ကျန်းမာရေးအကျိုးကျေးဇူးများ
သန္ဓေတား IUD များဟာ အောက်ပါတို့အပါအဝင်ကျန်းမာရေး အကျိုးကျေးဇူးအများအပြားရှိကြပါတယ်
– ကိုယ်ဝန်ဆောင်ခြင်းမှ ၉၉ ရာခိုင်နှုန်းကာကွယ်မှုပေးပါတယ်။ သန္ဓေတား IUD များဟာ အထိရောက်ဆုံး သန္ဓေတားနည်းလမ်းများထဲမှ တခုဖြစ်ပြီး – ဒီနည်းလမ်းအသုံးပြုသူ ၁၀၀ မှာ ၉၉ ယောက်ဟာ အောင်မြင်စွာ သန္ဓေတားနိုင်မှာဖြစ်ပါတယ်။
– သားအိမ်ခေါင်း သို့မဟုတ် သားအိမ်ကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း။
– နာကျင်သော ဓမ္မတာ ကိုက်ခဲခြင်းများ နှင့် အလွန်အမင်းသွေးထွက်ခြင်းကို လျှော့ချပေးခြင်း။
– သားအိမ်ပြင်ပသန္ဓေတည်နိုင်ခြင်းအန္တရာယ်ကို လျှော့ချခြင်း။
– မူမမှန်သော သွေးထွက်ခြင်း နှင့် တင်ပါးဆုံနာခြင်းကဲ့သို့ endometriosis ( သားအိမ်နံရံ တစ်သျှူးနေရာလွဲခြင်း) နှင့်သက်ဆိုင်သည့် လက္ခဏာများကို လျှော့ချခြင်း။
– သံဓာတ်အားနည်းမှုကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း။
လူမှုဘဝအကျိုးကျေးဇူးများ
အရေးပေါ် သန္ဓေတားဆေးအဖြစ် IUD သုံးခြင်း
အချက်အလက်အသစ်များအရ သန္ဓေတား IUD (၅၂ မီလီဂရမ် LNG)ကို အကာအကွယ်မပါသော လိင်ဆက်ဆံမှုပြီးနောက် ၁၂၀ နာရီ (ငါးရက်) အတွင်း ထည့်သွင်းပါက ထိရောက်သော အရေးပေါ်သန္ဓေတားနည်းလမ်းဖြစ်ပါတယ် [8]။
အမျိုးသမီးခန္ဓာကိုယ်တိုင်းအတွက် စိတ်ချရတယ်။
သန္ဓေတား IUD များဟာ ဆယ်ကျော်သက်များ နှင့် အသက် ၄၀ ကျော် အမျိုးသမီးများအပါအဝင်၊ အမျိုးသမီးခန္ဓာကိုယ်အများစုအတွက် လုံခြုံစိတ်ချရပါတယ်။ သင့်ဟာ ကျန်းမာရေးကောင်းမွန်ပြီး သားအိမ်ရှိတယ်ဆိုရင်၊ သင်ဟာ IUD ထည့်သွင်းလို့ရနိုင်ပြီး၊ သင်ဟာငယ်ရွယ်တယ်၊ ကိုယ်ဝန်မဆောင်ဖူးဘူး သို့မဟုတ် ကလေးမရှိဖူးဘူး၊ ကိုယ်ဝန်ဖျက်ချထားမယ် သို့မဟုတ် ပျက်ကျထားမယ် (ရောဂါကူးစက်မှုကြောင့် ကုသမှုမခံယူရမချင်း)၊ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း၊ တင်ပါးဆုံရောင်ရမ်းခြင်းရောဂါရှိခဲ့ခြင်း၊ ပျော့သော သို့မဟုတ် ရောဂါ လက္ခဏာမရှိသော ( ART ဆေး သောက်လိုက်၊ မသောက်လိုက်လုပ်ရခြင်း) HIV ရှိခြင်း သို့မဟုတ် သွေးအားနည်းရောဂါရှိခြင်းတို့ ဖြစ်ခဲ့လျှင်တောင်မှ ထည့်သွင်းနိုင်ပါမယ်။ ဒါဟာ ကိုယ်ဝန်ဆောင်အသစ်များအတွက် (နို့တိုက်ခြင်း/ နို့မတိုက်ခြင်း) ကောင်းမွန်သော နည်းလမ်းဖြစ်ပါတယ်။
ဒါကို ကွယ်ဝှက်ထားဖို့ လွယ်ကူတယ်။
သန္ဓေတား IUD ဟာ သားအိမ်အတွင်းသို့ ထည့်သွင်းရတဲ့ T ပုံစံ ပစ္စည်းဖြစ်ပြီး လူအများစုဟာ အဲ့ဒါရှိမှန်းသိမှာမဟုတ်ပါဘူး။ လိင်မဆက်ဆံခင်လည်း လုပ်ဆောင်စရာဘာမှမလိုပါဘူး။ အချို့သော ရှားပါးတဲ့ အဖြစ်အပျက်တွေမှာတော့ လက်တွဲဖော်ဟာ ဆက်ဆံစဥ်အတွင်း IUD သို့မဟုတ် ၎င်းရဲ့ ကြိုးတွေကို ခံစားမိနိုင်ပါတယ်၊ သို့သော်လည်း ကျန်းမာရေး ဝန်ဆောင်မှု ထောက်ပံ့သူဟာ ဒီကြိုးတွေကို အလွယ်တကူ တိပေးနိုင်ပါတယ်။
၎င်းဟာ ထွေထွေထူးထူးလုပ်ဆောင်စရာမလိုဘူး။
ထည့်သွင်းပြီး မေ့ထားလိုက်ပါ။ အကယ်၍ သင်ဟာ သင့်ရဲ့ သန္ဓေတားနည်းလမ်းကို မမှတ်နိုင်တာမျိုးလည်း စိုးရိမ်စရာမလိုချင်ဘူးဆိုရင်တော့၊ IUD က သင့်အတွက်ဖြစ်နိုင်ပါတယ်။ ၎င်းကို တခါတည်းထည့်သွင်းရုံနဲ့၊ အမျိုးအစားအပေါ် မူတည်ပြီး (levonorgestrel ပမာဏအပေါ် မူတည်ပြီး) သုံးနှစ်ကနေ ခုနှစ်နှစ်အတွင်း ကြာမြင့်နိုင်ပါတယ်။
၎င်းဟာ အရှိန်တက်နေတာကို မဟန့်တားပါဘူး။
၎င်းဟာ အသုံးပြုရဲ့ အားထုတ်မှုသိပ်မလိုပဲ ကြာရှည်ခံပါတယ်။
၎င်းဟာ လက်မလိုပါဘူး။
ထည့်သွင်းခြင်းကို ကျန်မာရေးစင်တာမှာ လုပ်ဆောင်တာကြောင့်၊ ဆေးဆိုင်တွေမှာ ပစ္စည်းတွေ ဝယ်စရာလည်းမလိုပါဘူး။ဒါကြောင့်၊ ပျောက်နိုင်တာ သို့မဟုတ် မေ့နိုင်တာမျိုးတွေ မဖြစ်ပါဘူး။
IUD ဖယ်ရှားပြီး ဘယ်လောက်အကြာမှာ ကိုယ်ဝန်ရနိုင်မလဲ?
သင်ဟာ IUD ကိုချက်ချင်း ဖယ်ရှားလိုက်တာနဲ့ ကိုယ်ဝန်လျင်မြန်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။ အကယ်၍သင့်အနေနဲ့ ဖယ်ရှားပြီးပြီးချင်း ကိုယ်ဝန်မဆောင်ချင်သေးဘူးဆိုရင်တော့၊ သင့်ကိုယ်သင် မတူညီတဲ့ နည်းလမ်းနဲ့ ကာကွယ်ဖို့ သေချာပါစေ။
၎င်းကို အလွယ်တကူ ရရှိနိုင်တယ်။
သင်ဒီနည်းလမ်းကို အသုံးပြုချင်ပါသလား? ၎င်းဟာ အလွယ်တကူရရှိနိုင်ပြီး သင့်ဒေသမှာရှိတဲ့ ကျန်းမာရေးစင်တာမှာမေးကြည့်လိုက်ပါ။