သန္ဓေတား IUD ဆိုတာဘာလဲ?
အမျိုးသမီးဟော်မုန်းပါဝင်သည့် သားအိမ်ထည့်ပစ္စည်း သို့မဟုတ် သန္ဓေတားသားအိမ်ထည့်ပစ္စည်း (IUD) ဆိုသည်မှာ levonorgestrel ဟုခေါ်သည့် လူလုပ်ဟော်မုန်းအမျိုးအစားပါဝင်သော ရေရှည်သန္ဓေတားသည့် နည်းလမ်းဖြစ်သည်။
ဤဟော်မုန်းသန္ဓေတားနည်းလမ်းသည် အင်္ဂလိပ်စာလုံး T ပုံစံ ဒီဇိုင်းရှိသော ပလတ်စတစ် ပစ္စည်းဖြစ်သည်။ ၎င်းကို အမျိုးသမီးလိင်အင်္ဂါ နှင့် သားအိမ်ခေါင်းတို့မှတဆင့် သားအိမ် အတွင်း သို့ ကျွမ်းကျင်သည့် ကျန်းမာရေးပညာရှင်များမှ ထည့်သွင်းသည်။
သန္ဓေတား သားအိမ်ထည့်ပစ္စည်း မည်ကဲ့သို့ အလုပ်လုပ်သလဲ?
သန္ဓေတား သားအိမ်ထည့်ပစ္စည်းဟာ သားအိမ်နံရံကို ပါးသွားစေခြင်း၊ သားအိမ်ခေါင်းအချွဲထူထပ်စေခြင်း ပြုလုပ်ကာ အလုပ်လုပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ သုက်ကို မျိုးအောင်စေခြင်းမှ ကာကွယ်ပေးပါတယ်။ ၎င်းဟာ တခါတရံမှာ သားဥအိမ်ကို မျိုးဥထုတ်လုပ်ခြင်းမှ ကာကွယ်ပြီး အလုပ်လုပ်ပါတယ်။
သန္ဓေတားသားအိမ်ထည့်ပစ္စည်းကို နို့တိုက်ကျွေးနေရသော၊ နို့မတိုက်ကျွေးရသော အမျိုးသမီးများအတွက်၊ ကိုယ်ဝန်ပျက်ကျပြီးချက်ချင်း အပါအဝင် မည်သည့်အချိန်မှာမဆိုထည့်သွင်းနိုင်ပါတယ်။ ၎င်းကို မွေးဖွားပြီး ၄၈ အတွင်းထည့်သွင်းနိုင်သည််။ ဗိုက်ခွဲမွေးဖွားခြင်းဖြစ်ပါက သားအိမ်မပိတ်ခင်အတွင်း လုပ်ဆောင်ရမည်ဖြစ်သည်။
သန္ဓေတားသားအိမ်ထည့်ပစ္စည်းက ဘယ်လောက်ခံသလဲ?
အမျိုးအစားအပေါ် မူတည်၍ သန္ဓေတားသားအိမ်ထည့်ပစ္စည်းဟာ သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ခုနှစ်အထိ ကာကွယ်ခြင်းပေးနိုင်ပါတယ်။ အချို့နိုင်ငံများတွင် Mirena အမျိုးအစားသားအိမ်ထည့်ပစ္စည်းသုံးစွဲခြင်းဟာ ရှစ်နှစ်အထိ ကာကွယ်ပေးနိုင်ပါတယ်။