သန္ဓေတားနည်းလမ်းအဖြစ်သုံးစွဲခြင်းမှ သင့်အား မသင့်လျော်စေသည့် ဆေးဝါးအခြေအနေအချို့ ရှိပါတယ်။ ဒီအခြေအနေများရှိခြင်းကြောင့် သင့်အား နို့တိုက်မှုရပ်တန့်ခြင်း သို့မဟုတ် LAM ထိရောက်မှုကို ကန့်သတ်စေနိုင်သည့်ပုံစံဖြင့်နို့တိုက်စေခြင်း စတဲ့အကြံပေးချက်များရှိမှာပါ။
အကယ်၍အောက်ပါအခြေအနေများရှိတယ်ဆိုရင် LAM ကို လုံးဝအကြံမပြုပါဘူး
– ကလေးမှာ သူ့ရဲ့နို့စို့ခြင်းပုံစံများကို သက်ရောက်စေနိုင်တဲ့ ဇီဝကမ္မချို့ယွင်းမှု ရှိတယ်ဆိုရင်။ ဂါလက်တို့စ်ချို့ယွင်းမှု (galactosemia) ခံစားနေရတဲ့ကလေးများအတွက် ၎င်းတို့ရဲ့ မိခင်နို့်အစား ကုသမှုကို ကူညီပေးနိုင်တဲ့အစားအသောက်များတိုက်ကျွေးရမှာဖြစ်ပါတယ် (၆)။
– သင်ဟာ နို့တိုက်ခြင်းကို ထိခိုက်စေနိုင်တဲ့ စိတ်ခံစားမှုပြောင်းလဲစေနိုင်သောဆေးများသုံးနေရတယ်။
– သင််ဟာ ကလေးနို့တိုက်ရန်မသင့်လျော်တဲ့ ဆေးများသောက်နေရတယ်ဆိုရင်၊ ဥပမာ၊ သွေးကျဲဆေး။
ဓာတ်ခွဲခန်းစစ်ဆေးမှုများအရ၊ အောက်ပါအခြေအနေများရှိပါက LAM ကို သတိဖြင့်သုံးစွဲရပါတယ်
– သင့်မှာ AIDS ရောဂါရှိတယ် သို့မဟုတ် HIV ပိုး positive ဖြစ်တယ်လို့ အတည်ပြုခံထားရတယ်။ HIV ဟာ မိခင်မှကလေးသို့ ကူးစက်နိုင်ပါတယ်။ ပြင်းထန်မှုအပေါ်မူတည်ပြီးတော့ အကယ်၍သင်ဟာ HIV positive ဖြစ်ပါက နို့တိုက်ခြင်းနဲ့ဆက်စပ်တဲ့ အန္တရာယ်များအကြောင်း၊ ကလေးအတွက် အခြားအာဟာရအရင်းအမြစ်များတိုက်ကျွေးရန် လို၊မလို သင့်ကို အကြံပေးမှာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ HIV positive ဖြစ်ပြီး ART ဆေးသောက်နေပါက၊ သင်ဟာ LAM ကို သုံးနိုင်ပါတယ်။
– သင့်မှာ လက်ရှိ TB ရောဂါရှိတယ်။ TB ဟာ နို့တိုက်ခြင်းမှ မကူးစက်နိုင်သော်လည်း၊ မိခင် နှင့် ကလေးအကြား နို့တိုက်နေစဥ် နီးစပ်မှုဟာ ကလေးကို ကူးစက်နိုင်ဖို့ အလားအလာများစေပါတယ်။