သန္ဓေတား IUD ၏ ဘေးထွက်ဆိုးကျိုးများက ဘာလဲ?

သန္ဓေတား IUD ၏ ဘေးထွက်ဆိုးကျိုးများက ဘာလဲ?
သန္ဓေတား IUD ၏ ဘေးထွက်ဆိုးကျိုးများက ဘာလဲ?

သန္ဓေတား IUD ဟာ ဟော်မုန်းမပါဝင်သော IUD များထက် အနည်းငယ်ပိုပြီး ထိရောက်တယ်လို့ သတ်မှတ်ထားကြသော်လည်း၊ ၎င်း၏ ဘေးထွက်ဆိုးကျိုးများကတော့ ကြာမြင့်တတ်ပါတယ်။ ဟော်မုန်းပါဝင်သော IUD အသုံးပြုသူများဟာ ဟော်မုန်းမပါဝင်သည့် IUD အသုံးပြုသူများ မကြုံတွေ့ရတဲ့ ဟော်မုန်းနှင့်သက်ဆိုင်သော ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ခေါင်းကိုက်ခြင်းလိုမျိုးကို ခံစားရပါတယ်။ သို့သော်လည်း အမျိုးသမီးများဟာ ၆-၈ လအတွင်း ဟော်မုန်းပါဝင်သည့် IUD နှင့် အသားကျသွားကြပါတယ်။

မည်သည့် သန္ဓေတား IUD မှာ ဘေးထွက်ဆိုးကျိုးပိုများသလဲ?

ဟော်မုန်းပါဝင်သည့် သန္ဓေတား IUD များရဲ့ ဘေးထွက်ဆိုးကျိုးများဟာ အမျိုးသမီးတဦး နှင့် တဦး ကွာခြားပါတယ်။ အချို့သော IUD အမျိုးအစားများမှာ လူလုပ်ဟော်မုန်းပါဝင်မှုနည်းကြပါတယ်၊ သို့သော်လည်း တယောက်ချင်းစီအတွက် အသင့်လျော်ဆုံး IUD အမျိုးအစားရွေးချယ်ခြင်းဟာ အကြောင်းအရာအများအပြားအပေါ် မူတည်ပါတယ်။ ဒီအကြောင်းအရာတွေမှာ – ကာကွယ်ခြင်းလိုအပ်တဲ့ ခန့်မှန်းနှစ်အရေအတွက်၊ သားအိမ်ခေါင်း အရွယ်အစား သို့မဟုတ် ကလေးများ ရှိ၊ မရှိ၊ အသုံးပြုစဥ်ကာလအတွင်း ဓမ္မတာ လာလိုခြင်း ရှိ၊ မရှိ နှင့် လူလုပ်ဟော်မုန်းများအပေါ် တုံ့ပြန်ပုံ စသည်တို့ပါဝင်ပါတယ်။ အမျိုးသမီးကျန်းမာရေး မဂ္ဂဇင်း (Women’s Health Magazine) ဟာ မတူညီသော ဟော်မုန်းပါဝင်သည့် သန္ဓေတား IUD အမျိုးအစားများမှ မည်သည်တို့ကို မျှော်လင့်ထားရမလဲဆိုတာ ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။​

ဟော်မုန်းပါဝင်သည့် သန္ဓေတား IUD တခု၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

၁။ ထည့်သွင်းပြီးနောက် ရက်အနည်းငယ်အတွင်း နာကျင်ခြင်း နှင့် ကျောနာခြင်း
၂။ ထည့်သွင်းပြီး မကြာခင် သွေးစိမ့်ခြင်း သို့မဟုတ် သွေးစီးခြင်း
၃။ မမှန်ကန်သော ဓမ္မတာ ကာလများ။ ဒီလိုဖြစ်ခြင်းဟာ ပိုမိုပေါ့ပါးသော ဓမ္မတာများ၊ လစဥ်သွေးထွက်ခြင်းရက်အနည်းငယ်ဖြစ်ခြင်း သို့မဟုတ် သန္ဓေတား IUD ထည့်သွင်းပြီး တစ်နှစ် မှ နှစ်နှစ်အတွင်း ဓမ္မတာသွေးလုံးဝမဆင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဓမ္မတာသွေးမဆင်းခြင်းကို ကိုယ်ဝန်ရှိခြင်းနှင့် အထင်မမှားသင့်ပါဘူး။ ဟော်မုန်းပါဝင်သည့် IUD များဟာ များပြားသော ဓမ္မတာသွေးဆင်းခြင်း နှင့် နာကျင်ခြင်းတို့ကို လျှော့ချပေးပြီး သွေးအားနည်းခြင်းကို ကုသပေးတယ်လို့ တင်ပြထားကြပါတယ်။
၄။ ခေါင်းကိုက်ခြင်းများ
၅။ ဝက်ခြံ
၆။ ရင်သားနူးညံ့ခြင်း နှင့် နာကျင်ခြင်း
၇။ စိတ်ခံစားမှုပြောင်းလဲခြင်းများ။

ရှားပါးသော ဟော်မုန်းပါဝင်သည့် IUD ရှုပ်ထွေးမှုများ :

ရောဂါကူးစက်ခြင်း (တင်ပါးဆုံနာကျင်ခြင်း၊ သွေးဆင်းခြင်း နှင့် အဖျားတက်ခြင်း)။ များသောအားဖြင့် ဆရာဝန်ဟာ တင်ပါးဆုံရောင်ရမ်းခြင်းရောဂါ (PID) ကို စစ်ဆေးမှာဖြစ်ပါတယ်။​ PID ဟာ ထည့်သွင်းတဲ့အချိန်မှာ အမျိုးသမီးများအနေဖြင့် ကာလသမီးရောဂါ သို့မဟုတ် ဆီးပူညောင်းကျရောဂါရှိထားတဲ့ ရှားပါးသော အခြေအနေများမှာ ဖြစ်ပေါ်တယ်လို့ တင်ပြကြပါတယ်။ ရောဂါကူးစက်မှုရဲ့ ပြင်းထန်မှုအနေအထားကို ကြည့်ပြီး၊ IUD ဖယ်ထုတ်ခြင်း၊ မဖယ်ထုတ်ခြင်းတို့ဖြင့် PID ကို ပိုးသတ်ဆေးများဖြင့် ကုသနိုင်ပါတယ်။
IUD ဟာ သားအိမ်နံရံကို တွန်းခြင်း။ ဒီအခြေအနေကို (လက္ခဏာအချို့အပေါ် အခြေခံပြီး) ကျန်းမာရေးစင်တာမှာသာ ရောဂါရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မှာတော့၊ IUD ကို လေ့ကျင့်ထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူက ထုတ်ယူမှာဖြစ်ပါတယ်။
IUD ထွက်လာခြင်း။ သင့်ရဲ့ IUD ဟာ နေရာတကျ မရှိဘူး သို့မဟုတ် ထွက်လာတယ်လို့ သံသယရှိရင်တော့၊ သင်ဟာ စနစ်တကျ လမ်းညွှန်မှု နှင့် ကုသမှုတို့အတွက် ကျွမ်းကျင်သော ကျန်းမာရေး ဝန်ဆောင်မှုပေးသူ နှင့် တိုင်ပင်သင့်ပါတယ်။​
သုံးလကြာပြီးနောက် ဘေးထွက်ဆိုးကျိုးများဟာ သင်လက်ခံနိုင်တဲ့ အတိုင်းအတာထက် ပိုတယ်လို့ ခံစားရရင်တော့၊ သင်ဟာ ၎င်းကို ဖယ်ထုတ်ပြီး အခြား သန္ဓေတားနည်းလမ်းတခုကို ပြောင်းလဲနိုင်ပါတယ်။ သန္ဓေတား IUD ဟာ လိင်မှကူးစက်သော ရောဂါများ (STIs) များကို မကာကွယ်နိုင်ဘူးဆိုတာ သိရှိထားပေးပါ။

ဟော်မုန်းပါဝင်သော IUD နှင့် ပတ်သက်၍ အမေးများသော မေးခွန်းအချို့

သင့်မှာ လိင်မှတဆင့်ကူးစက်သောရောဂါရှိပါက သန္ဓေတား IUD ကို ထည့်သွင်းနိုင်ပါသလား?

မထည့်သွင်းနိုင်ပါဘူး။ သင့်မှာ မည်သည့် လိင်မှတဆင့်ကူးစက်သော​ရောဂါမဆိုရှိပါက၊ သန္ဓေတား IUD ကို ထည့်သွင်းဖို့ အကြံမပြုပါဘူး။ ဒီလိုလုပ်ဆောင်ခြင်းဟာ တင်ပါးဆုံရောင်ရမ်းခြင်း ရောဂါဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူဟာ ကုသမှုအရင်ပေးသင့်ပြီး IUD မထည့်သွင်းမှီ သင့်မှာ မည်သည့်
မထည့်သွင်းနိုင်ပါဘူး။ သင့်မှာ မည်သည့် လိင်မှတဆင့်ကူးစက်သော​ရောဂါမဆိုမရှိဘူးဆိုတာ သေချာအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

ကျွန်ုပ် နို့တိုက်နေရပါက IUD ကို အသုံးပြုနိုင်ပါသလား?

ရပါတယ်၊ planned parenthood အရ၊ IUD ဟာ နို့တိုက်နေရသော မိခင်တယောက်အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းများထဲမှ တခုဖြစ်ပါတယ်။ ၎င်းကို မွေးဖွားပြီးပြီးခြင်း ထည့်သွင်းနိုင်ပြီး သင် သို့မဟုတ် သင့်ကလေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

ကျွန်ုပ်ရဲ့ သန္ဓေတား IUD ကြောင့် ပြင်းထန်သော နာကျင်မှုများခံစားနေရပါတယ်။ ကျွန်ုပ်ဘာလုပ်သင့်လဲ?

လအနည်းငယ်လောက် စမ်းကြည့်ပါ၊ သင့်ရဲ့ ဓမ္မတာစကာစ ရက်အနည်းငယ်အတွင်း ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးကို သောက်ပါ။ သင်ဟာ ကာလကြာရှည်သန္ဓေတားနည်းလမ်းအသုံးပြုချင်တယ်၊ သို့သော်လည်း ဟော်မုန်းပါဝင်သည့် IUD ၏ ဆိုးကျိုးများဟာ အချိန်ကြာသော်လည်း မပျောက်သွားကြောင်းတွေ့ရှိရပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်သူနှင့် အခြား ရေရှည်၊ ဆိုးကျိုးနည်းသောနည်းလမ်းကို ပြောင်းလဲရန် တိုင်ပင်ပါ။

ကျွန်ုပ်၏ သန္ဓေတား ဟော်မုန်းပါဝင်သော IUD က ထွက်ကျသွားပါတယ်၊ ဒါမျိုးထပ်ဖြစ်နိုင်ပါသလား?​

IUD ထွက်ကျခြင်းဟာ ထည့်သွင်းပြီး တနှစ်လောက်အတွင်း အမျိုးသမီးရာခိုင်နှုန်းအနည်းငယ်မှာ ဖြစ်နိုင်ပါတယ်။ ထွက်ကျခြင်းဟာ အောက်ပါအမျိုးသမီးများ မှာ ပိုဖြစ်နိုင်ပါတယ် :
ကိုယ်ဝန်တခါမှ မရဖူးသော၊
အသက် ၂၀ အောက် ငယ်သော၊
အလွန်ပြင်းထန်သော သို့မဟုတ် နာကျင်ရသော ဓမ္မတာများ ရှိဖူးသူများ၊

ကလေးမီးဖွားပြီးခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ကာလအလယ်ပိုင်းအတွင်း ကိုယ်ဝန်ဖျက်ချပြီးနောက် IUD ထည့်သွင်းထားသော
“တဝက်တပျက်ထွက်ကျခြင်းဟာ IUD အနေနဲ့ သူ့နေရာမှာ သေချာမရှိလို့ဖြစ်နိုင်ပါတယ်၊ ၎င်းဟာ သားအိမ်အတွင်း အောက်အလွန်ရောက်နေပြီး အပြင်ကို သူ့ဟာသူ ထွက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ထည့်သွင်းတဲ့အချိန်အတွင်း သို့မဟုတ် အရွယ်အစား၊ ထောင့် စသည့် သားအိမ်၏ လက္ခဏာများနှင့်သက်ဆိုင်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ပုံသဏ္ဍာန်ရှိနိုင်သည့် တစ်သျှူးများရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။​ ယခင် IUD ထွက်ကျဖူးထားသော အမျိုးသမီးများတွင် ဒုတိယအကြိမ် IUD ထွက်ကျနိုင်သည့် အခွင့်အလမ်းများနိုင်ပါတယ် [2]။
သင့်အနေနဲ့ သန္ဓေတား IUD များကဲ့သို့ ရေရှည်ခံပြီး ထိန်းသိမ်းစရာ သိပ်မလိုသည့် ရွေးချယ်စရာကြိုက်သော်လည်း ထွက်ကျသည့် ပြဿနာကြုံတွေ့နေရပါက လက်မောင်းထည့်ပစ္စည်းကဲ့သို့ အခြားရေရှည်ခံ ဟော်မုန်းနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ကျွန်ုပ်ရဲ့ သန္ဓေတားIUD ဟာ ကျွန်ုပ်ရဲ့ လက်တွဲဖော်ကို ခြစ်မိစေနိုင်ပါသလား?​

အချို့လက်တွဲဖော်များအနေဖြင့် မအင်္ဂါတွင်း လိင်ဆက်ဆံနေစဥ်အတွင်း IUD ကြိုးများကို ခံစားမိနိုင်ပါတယ်။ ကြိုးများကို အလွန်တိုတောင်းစွာ ဖြတ်ထားပါက ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ အကယ် IUD ကြိုးများဟာ သင့်လိင်ဆက်ဆံမှုရဲ့ အရည်အသွေးများကို ထိခိုက်တယ်လို့ ယုံကြည်ပါက၊ သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူကို အကြံဉာဏ်တိုင်ပင်ရန် လည်ပတ်သင့်ပါတယ်။ သင့်အား ကြိုးများထပ်မံတိုတောင်းစွာဖြတ်ရန် အကြံပေးနိုင်သော်လည်း IUD ကြိုးများကို အရမ်းတိုခြင်းဟာ နောက်ပိုင်း သူတို့ကို ပြန်လည်ထုတ်ယူချိန်မှာ ခက်ခဲစေနိုင်ကြောင်း သတိပေးခံရပါလိမ့်မယ် (သင့်အနေနဲ့ ၎င်းတို့ကို ဖယ်ရှားရန် သီးသန့်လေ့ကျင့်ထားသော ကျန်းမာရေးဝန်ဆောင်သူလိုအပ်ပါလိမ့်မယ်)။ ကြိုးများဟာ နောက်ပိုင်းမှာ ၎င်းတို့ကို ခံစားမိဖို့ ခက်ခဲလောက်သည်အထိ ပျော့ပျောင်းသွားမည်ဖြစ်သောကြောင့် အခြားနည်းလမ်းအနေဖြင့် သင့်လက်တွဲဖော်အား စိတ်ရှည်ပေးရန် တောင်းဆိုခြင်းလုပ်ဆောင်နိုင်ပါတယ်။

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles