– ၎င်းဟာ သင်နှင့် သင့်ကလေးအကြားခိုင်မာတဲ့ နို့တိုက်ခြင်းပုံစံအပေါ် မူတည်ပါတယ်။ ချောမွေ့သောနို့တိုက်ခြင်းအတွေ့အကြုံဟာ လူတိုင်းအတွက် အလိုအလျောက်မရောက်လာပါဘူး။ အကြံပြုထားသလို ပုံမှန် နို့မတိုက်နိုင်ခြင်းဟာ ဒီနည်းလမ်းကို ထိရောက်မှုနည်းစေပါတယ်။
– LAM ဟာ ခြောက်လအထိသာ ထိရောက်ပါတယ်။သင့်ရဲ့ ဓမ္မတာကာလပြန်လည်ရောက်ရှိလာရင် သို့မဟုတ် LAM ခြောက်လပြီးဆုံးသွားရင်၊ သင်ဟာ အခြားနည်းလမ်းကို အသုံးပြုရပါမယ်။
– ဒီနည်းလမ်းကို မှန်ကန်စွာ မသုံးစွဲဘူးဆိုရင် ကျရှုံးနှုန်းမြင့်ပါတယ်။
– ၎င််းဟာ HIV အပါအဝင် လိင်မှတဆင့်ကူးစက်ပိုးများ (STI) များမှ မကာကွယ်ပေးပါဘူး။
LAM အတွက် ဘေးထွက်ဆိုးကျိုးများရှိပါသလား?
မိခင်နို့တိုက်ချိန်ဓမ္မတာမလာခြင်း သန္ဓေတားနည်းလမ်းအတွက် မည်သည့်ဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး။