သန္ဓေတား IUD ကို ဘယ်လိုဖယ်ရှားပါသလဲ?

သန္ဓေတား IUD ကို ဘယ်လိုဖယ်ရှားပါသလဲ?
သန္ဓေတား IUD ကို ဘယ်လိုဖယ်ရှားပါသလဲ?

လူတယောက်ဟာ IUD ကို အကြောင်းပြချက်အများအပြားအတွက် ဖယ်ရှားနိုင်ပါတယ်။ ဒီဟာတွေမှာ သက်တမ်းကုန်ခြင်း နှင့် လဲလှယ်ခြင်း၊ ကိုယ်ဝန်ရခြင်း၊ သို့မဟုတ် မတူညီသော သန္ဓေတားနည်းလမ်းပြောင်းလဲခြင်းတို့အတွက် ဖြစ်ပါတယ်။ ဂါနာရှိ Gbagbo နှင့် Kayi တို့မှ လေ့လာချက်ဟာ IUD ဖယ်ရှားခြင်းအတွက် အကြောင်းပြချက်အများအပြားကို ရှင်းပြထားပါတယ်။ ဒီအကြောင်းပြချက်တွေမှာ လူမှုရေး နှင့် ယဥ်ကျေးမှုအကြောင်းပြချက်များ ပါဝင်ပါတယ်။ သင်ဟာ သန္ဓေတား IUD ကို အကြောင်းအရင်းတခုခုကြောင့် ရပ်တန့်ချင်တယ်ဆိုရင်၊ ၎င်းကို လေ့ကျင့်ထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူကသာ ဖယ်ရှားပေးသင့်ပါတယ်။​

သန္ဓေတား IUD ဖယ်ရှားတာ ဘယ်လောက်ကြာသလဲ?

IUD ဖယ်ရှားခြင်းလုပ်ဆောင်ချက်ဟာ ၂-၅ မိနစ်အကြား ကြာမှာဖြစ်ပါတယ်။ ထည့်သွင်းခြင်း လုပ်ငန်းစဥ်လိုပဲ၊ လေ့ကျင့်ထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့်ကို လှဲအိပ်ခိုင်းပြီး ခြေထောက်တွေကိုကားခိုင်းထားပါမယ်။ Speculum ပစ္စည်းကို သင့်ရဲ့ သားအိမ်ခေါင်းဖွင့်ဖို့ အသုံးပြုမှာဖြစ်ပြီး၊ ဝန်ဆောင်မှုပေးသူဟာ ခွဲစိတ်ခန်းသုံး forcep နှင့် IUD ကြိုးများကို ငြင်သာစွာ ဆွဲထုတ်မှာပါ။ IUD ဟာ ကွေးနိုင်ပြီး အလွယ်တကူ ထွက်လာမှာဖြစ်ပါတယ်။ အဖြစ်နည်းလွန်းသော IUD လွယ်ကူစွာမထွက်လာဘူးဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့် သားအိမ်ခေါင်းကို ချဲ့ဖို့ ဆေးဝါးများအသုံးပြုခြင်း၊ သင့်ကို အကိုက်အခဲပျောက်ဆေးခြင်း နှင့် forecap ဖြင့် IUD ကို ဆွဲထုတ်ခြင်းတို့ လုပ်ဆောင်ပါမယ်။ သင့်မှာ IUD အဟောင်းရှိပြီး၊ အဲ့ဒါကို လဲလှယ်ချင်ရင်တော့ IUD အသစ်ကို ချက်ချင်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

သန္ဓေတား IUD ဖယ်ရှားမှုအတွင်းမှာ နာကျင်မှုကို မည်မျှလောက်ခံစားရပါသလဲ?

အချို့အမျိုးသမီးများက သက်တောင့်သက်သာ မဖြစ်မှုအနည်းငယ် နှင့် ကြွက်တက်သကဲ့သို့ အနည်းငယ်ခံစားကြရသော်လည်း အခြားအမျိုးသမီးများကတော့ မည်သည်မှ မခံစားရပါဘူး။ သို့သော်လည်း ထုတ်ယူခြင်းမှာ ခံစားရတဲ့ နာကျင်မှာဟာ ထည့်သွင်းခြင်းက နာကျင်မှုလောက်တော့ မဆိုးပါ။ ထည့်သွင်းခြင်းလုပ်ဆောင်ပြီးနောက် ရက်အနည်းငယ်အတွင်း သင်ခံစားရတဲ့ နာကျင်မှုများကို ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများအသုံးပြုပြီး သက်သာစေနိုင်ပါတယ်။

သန္ဓေတား IUD ဖယ်ရှားမှုပြီးနောက် မည်မျှလောက်ကြာကြာ သွေးထွက်ပါသလဲ?

သန္ဓေတား IUD ဖယ်ရှားမှုပြီးနောက် သွေးထွက်ခြင်း သို့မဟုတ် သွေးစိမ့်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုခံစားရမှုဟာ ရက်အနည်းငယ်အထိ ကြာရှည်နိုင်ပါတယ်။ သင့်အနေနဲ့ အနည်းဆုံး ၄၈ နာရီအထိ အမျိုးသမီးလစဥ်သုံးပစ္စည်းများကို အသုံးပြုဖို့ အကြံပြုထားပါတယ်။ ၄၈ နာရီကြာပြီးနောက်မှာ၊ သင်ဟာ tampon များ သို့မဟုတ် menstrual cups များအပါအဝင် နှစ်သက်ရာ ဓမ္မတာသန့်စင်ရေးထုတ်ကုန်များကို အသုံးပြုနိုင်ပါတယ်။ အခဲကြီးများ (ဒင်္ဂါးပြားစေ့ အရွယ်အစား သို့ ပိုကြီးသော) နှင့် သွေးအလွန်ထွက်ခြင်း သို့မဟုတ် သွေးသွန်ခြင်း ( တနာရီအတွင်း ပစ္စည်းများ သို့မဟုတ် tampon များ တခုထက်ပို သွေးစိုခြင်း) တို့ဟာ ပုံမှန် မဟုတ်ပါဘူး။ အကယ်၍ သင်သာ ဒီလိုခံစားရမယ်ဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးသူနှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပေးသင့်ပါတယ်။

သန္ဓေတား IUD ဖယ်ရှားမှုပြီးနောက်၊ မျိုးဥထွက်ခြင်းဟာ ဘယ်အချိန်မှာ ဖြစ်ပေါ်ပါသလဲ?

သန္ဓေတား IUD ဖယ်ရှားမှုပြီးနောက်၊ သင့်ရဲ့ ပုံမှန် ဓမ္မတာကာလ ပြန်လာဖို့ သုံးလလောက်အထိ ကြာမြင့်နိုင်ပါတယ်။ သို့သော်လည်း၊ သင့်ရဲ့ မျိုးပွားနိုင်မှုဟာ IUD ဖယ်ရှားပြီးတာနဲ့ ချက်ချင်း ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ အကယ်၍သင်ဟာ ကိုယ်ဝန်မဆောင်လိုဘူးဆိုရင်တော့၊ သင့်ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသူဟာ သန္ဓေတား IUD မဖယ်ရှားခင် အနည်းဆုံး ခုနှစ်ရက် ကြိုတင်ပြီး သန္ဓေတားနည်းလမ်းစတင်အသုံးပြုဖို့ အကြံပေးမှာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ထုတ်ယူတဲ့အချိန်မှာ ထိရောက်တဲ့ သန္ဓေတားကာကွယ်မှုနည်းလမ်းရှိစေဖို့ လုပ်ဆောင်ပေးမျာပါ။ အခြားနည်းလမ်းများကတော့ IUD အသစ်တခု ချက်ချင်းထည့်သွင်းဖို့ပါပဲ။ အသုံးပြုထားတဲ့ နောက်ထပ် သန္ဓေတားနည်းလမ်း မထိရောက်ခင်မှာ သင်ဟာ ကွန်ဒုံးလိုမျိုး အကာအကွယ်နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။

သန္ဓေတား IUD ဖယ်ရှားမှုပြီးနောက် လိင်ဆက်ဆံမှု

သန္ဓေတား IUD ဖယ်ရှားမှု မတိုင်ခင် နှင့် ပြီးနောက် ရက်များအတွင်း လိင်ဆက််ဆံမှုဟာ အန္တရာယ်ကင်းရှင်းပါတယ်။ သို့သော်လည်း သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ IUD ကို ဖယ်ရှားတာ မဟုတ်ဘူးဆိုရင်တော့၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့်ကို လိင်ဆက်ဆံမှု ရှောင်ရှားခြင်း၊ လိင်ဆက်ဆံစဥ် ကွန်ဒုံးသုံးစွဲခြင်း သို့မဟုတ် သန္ဓေတား IUD မဖယ်ရှားခင် ၇ ရက်အတွင်း အခြား သန္ဓေတားနည်းလမ်းအသုံးပြုခြင်တို့ကို အကြံပေးမှာဖြစ်ပါတယ်။ သုက်ကောင်ဟာ အမျိုးသမီး မျိုးပွားလမ်းကြောင်းအတွင်းမှာ ၅ ရက်အထိ ရှိနေနိုင်ပြီး IUD ဖယ်ရှားလိုက်တာနဲ့ ချက်ချင်း ကိုယ်ဝန်ရနိုင်လို့ဖြစ်ပါတယ်။ IUD ကိုဖယ်ရှားပြီးတာနဲ့၊ သင်ဟာ အသစ်တခုချက်ချင်းထည့်သွင်းခြင်း သို့မဟုတ် အခြား သန္ဓေတားနည်းလမ်းချက်ချင်းအသုံးပြုခြင်း လုပ်နိုင်ပါတယ်။ သန္ဓေတားနည်းလမ်းအသစ်တခု မထိရောက်ခင်မှာ ကွန်ဒုံးလိုမျိုး အကာအကွယ်ကို အသုံးပြုပါ။

သန္ဓေတား IUD ဖယ်ရှားမှုပြီးနောက် မည်မျှအကြာတွင် ကျွန်ုပ်၏ ဓမ္မတာလာမလဲ?

သင့်ရဲ့ ဓမ္မတာကာလဟာ သန္ဓေတား IUD မထည့်သွင်းခင်တွင် ပုံမှန်ဖြစ်ပါက၊ သန္ဓေတား IUD ဖယ်ရှားမှုပြီးနောက် သင့်ရဲ့ ပုံမှန်ကာလအတွင်း ပြန်ရောက်ဖြစ်ပေါ်ဖို့ မျှော်လင့်နိုင်ပါတယ်။ အချို့သူများအတွက် ဓမ္မတာကာလဟာ ချက်ချင်းပြန်လည်ရောက်ရှိလာပြီး၊ အချို့သူများအတွက်ကတော့ ၃ လအထိ ကြာမြင့်နိုင်ပါတယ်။

ကျွန်ုပ်၏ သန္ဓေတား IUD ကို အိမ်တွင် ဖယ်ရှားနိုင်ပါသလား?​

လူတွေဟာ သူတို့ရဲ့ IUD များကို ကိုယ်တိုင်ကိုယ်ကျ ဖယ်ရှားတဲ့ ဇာတ်လမ်းတွေ သင်အွန်လိုင်းပေါ်မှာ တွေ့နိုင်ပါလိမ့်မယ်။ ဒီလိုလုပ်ဆောင်ခြင်းကို ကျွန်ုပ်တို့ အကြံမပေးပါဘူး။ ဒီလိုလုပ်ဆောင်ခြင်းဟာ အန္တရာယ်ကင်းရဲ့လားဆိုတာ သိဖို့ လုံလောက်တဲ့ သုတေသနမရှိသေးပါဘူး။ သင့်ရဲ့ IUD နဲ့ပတ်သက်ပြီး အဆင်မပြေဘးဆိုရင်၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံသွားရောက်ကာ ဖယ်ရှားခြင်းက အန္တရာယ်ကင်းရှင်းစွာလုပ်ဆောင်မှု ဖြစ်စေပါမယ်။ ပြီးတော့ အခြား သန္ဓေတားနည်းလမ်းရွေးချယ်စရာများအကြောင်း ဆွေးနွေးဖို့လည်း အခွင့်အရေးဖြစ်ပါမယ်။ သင်ဟာ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ပဲဆိုရင်တော့၊ ကျန်းမာသော ကိုယ်ဝန်ဆောင်မှုတခုအတွက် သင်လုပ်ဆောင်သင့်တဲ့ အရာများကို သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် ပြောဆိုနိုင်ပါတယ်။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles