သန္ဓေတားသားအိမ်ထည့်ပစ္စည်းတခုကို ဘယ်လိုထည့်သွင်းသလဲ?

သန္ဓေတားသားအိမ်ထည့်ပစ္စည်းတခုကို ဘယ်လိုထည့်သွင်းသလဲ?
သန္ဓေတားသားအိမ်ထည့်ပစ္စည်းတခုကို ဘယ်လိုထည့်သွင်းသလဲ?

သင်ဟာ သန္ဓေတား IUD ကို တလရဲ့ မည်သည့်အချိန်မှာမဆိုထည့်သွင်းနိုင်ပါတယ်။​ အချို့သော ကျန်းမာရေးပညာရှင်များကတော့ သားအိမ်ခေါင်းကျယ်ခြင်းကြောင့် သင့်ရဲ့ ဓမ္မတာကာလအတွင်း ထည့်သွင်းဖို့ ပိုမိုနှစ်သက်ပါတယ်။ သို့သော်လည်း သင် ကိုယ်ဝန်မရှိမခြင်း မည်သည့်အချိန်မဆိုအဆင်ပြေပါတယ်။

သန္ဓေတား IUD ထည့်သွင်းရန် မည်ကဲ့သို့ပြင်ဆင်ရမလဲ?

သန္ဓေတား IUD ထည့်သွင်းခြင်းရဲ့ ပထမဆုံး အဆင့်ကတော့ သင့်ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသူနှင့် စကားပြောဆွေးနွေးခြင်းဖြစ်ပါတယ်။ IUD ဟာ သင့်အတွက် အဆင်ပြေမှုရှိ၊ မရှိ ဆုံးဖြတ်ရန် သင့်ကို မေးခွန်းများမေးမည်ဖြစ်ပြီး သားအိမ်ခေါင်းစစ်ဆေးမှုကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ် [5]။
“IUD ထည့်သွင်းခြင်းမတိုင်မီ စစ်ဆေးခြင်းမှာ လိင်အင်္ဂါမှကူးစက်သည့် ရောဂါများရှိ၊ မရှိ စစ်ဆေးခြင်းပါ ပါဝင်မှာဖြစ်ပါတယ်။
သင်ဟာ ကိုယ်ဝန်မရှိဘူးဆိုတာ၊ ရောဂါကူးစက်မှုမရှိဘူးဆိုတာ ဆုံးဖြတ်ပြီးသွားရင်တော့ သင့်ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသူဟာ သင့်ကို ပလက်လှန်အိပ်စေပြီး သင့်ခြေထောက်ကို ခြေထောက်တင်နေရာမှာ တင်ထားစေမှာပါ။ ဒီလိုစစ်ဆေးခြင်းဟာ အခြား မီးယပ်ဆိုင်ရာ စစ်ဆေးခြင်းများနှင့် တူပြီး၊ ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိစေရေးအတွက်၊ သင့်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းအပေါ် အဝတ်စအုပ်ထားမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သူတို့ရဲ့ လက်ချောင်းများ အသုံးပြုပြီး တင်ပါးဆုံးတွင်းစစ်ဆေးမှုလုပ်ဆောင်ပါမယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ သင့်ရဲ့ သားအိမ် နဲ့ သားဥအိမ်များရဲ့ ပုံစံ၊ အရွယ်အစား နဲ့ တည်နေရာတို့ကို ဆုံးဖြတ်စေနိုင်မှာပါ။ ဒီလုပ်ငန်းစဥ်အတွင်း သင့်ကို ပိုပြီး သက်တောင့်သက်သာဖြစ်စေဖို့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့်ကို အကိုက်အခဲပျောက်ဆေး သောက်စေတာမျိုး သို့မဟုတ် သင့်ရဲ့ သားအိမ်ခေါင်းတဝိုက် ထုံဆေးထိုးပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။

သန္ဓေတား IUD ထည့်သွင်းခြင််း အစီအစဥ်ဟာ ဘယ်လောက်ကြာတတ်ပါသလဲ?

IUD ထည့်သွင်းခြင်း လုပ်ငန်းစဥ်ဟာ ပုံမှန်အရ ၅ – ၁၀ မိနစ်လောက်ကြာပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ထည့်သွင်းမှုအကြောင်း ရှင်းပြမှုဖြစ်ပြီး၊ ထည့်သွင်းမှုအတွက် အသုံးပြုမယ့် သန္ဓေတား IUD ပစ္စည်း နှင့် ကိရိယာများကို ပြသသွားမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးသူဟာ ပြီးသွားရင် speculum ကိရိယာကို သင့်ရဲ့ အမျိုးသမီးအင်္ဂါအတွင်းသို့ထိုးသွင်းပြီး သားအိမ်ခေါင်းကို ဟ ထားမှာပါ။ နောက်အဆင့်ကတော့ သင့်ရဲ့ မအင်္ဂါ နှင့် သားအိမ်ခေါင်းတို့ကို ပိုးသတ်ဆေးသုံးပြီး ဆေးမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ သင့် သားအိမ်အတွင်းသို့ IUD ကို ထည့်သွင်းဖို့ အထူးထည့်သွင်းခြင်းကိရိယာကို အသုံးပြုမှာပါ။ IUD နေရာကျတာနဲ့ ထည့်သွင်းကိရိယာကို ဖယ်လိုက်ပြီး IUD ရဲ့ကြိုးများကို လိုအပ်တဲ့ အမြင့်ရအောင်ချိန်ညှိခြင်း၊ speculum ပစ္စည်းဖယ်ထုတ်ခြင်းတို့လုပ်မှာပါ။ သင့်ရဲ့ ကျန်မာရေးဝန်ဆောင်မှုပေးသူဟာ ထည့်သွင်းခြင်းပြီးတာနဲ့ သင့်ကို သတိပေးမှာဖြစ်ပြီး ရက်အနည်းငယ်လောက် အနားယူဖို့၊ အထိုင်အထ ဖြေးဖြေးလုပ်ဖို့ နဲ့ သက်တောင့်သက်သာ ဝတ်စားဖို့ မှာပါလိမ့်မယ်။ အခုဆိုရင်တော့ ဘယ်အရာကိုမျှော်လင့်နိုင်မလဲ သိရှိရမှာဖြစ်ပါတယ်။

သန္ဓေတားသားအိမ်ထည့်ပစ္စည်း IUD ထည့်သွင်းပြီး ဘယ်အရာတွေမျှော်လင့်ထားနိုင်မလဲ

IUD ထည့်သွင်းပြီးသွားရင် ကြွက်တက်ခြင်း နဲ့ ကျောကုန်းနာကျင်ခြင်းများအဖြစ်များပါတယ်၊ ဒါပေမဲ့ သူတို့ဟာ ကောင်းကောင်း အနားယူခြင်း သို့မဟုတ် ဆေးသောက်ခြင်းတို့ဖြင့် ပျောက်သွားမှာဖြစ်ပါတယ်။ အချို့သော အမျိုးသမီးများကတော့ ခေါင်းကိုက်ခြင်းခံစားရနိုင်ပါတယ်။ ထို့ကြောင့် ထည့်သွင်းခြင်းလုပ်ဆောင်မှုပြီးနောက် အနားယူဖို့ ပြင်ဆင်တာက အရေးကြီးပါတယ်။ ထည့်သွင်းပြီးတာနဲ့ သွေးအနည်းငယ်စိမ့်ခြင်း သို့မဟုတ် သွေးယိုခြင်းတို့ခံစားရနိုင်ပါတယ်။ IUD ထည့်သွင်းခြင်းဟာ ရှုပ်ထွေးသော လုပ်ဆောင်မှု မဟုတ်သော်လည်း၊ သင့်နိုင်ငံရှိ ဥပဒများက သင့်ကို အိမ်ပြန်ပို့နိုင်တဲ့ တစုံတယောက်ရှိဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။​ ဒီဟာကို ချိန်းဆိုမှုလုပ်ချိန်မှာ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနှင့် အတည်ပြုပါ။​သို့သော်လည်း၊ ၎င်းဟာ မဖြစ်မနေ မဟုတ်ရင်တောင်မှ သင့်ကို အိမ်ပြန်ပို့ပေးမည့် တစုံတယောက်ရှိခြင်းဟာ ထည့်သွင်းခြင်းပြီးနောက် ကြုံတွေ့ရနိုင်တဲ့ မည်သည့် ဘေးထွက်ဆိုးကျိုးမျိုးမှ မဆို သက်တောင့်သက်သာရှိသော နားနေမှု ဖြစ်စေနိုင်ပါတယ်။

သန္ဓေတား IUD ထည့်သွင်းခြင်း ပြီးနောက် ကြွက်တက်ခြင်းဟာ မည်မျှလောက်ကြာနိုင်ပါသလဲ?

ထည့်သွင်းခြင်းလုပ်ဆောင်နေစဥ်အတွင်း သင်ဟာ ကြွက်တက်ခြင်းအချို့ ခံစားရမှာပါ။ အချို့သူများအတွက် နာကျင်မှုဟာ ကြွက်တက်ခြင်းထက်ဆိုးပါတယ်၊ ဒါပေမဲ့ ၂ မိနစ်အတွင်း ပျောက်သွားပါတယ်။
သင်ဟာ ရက်အနည်းငယ်အကြာအထိ ကြွက်တက်ခြင်း နှင့် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီဟာကို ibuprofen သို့မဟုတ် paracetamol ကဲ့သို့ အကိုက်အခဲပျောက်ဆေးများဖြင့် ကုသနိုင်ပါတယ်။

သန္ဓေတား IUD ထည့်သွင်းပြီးနောက် ဘယ်လောက်အကြာအထိ သွေးထွက်ပါသလဲ?

သန္ဓေတား IUD ထည့်သွင်းပြီးနောက် သွေးထွက်မှု ပုံစံပြောင်းလဲခြင်းအဖြစ်များပါတယ်၊ သို့သော်လည်း ဒါဟာ သုံးလ မှ ခြောက်လအတွင်း ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ သန္ဓေတား IUD များဟာ ဓမ္မတာလာစဥ်အတွင်း ကြွက်တက်မှုနည်းစေပြီး ပေါ့ပါးအောင် လုပ်ဆောင်ပေးတယ်လို့ အသိများပါတယ်။ အချို့သူများဟာ ၁ နှစ် မှ ၂ နှစ်အထိ ဓမ္မတာမလာကြောင်း တင်ပြထားတာလည်းရှိပါတယ်။ သင့်ရဲ့ သွေးထွက်မှု ပုံစံပြောင်းလဲခြင်းများဟာ သင်ခံစားနိုင်တဲ့ ပမာဏအထက်ကျော်လွန်နေရင်တော့၊ သင့်ရဲ့ရွေးချယ်နိုင်စရာတွေကို ကျန်းမာရေးဝန်ဆောင်မှု ပေးသူနှင့် တိုင်ပင်သင့်ပါတယ်။

သန္ဓေတား IUD အနေအထားကို ဘယ်လို စစ်ဆေးမလဲ?

IUD ကို ထည့်သွင်းပြီးတာနဲ့ သင်ဟာ သားအိမ်မှ နှစ်လက်မလောက် မအင်္ဂါအပေါ်သို့ကျနေတဲ့ ကြိုးအသေးတခုကို ခံစားမိကောင်း ခံစားမိပါလိမ့်မယ်​ (ကြိုးဟာ မအင်္ဂါအပြင်ဖက်သို့ မထွက်ပါ)။ ကြိုးကိုထားရှိခြင်းဟာ IUD ကို နောက်ပိုင်းမှာ ပြန်လည် ထုတ်ယူနိုင်အောင်ဖြစ်ပါတယ် [6]။ ၎င်းဟာ သင့်ကိုယ်ထဲရောက်သွားတာနဲ့၊ သင်ဟာ ကြိုးများရဲ့ အဆုံးများကို တနှစ်လျှင် အကြိမ်အနည်းငယ်စစ်ဆေးပြီး IUD နေသားတကျရှိစေရန် သေချာစေသင့်ပါတယ်။
– သင့်ရဲ့လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့်ဆေးပါ၊ ပြီးနောက် ထိုင်ပါ သို့မဟုတ် ဆောင့်ကြောင့်ထိုင်ပါ။
– သင့်ရဲ့ လက်ချောင်းကို သားအိမ်ခေါင်း စမ်းမိသည်အထိ မအင်္ဂါထဲသို့ထိုးသွင်းပါ၊ သားအိမ်ခေါင်းဟာ သင့်ရဲ့ နှာခေါင်းထိပ်ကဲ့သို့ တင်းရင်းပြီး ရာဘာဆန်ဆန်ဖြစ်နေပါမယ်။​
– ကြိုးများကို ရှာပါ။ ရှာတွေ့ပါက ဝမ်းမြောက်ပါတယ်၊ သင့်ရဲ့ IUD က စိတ်ချရပါတယ်။ သို့သော်လည်း၊ သင်ဟာ သားအိမ်ခေါင်း နှင့် ဆန့်ကျင်ဘက်မှာ IUD ရဲ့ မာကျောသောအပိုင်းကို ခံစားမိပါက၊ သင့်ဝန်ဆောင်မှုပေးသူမှ ပြန်လည်တည့်မတ်ပေးခြင်း သို့မဟုတ် အစားထိုးလဲလှယ်ခြင်း လုပ်ဆောင်ရပါမယ်။
– ကြိုးများကို မဆွဲပါနှင့်! သင်ဆွဲလိုက်ပါက၊ IUD ဟာ အပြင်ထွက်လာနိုင်ပါတယ်။​
– ကြိုးများကို ရှာဖွေစမ်းသပ်ရတာ သက်တောင့်သက်သာမဖြစ်ပါက၊ သင့်ရဲ့ ဝန်ဆောင်မှုပေးသူမှ ထည့်သွင်းပြီး တလအကြာမှာ စစ်ဆေးပေးနိုင်ပါတယ်၊ ပြီးနောက်မှာတော့ တနှစ်အကြာမှာ စစ်ဆေးပေးမှာပါ။
ရောဂါပိုးကူးစက်မှု အန္တရာယ်အနည်းဆုံး လျှော့ချနိုင်ရန်၊ သင့်ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ ထည့်သွင်းပြီးခြင်း ၂၄ နာရီအတွင်း menstrual cupများ၊ tamponများ၊ မအင်္ဂါဖြင့် လိင်ဆက်ဆံမှု၊ ရေချိုးခြင်း (ရေစိမ်ချိုးခြင်း) နှင့်​ ရေကူးခြင်းတို့ကို ရှောင်ရှားဖို့ ပြောပါလိမ့်မယ်။
သင့်အနေနဲ့ အောက်ပါ ပုံမှန်မဟုတ်သော လက္ခဏာများကို ထည့်သွင်းပြီး ရက်၂၀ အတွင်း ခံစားရပါက သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူထံ ချက်ချင်းတိုင်ပင်ဖို့ အကြံပြုထားပါတယ် :
သင့် မအင်္ဂါအတွင်းမှ ပုံမှန်မဟုတ်သော ဆင်းခြင်းများ၊
အဖျား/ချမ်းခြင်း၊
လိင်ဆက်ဆံချိန်အတွင်း မခံမရပ်နိုင်အောင် နာကျင်ခြင်း၊
အော်ဂလီဆန်ခြင်း နှင့်/သို့ အော့အန်ခြင်း၊ နှင့်
သင့်ဗိုက်အောက်ပိုင်းနာကျင်ခြင်း။
ဒီလက္ခဏာများဟာ တင်ပါးဆုံရောင်ရမ်းခြင်းရောဂါ (PID) ရဲ့ လက္ခဏာများဖြစ်နိုင်ပါတယ်။ PID ဟာ ဆီးပူညောင်းကျရောဂါ သို့မဟုတ် ကာလသမီးရောဂါရှိသူများထံ IUD ကို ထည့်သွင်းပါက ဖြစ်သော ရောဂါဖြစ်ပါတယ်။ IUD ကို သင်ကိုယ်တိုင် ထုတ်ယူလိုခြင်းမဟုတ်ပါက၊ သင့်ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသူဟာ PID နှင့် အခြား လိင်ကူးစက်ရောဂါများကို IUD မထုတ်ယူပဲ ကုသပေးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း PID ဟာ ကုသမှုနှင့် မပျောက်ကူးပါက၊ IUD ကို ထုတ်ယူပြီး ဆက်လက်ကုသဖို့ အကြံပြုမှာဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါ သို့မဟုတ် ကာလသမီးရောဂါ ကုသနေစဥ်အတွင်း ကွန်ဒုံးအသုံးပြုဖို့ နှင့် ကုသချိန်အတွင်း IUD ထုတ်ယူထားပါက အခြားသန္ဓေတားနည်းလမ်းအသုံးပြုဖို့ လုပ်ဆောင်သင့်ပါတယ်။ PID ကုသမှုပြီးဆုံးသွားပါက IUD ကို ပြန်လည်ထည့်သွင်းနိုင်ပါတယ်။

သန္ဓေတား IUD ဟာ ဘယ်အချိန်မှာ စတင်အလုပ်လုပ်ပါသလဲ?

ဓမ္မတာကာလ၏ ပထမ ၇ ရက်အတွင်း ထည့်သွင်းထားပါက၊ သန္ဓေတား IUD ဟာ ချက်ချင်းထိရောက်မှာဖြစ်ပါတယ်။ ဓမ္မတာကာလ၏ အခြားအချိန်များအတွင်း ထည့်သွင်းပါက ၎င်းသည် ထည့်သွင်းပြီး ခုနှစ်ရက်အကြာမှာ အလုပ်စတင်လုပ်မှာဖြစ်ပါတယ်။

IUD ထည့်သွင်းခြင်းပြီးပါက မည်မျှအကြာတွင် လိင်ဆက်ဆံနိုင်ပါသလဲ?

IUD ကို ထည့်သွင်းပြီးတာနဲ့ သင် လိင်ဆက်ဆံမှုကို ကြိုက်နှစ်သက်သည့် အချိန်တွင် လုပ်ဆောင်နိုင်ပါတယ်။ သို့သော်လည်း သင့်ဓမ္မတာကာလများအတွင်း IUD ကို ထည့်သွင်းခြင်းမဟုတ်ပါက၊ သင်ဟာ IUD ထိရောက်ဖို့ စောင့်ဆိုင်းနေစဥ်အတွင်းမှာ အခြား သန္ဓေတားနည်းလမ်းတခုကို ၇ ရက်အတွင်း အသုံးပြုရမှာဖြစ်ပါတယ်။

သန္ဓေတား IUD ထည့်သွင်းပြီးပါက tampon များကို မည်သည့်အချိန်တွင် အသုံးပြုနိုင်ပါသလဲ?

ရောဂါကူးစက်ခံရမှုအန္တရာယ် အနည်းဆုံးဖြစ်အောင် လျှော့ချရန်၊ IUD ထည့်သွင်းပြီးနောက် tampon သုံးခြင်း၊ မအင်္ဂါဖြင့် လိင်ဆက်ဆံခြင်း သို့မဟုတ် ရေချိုးခြင်းတို့ကို အနည်းဆုံး ၂၄ နာရီစောင့်ဆိုင်းဖို့ အကြံပြုထားပါတယ်။

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles