သင့်ရဲ့ diaphragm ကို ၂၄ နာရီထက်ပိုပြီး မထားရှိပါနှင့်။ diaphragm ကို ဖယ်ရှားရန်အတွက်
– ဆပ်ပြာ၊ ရေတို့ကို အသုံးပြုပြီး သင့်လက်များကိုဆေးပါ။ သင့်ရဲ့လက်များကို လေဖြင့်အခြောက်ခံပါ၊ မည်သည့်အရာကိုမှ မထိပါစေနဲ့။
– သင့်ရဲ့ လက်ညှိုးကို သင့်မအင်္ဂါအတွင်းထည့်သွင်းပြီး diaphragm ၏ အဝအပေါ်ဖက်အပိုင်းကို ချိတ်လိုက်ပါ။
– diaphragm ကိုဆွဲထုတ်ပါ။
– သင် ၎င်းကို ထုတ်ပြီးသည့်နောက်တွင်၊ အားပျော့သောဆပ်ပြာ၊ ရေနွေးတို့ဖြင့် ဆေးပါ။
– ၎င်းကို လေဖြင့် အခြောက်ခံပါ။ Diaphragm အား နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့မှုမရှိသော အေးမြပြီးခြောက်သွေ့သည့်နေရာတွင်ထားရှိပါ။
– ပေါင်ဒါများ သို့မဟုတ် ဆီအခြေခံချောဆီများ ( Vaseline၊ လိုးရှင်း သို့မဟုတ် အေးမြစေသည့်ခရင်မ်ကဲ့သို့) ဟာ ထိခိုက်စေနိုင်သည့်အတွက် သင့်ရဲ့ diaphragm အပေါ်တွင် ၎င်းတို့ကို မသုံးပါနှင့်။
Diaphragm သန္ဓေတားနည်းလမ်းဟာ ဘယ်လောက်ကြာကြာခံနိုင်သလဲ?
ကောင်းမွန်သောသုံးစွဲမှု၊ ဂရုစိုက်မှုနှင့်အတူ diaphragm သန္ဓေတားနည်းလမ်းဟာ တစ်နှစ် မှ နှစ်နှစ်အထိ တာရှည်ခံနိုင်ပါတယ်။
သုံးစွဲမှု မတိုင်ခင်နှင့် သုံးစွဲမှု ပြီးတိုင်းမှာ သင့်ရဲ့ diaphragm ကို အပေါက်များရှိ၊ မရှိစစ်ဆေးပါ။ ၎င်းမှာ အပေါက်များရှိပါက၊ လဲလှယ်ရန်အတွက် သင့်ရဲ့ ကျန်မားရေးဝန်ဆောင်မှုပေးသူအားဆက်သွယ်ပါ။