ကျန်းမာရေးအကျိုးကျေးဇူးများ
– LAM ဟာ သင်ရော၊ သင့်ကလေးအတွက်ရော ကျန်းမာရေးကောင်းကျိုးများရှိစေတဲ့ အကောင်းဆုံးနို့တိုက်ခြင်းပုံစံများပေးစွမ်းပါတယ်။
– သင်ဟာ LAM အတွက်လိုအပ်ချက်များအားလုံးနဲ့ပြည့်စုံတယ်ဆိုရင်၊ ၎င်းဟာ အလွန်အမင်းထိရောက်ပါတယ်။
– ၎င်းဟာ သင့်ကိုယ်အလေးချိန်နှင့်မသက်ဆိုင်ပဲ တူညီတဲ့ ထိရောက်မှု ပေးစွမ်းပါတယ်။
– သင်ဟာ ဒီနည်းလမ်းကို အထူးအာဟာရအတွက် မည်သည့်လိုအပ်ချက်များမလိုအပ်ပဲ သုံးစွဲနိုင်ပါတယ်။
– ၎င််းကို ကလေးအတွက် မည်သည့်ပြင်ပအားဖြည့်အစားအစာများမလိုအပ်ပဲ ခြောက်လလုံးလုံး သုံးစွဲနိုင်ပါတယ်။ မိခင်နို့ဟာ ပထမဆုံးခြောက်လအတွင်း ကလေးအတွက် အသင့်တော်ဆုံးအစားအစာဖြစ်ပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
– ၎င်းဟာ မိသားစုအစီအစဥ်ဆွဲခြင်းအတွက် သဘာဝနည်းလမ်းဖြစ်ပါတယ်။
– သင်ဟာ သန္ဓေတားနည်းလမ်းများအတွက် သို့မဟုတ် ကလေးကို အစားအသောက်ကျွေးရန်အတွက် ကုန်ကျစရာမလိုပါဘူး။
– ၎င်းဟာ အသင့်တော်ဆုံးနို့တိုက်ခြင်းအတွက် အကောင်းဆုံးသန္ဓေတားနည်းလမ်းဖြစ်ပါတယ် (၅)။