Diaphragm သန္ဓေတားနည်းလမ်းကို ဘယ်လိုထည့်သွင်းရမလဲ?

Diaphragm သန္ဓေတားနည်းလမ်းကို ဘယ်လိုထည့်သွင်းရမလဲ?
Diaphragm သန္ဓေတားနည်းလမ်းကို ဘယ်လိုထည့်သွင်းရမလဲ?

ထည့်သွင်းခြင်းဟာ ခက်ခဲတဲ့ လုပ်ငန်းစဥ်မဟုတ်ပါဘူး။ လိုက်နာရမဲ့အဆင့်များကို အောက်မှာဖော်ပြထားပါတယ် :

– သင့်လက်များကို ဆပ်ပြာ၊ ရေတို့ဖြင့်ဆေးကြောပါ။ ၎င်းတို့ကို မည်သည့်အရာမှ မထိစေပဲ လေဖြင့် အခြောက်ခံပါ။
– သင့်ရဲ့ diaphragm မှာအပေါက်များ နှင့် အားနည်းသောနေရာများ ရှိ၊ မရှိ စစ်ဆေးပါ။ သန့်ရှင်းသောရေထည့်ကြည့်ခြင်းဟာ ကောင်းမွန်တဲ့ စစ်ဆေးမှုနည်းလမ်းဖြစ်ပါတယ် – ရေစိမ့်ပါက၊ အပေါက်ရှိနေပါပြီ။ သင့် diaphragm အတွင်းမှာအပေါက်ရှိခြင်းဟာ ၎င်းအနေနဲ့ ကောင်းမွန်စွာ အလုပ်မလုပ်ပဲ ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
– ခွက် (diaphragm ၏ အတွင်းပိုင်း) ထဲသို့ သုက်သတ်ဆေး ၅ မီလီလီတာလောက်ထည့်ပါ။ အဝနားတဝိုက်ကိုလည်း သုတ်လိမ်းပေးပါ (အများကြီးမသုတ်ပါနှင့်၊ မဟုတ်ပါက ထားရှိရန် အလွန်ချောနေပါလိမ့်မယ်)။ မည်သည့်သန္ဓေတားဂျဲလ် သို့မဟုတ် သုက်သတ်ဆေးမဆို သုံးစွဲလို့ရပါတယ်၊ အပြား သို့မဟုတ် ထည့်သွင်းရသည့်/စအိုမှထည့်သွင်းရသည့် အမျိုးအစားများမှ လွဲ၍။ သုတ်သက်ဆေး၏ သက်တမ်းကုန်ရက်ကိုစစ်ဆေးရန်မမေ့ပါနှင့်။
– သင့်ရဲ့ diaphragm ထည့်သွင်းနေချိန်မှာ၊ ခေါက်ထားသည့်နေရာအတွင်း သုက်သတ်ဆေးအများစုရှိနေကြောင်းသေချာပါစေ၊ သို့မှသာ အထိရောက်ဆုံးဖြစ်မှာဖြစ်ပါတယ်။
– ထိုင်ပါ သို့မဟုတ် မတ်တတ်ရပ်ပါ၊ သင့်ခြေထောက်များကို ကားထားပါ။ လက်တဖက်ဖြင့် သင့်မအင်္ဂါ၏ အနားနှုတ်ခမ်းကို ဟထားပါ။ အခြားလက်အား diaphragm ၏ အဝ ကိုဖိပြီး တဝက်စီခေါက်ရန် အသုံးပြုပါ။
– သင့်ရဲ့ လက်ညှိုးကို ခေါက်ထားသည့်ခေါက်ရိုးအလယ်တွင်ထားပြီး ကောင်းကောင်းဆုပ်ကိုင်ထားပါ (သင်ဟာ သုက်သတ်ဆေးများကို ထိနေပါလိမ့်မယ်)။
– Diaphragm ကို မအင်္ဂါအတွင်းဖက်သို့ သင် ထည့်နိုင်သမျှ အတွင်းအကျဆုံးအထိ ထည့်ပါ။ သင့်ရဲ့ သားအိမ်ခေါင်းကို ဖုံးအုပ်နေတာ သေချာပါစေ။ သင်ဟာ မှန်ကန်စွာထည့်သွင်းလိုက်ပါက၊ သင့်ရဲ့ သားအိမ်ခေါင်းကို ရာဘာdiaphragmမှ တဆင့် ခံစားမိနေရပါမယ်။ ကောင်းမွန်စွာ ထည့်သွင်းခြင်းမရှိတဲ့ diaphragm ဟာ သက်တောင့်သက်သာမဖြစ်စေပါဘူး။ သက်တောင့်သက်သာမဖြစ်ပါက၊ ပြန်ထုတ်ပြီး ပြန်ထည့်ကြည့်ပါ။
– diaphragm ကို လိင်မဆက်ဆံခင်မှာပဲ ထည့်သွင်းနိုင်ပါတယ်။ လိင်မဆက်ဆံခင် နာရီပိုင်းအလိုမှာလည်း ထည့်သွင်းနိုင်ပါတယ်။​ သင်မည်သည့်အချိန်တွင် ထည့်သွင်းသည်ဖြစ်စေ၊ လိင်ဆက်ဆံပြီးနောက် အနည်းဆုံးခြောက်နာရီအထိ ၎င်းကို သင့်မအင်္ဂါအတွင်းထားရှိရန် သေချာပါစေ။ ထိုရက်အတွင်းမှာပဲ သင်ဟာ ထပ်မံပြီး လိင်ဆက်ဆံမည်ဆိုပါက၊ diaphragm ကို နဂိုနေရာမှာပဲထားပြီး သင့်မအင်္ဂါအတွင်းသို့ သုက်သတ်ဆေးများ ထပ်ထည့်ပါ။ အချို့သော သုက်သတ်ဆေးများဟာ diaphragm အတွက်သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်ပြီး သင့်အနေနှင့် ခြောက်နာရီအတွင်း တကြိမ်ထက်ပိုပြီး လိင်ဆက်ဆံမည်ဆိုပါက အသုံးပြုနိုင်သည့် ထည့်သွင်းတံနှင့်အတူ လာပါတယ်။ သုက်သတ်ဆေးထည့်သွင်းနေချိန်မှာ diaphragm ကို မဖယ်ရှားရပါဘူး​(၄)။
– diaphragm ထည့်သွင်းရန် အခက်တွေ့နေပါက၊ ထည့်သွင်းတံဝယ်ယူခြင်းအတွက် သင့်ရဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူအား မေးမြန်းပါ သို့မဟုတ် အခြားသန္ဓေတားနည်းလမ်းပြောင်းလဲအသုံးပြုရန် စဥ်းစားပါ။
– အကယ်၍ သင့်ရဲ့ မအင်္ဂါအတွင်း ရောဂါပိုးဝင်နေပါက၊ diaphragm သုံးစွဲခြင်းကို ရှောင်ရှားပါ။ ၎င်းအစား ရောဂါပိုးပျောက်ကင်းသည်အထိ ကွန်ဒုံးများကို အသုံးပြုပါ။

လိင်ဆက်ဆံနေစဥ်အတွင်း ကျွန်ုပ်ရဲ့ လက်တွဲဖော်ဟာ diaphragm သန္ဓေတားနည်းလမ်းကို ခံစားမိမှာလား?​

မှန်ကန်စွာထည့်သွင်းထားပါက၊ သုံးစွဲအများစု နှင့် ၎င်းတို့ရဲ့ လက်တွဲဖော်များဟာ လိင်ဆက်ဆံနေစဥ်အတွင်း diaphragm ကို ခံစားမိမှာမဟုတ်ပါဘူး။

အကယ်၍ကျွန်ုပ်ဟာ ကြိမ်ဖန်များစွာလိင်ဆက်ဆံလိုပါက ဘယ်လိုဖြစ်မလဲ?

သင်ဟာ လိင်ဆက်ဆံပြီးနောက် diaphragm ကို ၆-၁၂ နာရီအထိ ဆက်လက်ထားရှိနိုင်ပါတယ်။ သင်ဟာ အဆိုပါ ခြောက်နာရီအတိုင်း ထပ်မံလိင်ဆက်ဆံမည်ဆိုပါက၊ သုက်သတ်ဆေးများ ထပ်မံထည့်သွင်းရန် လိုအပ်ပါမယ်။ သင်ထပ်မံ လိင်ဆက်ဆံသည့်အခါ၊ ခြောက်နာရီအချိန်ဟာ ပြန်လည်သွားမှာဖြစ်ပြီး သင်နောက်ဆုံးလိင်ဆက်ဆံသည့်အချိန်မှ စတင်၍ ပြန်ရေမှာဖြစ်ပါတယ်။ Diaphragm ဟာ တကြိမ်မှာ ၂၄ နာရီထက်ပိုပြီး မအင်္ဂါအတွင်း မရှိနေသင့်ပါဘူး။

လိင်ဆက်ဆံနေစဥ်အတွင်း diaphragm ကွဲပါက သို့မဟုတ် နေရာမှချော်သွားပါက ဘာဖြစ်မလဲ?

သုံးစွဲနေစဥ်အတွင်း diaphragm ပြဲပါက သို့မဟုတ် နေရာလွဲသွားပါက၊ သင်ဟာ ကိုယ်ဝန်ဆောင်ရခြင်း အန္တရာယ်မှ ကာကွယ်ရန် အရေးပေါ်သန္ဓေတားဆေးများသောက်သုံးဖို့ ချက်ချင်းစဥ်းစားသင့်ပါတယ်။

Diaphragm သန္ဓေတားနည်းလမ်းဟာ ဘယ်လောက်အကြာမှာ စတင်ပြီး ထိရောက်ပါသလဲ?

Diaphragm ဟာ ထည့်သွင်းပြီးတာနဲ့ချက်ချင်း ကိုယ်ဝန်ကာကွယ်ဖို့ထိရောက်မှာဖြစ်ပြီး သင့်ရဲ့ ဟော်မုန်းများကို မထိခိုက်စေပါဘူး။

သန္ဓေတားမေးခွန်း

သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရာမှာ အကူအညီလိုပါသလား?​ ကျွန်ုပ်တို့ရဲ့ သန္ဓေတားမေးခွန်းကို ဖြေလိုက်ပါ။

ရိုးရှင်းတဲ့ မေးခွန်းအချို့ကို ဖြေလိုက်ပါ၊ ပြီးရင် အဖြေများအပေါ် မူတည်ပြီးတော့ ကျွန်ုပ်တို့ဟာ သင့်အတွက် ထိရောက်နိုင်မဲ့ သန္ဓေတားနည်းလမ်းတွေကို အကြံပေးပါမယ်။

မေးခွန်းကိုဖြေပါ
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles