ကျန်းမာရေးအကျိုးကျေးဇူများ
– ၎င်းဟာ ဟော်မုန်းမပါဝင်ပါဘူး။
– ၎င််းဟာ တင်ပါးဆုံရောင်ရမ်းသည့်ရောဂါ နှင့် သားဥပြွန်မျိုးမအောင်ခြင်းအန္တရာယ်တို့ကို လျော့ချပေးပါတယ်။
– ၎င်းဟာ chlamydia၊ ဆီးပူညောင်းကျရောဂါ၊ တင်ပါးဆုံရောင်ရမ်းသည့်ရောဂါ နှင့် trichomoniasis တို့အပါအဝင် လိင်မှတဆင့်ကူးစက်ရောဂါများ (STI) များဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
– ၎င်းဟာ တင်းပါဆုံပုံမှန်မဟုတ်သောဆဲလ်များ နှင့် ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ် (၆)။
– ၎င်းဟာ ဟော်မုန်းသန္ဓေတားနည်းလမ်းများ အသုံးမပြုနိုင်သော အမျိုးသမီးများအတွက် ကောင်းမွန်သည့်ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
– ၎င်းကို နို့တိုက်နေစဥ်အတွင်း အသုံးပြုနိုင်ပါတယ်။
လူမှုဘဝအကျိုးကျေးဇူးများ
– သင်ဟာ diaphragm ကိုနာရီများစွာ ကြိုတင်ထည့်ထားနိုင်ပြီး ၂၄ နာရီအထိ ထားရှိနိုင်ပါတယ်။
– ကွန်ဒုံးတစ်ခုနှင့်နှိုင်းယှဥ်ပါက၊ ၎င်းဟာ လိင်ပိုင်းဆိုင်ရာခံစားမှု နှင့် စိတ်မြန်ခြင်းတို့အတွက် ခွင့်ပြုပေးပါတယ်။
– ၎င်းဟာ အမျိုးသမီးထိန်းချုပ်ရသည့်သန္ဓေတားနည်းလမ်းဖြစ်ခြင်းကြောင့် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ ထုတ်ဖော်နိုင်ခွင့်ကို မြင့်တက်စေပါတယ်။
– diaphragm ထည့်ထားတဲ့အချိန်အတွင်းမှာ သင်ဟာ သုက်သတ်ဆေးထည့်နေသမျှ လိင်ဆက်ဆံမှုကို စိတ်ကြိုက်အကြိမ်ရေပြုလုပ်နိုင်ပါတယ်။
– သင်ရော သင့်လက်တွဲဖော်ရော ဒီဟာကို ခံစားမိမှာ မဟုတ်ပါဘူး။
– သင်ဟာ diaphragm သုံးစွဲခြင်းကို ရပ်တန့်လိုက်တာနဲ့ ချက်ချင်း ကိုယ်ဝန်ဆောင်နိုင်မှာဖြစ်ပါတယ်။ အကယ်၍သင်ဟာ ကိုယ်ဝန်မဆောင်ချင်သေးဘူးဆိုရင်၊ သင် ၎င်းကိုသုံးစွဲမှုရပ်တန့်လိုက်တာနဲ့ ချက်ချင်း အခြားသန္ဓေတားနည်းလမ်းကို သုံးစွဲပါ။