Diaphragm သုံးစွဲခြင်းရဲ့ ဘေးထွက်ဆိုးကျိုများကဘာလဲ?
– ဆီလီကွန် သို့မဟုတ် သုက်သတ်ဆေးနှင့် ဓာတ်မတည့်ခြင်း။ ဒီဓာတ်မတည့်ခြင်းဟာ မအင်္ဂါရောဂါပိုးဝင်နိုင်ချေကို တိုးမြင့်စေပါတယ်။ အကယ်၍သင်ဟာ ဆီလီကွန် သို့မဟုတ် သုက်သတ်ဆေးနှင့် ဓာတ်မတည့်ဘူးဆိုရင်တော့၊ သင်ဟာ diaphragm ကို မသုံးသင့်ပါဘူး။
– အဖြစ်နည်းသော်လည်း၊ သင်ဟာ မအင်္ဂါ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် မှိုဖြစ်ခြင်း ခံစားရနိုင်ပါတယ်။
– အချို့အမျိုးသမီးများဟာ မကြာခဏဆီးလမ်းကြောင်းပိုးဝင်ခြင်း ကြုံတွေ့ရပါတယ်။
အလွန်ရှားပါးသော အခြေအနေများတွင် သင်ဟာ အဆိပ်တက်ခြင်းရောဂါခံစားရနိုင်ပါတယ်။
Diaphragm သန္ဓေတားနည်းလမ်းသုံးစွဲခြင်းရဲ့ ဆိုးကျိုးများကဘာလဲ?
– သင်ဟာ ၎င်းကို မသုံးစွဲနိုင်ခင်မှာ ဆရာဝန်ညွှန်ကြားချက် နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူထံမှ အရွယ်အစားချိန်ညှိပေးမှု လိုအပ်မှာဖြစ်ပါတယ်။
– ၎င်းဟာ အားစိုက်မှုအများအပြားလိုအပ်ပါတယ်။ အချို့အမျိုးသမီးများဟာ diaphragm ထည့်သွင်းရာမှာ အခက်တွေ့ကြပါတယ်၊ သို့သော်လည်း သင်ဟာ လိင်ဆက်ဆံသည့်အခါတိုင်း ၎င်းကို ထည့်သွင်းရမှာဖြစ်ပါတယ်။
– သင့်ရဲ့ ခန္ဓာကိုယ်နှင့် သက်တောင့်သက်သာဖြစ်ရန်လည်းလိုအပ်ပါတယ်။ Diaphragm ထည့်သွင်းခြင်းဟာ tampon ထည့်သွင်းခြင်းနဲ့ အနည်းငယ်ဆင်တူပါတယ်။ သင် tampon ထည့်သွင်းနိုင်ပါက diaphragm ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အကယ်၍ သင့်ရဲ့ မအင်္ဂါအတွင်း လက်ချောင်းများထည့်သွင်းရန် အဆင်မပြေဘူးဆိုရင်တော့၊ diaphragm သင့်အတွက်အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။
– ၎င်းဟာ တကိုယ်ရည်စည်းကမ်း နှင့် ပြင်ဆင်မှု အနည်းငယ်လိုအပ်ပါတယ်။ သင်ဟာ လိင်ဆက်ဆံမှုမတိုင်ခင် သင့်ရဲ့ diaphragm ကို ထည့်သွင်းဖို့ သတိရရန်လိုအပ်ပါတယ်။ ဒါ့အပြင်သင်ဟာ ဒီအချက်ကို လိင်ဆက်ဆံတိုင်းမှာ သတိရရန်လိုအပ်ပါတယ်။
– ၎င်းဟာ ကြီးမားတဲ့လိင်တံများ၊ ပြင်းထန်တဲ့ထိုးသွင်းမှု သို့မဟုတ် အချို့သောလိင်ဆက်ဆံခြင်းအနေအထားများကြောင့် နေရာရွေ့နိုင်ပါတယ်။
– ၎င်းဟာ STI များမှ မကာကွယ်ပေးပါဘူး။
– သင်ဟာအရက်သောက်ထားပါက ၎င်းကို မှတ်မိရန် ခက်ခဲပါတယ် (၇)။
ဘယ်လိုအခြေအနေမျိုးမှာဆိုရင် diaphragm သန္ဓေတားနည်းလမ််း မသုံးစွဲသင့်ဘူးလဲ?
Diaphragm ဟာ အောက်ပါအမျိုးသမီးများအတွက် မသင့်လျော်ပါဘူး
– ကိုယ်ဝန်တားဆီးပေးရာမှာ အလွန်ထိရောက်တဲ့ သန္ဓေတားနည်းလမ်းရှာဖွေနေသူများ၊
– ခြောက်ပတ်ထက်နည်းပြီး ကလေးမီးဖွားပြီးသူများ၊
– အဆိပ်တက်ခြင်းရောဂါခံစားဖူးသူများ၊ နှင့်
– သားအိမ်ခေါင်းအဝတွင် diaphragm သေချာစွာထားရှိရန် ထိခိုက်စေနိုင်သည့် ခန္ဓာဗေဒအခြေအနေ သို့မဟုတ် မည်သည့်သားအိမ်လျှောခြင်း အမျိုးအစားမဆို ခံစားနေရသူများ (၈)။