သင်ဟာ ရာဘာစေးနှင့် ဓာတ်မတည့်သူ မဟုတ်လျှင်၊ ပြင်ပအမျိုးသားကွန်ဒုံးများဟာ ပြင်းထန်သော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ မရှိပါဘူး။ သို့သော်လည်း ၎င်းတို့မှာ အားနည်းချက်အချို့ရှိနိုင်ပါတယ်။
ကွန်ဒုံး၏ အားနည်းချက်များ
– ရာဘာစေးနှင့် ဓာတ်မတည့်သူများအတွက် ပြင်ပအမျိုးသားကွန်ဒုံးများဟာ မသင့်လျော်ပါဘူး။ လူအယောက် ၁၀၀ လျှင် ၁ ယောက် သို့မဟုတ် ၂ ယောက်သာ ဓာတ်မတည့်ကြပါဘူး။ အကယ်၍ သင်ဟာ ၎င်းတို့ထဲမှ တယောက်ဖြစ်လျှင်၊ သင့်အနေနှင့် ရာဘာစေးမဟုတ်သည့် ပြင်ပအမျိုးသား ကွန်ဒုံးသုံးစွဲရန် လိုအပ်ပါတယ်။၎င်းကဲ့သို့ ကွန်ဒုံးများဟာ စျေးနှုန်းကြီးခြင်း သို့မဟုတ် အချို့နေရာများတွင် မရရှိခြင်း ဖြစ်နိုင်ပါတယ်။ အကယ်၍ သင်ဟာ ရာဘာစေးမဟုတ်သည့် ကွန်ဒုံးများကို မရှာနိုင်ခဲ့လျှင်၊ အခြားနည်းလမ်းတခုကို ပြောင်းလဲအသုံးပြုပါ။
– ပြင်ပအမျိုးသားကွန်ဒုံးများကို သုံးစွဲခြင်းဟာ အားစိုက်ထုတ်မှု နှင့် တစိုက်မတ်မတ်လုပ်ဆောင်မှု အချို့လိုအပ်ပါတယ်။ ထိရောက်မှုရှိစေရန်အတွက် မည်သည့်အခြေအနေတွင်ဖြစ်စေ ၎င်းကို လိင်တံပေါ်တွင် မှန်ကန်စွာ စွပ်ရန် လိုအပ်ပါတယ်။
– ပြင််ပအမျိုးသားကွန်ဒုံးများဟာ လက်တွဲဖော်တဖက်ဖက်ဆီမှ လိင်ပိုင်းဆိုင်ရာ ထုတ်ဖော်နိုင်ခွင့်ကို ယူသွားနိုင်ပါတယ်။အချို့အခြေအနေများမှာ အမျိုးသမီးများအတွက် ၎င်းတို့ရဲ့ အမျိုးသားလက်တွဲဖော်များကို လိင်ဆက်ဆံချိန်တိုင်း ကွန်ဒုံးမှန်ကန်စွာသုံးရန် တောင်းဆိုဖို့ ခက်ခဲနိုင်ပါတယ်။
– ပြင်ပအမျိုးသားကွန်ဒုံးများဟာ HPVရောဂါ နှင့် ရေယုန်ကဲ့သို့ အရေပြားအချင်းချင်းထိတွေ့မှုမှ တဆင့် ကူးစက်သည့် STI များထံမှ ကာကွယ်ပေးမှု လျော့နည်းနိုင်ပါတယ်။
– သိုးသားရေကွန်ဒုံးများဟာ သုက်ကောင်များကိုသာ ပိတ်ဆို့ပေးပြီး STI များထံမှ မကာကွယ်ပေးပါ။ ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ အသားရောင်အသားဝါ B ပိုး၊ ရိုးရှင်းသောရေယုန် နှင့် HIV တို့ကဲ့သို့ ဗိုင်းရပ်စ်ပိုးများဟာ သိုးသားရေကွန်ဒုံး၏ သေးငယ်သော အပေါက်များအတွင်းမှ ထိုးဖောက်နိုင်ကြောင်း တွေ့ရှိရပါတယ်။
– sex toy စတိုးများ သို့မဟုတ် ရုပ်ပုံများတွင် မြင်တွေ့ရတတ်သည့် ပုံသဏ္ဍာန်ဆန်းရှိသောကွန်ဒုံးများကို တခါတရံ ကိုယ်ဝန်တားပေးခြင်း မရှိသော သို့မဟုတ် STI များမှ မကာကွယ်ပေးနိုင်သော ကုန်ကြမ်းအသားများဖြင့် ပြုလုပ်ကြပါတယ်။ ဤကွန်ဒုံးအမျိုးအစားများကို ရာဘာစေးကွန်ဒုံးများဖြင့် တချိန်တည်းမသုံးရပါ။ ၎င်းတို့ဟာ ရာဘာစေးကို အားနည်းစေနိုင်ပါတယ်။
– ရာဘာစေးကွန်ဒုံးများဟာ သုံးနှစ် မှ ငါးနှစ်အတွင်း သက်တမ်းကုန်ကြသော်လည်း၊ ၎င်းတို့ဟာ မြင့်မားသော အပူချိန်များ (၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်အထက်) တွင် ပျက်ဆီးနိုင်ပါတယ်။ ခြောက်သွေ့သော သို့မဟုတ် စိုစွတ်သော သိုလှောင်အခြေအနေများ သို့မဟုတ် ဆီ-အခြေခံ ချောဆီများ နှင့် ထိတွေ့သည့် အခါတွင်လည်း ပျက်ဆီးနိုင်ပါတယ်။
– အချို့သူများဟာ ကွန်ဒုံးများတွင် တွေ့ရှိရသည့် ချောဆီအမှတ်တံဆိပ်အချို့နှင့် ဓာတ်မတည့်ခြင်းဖြစ်နိုင်ပါတယ်။ အကယ်၍ သင် ဓာတ်မတည့်ပါက၊ အခြားအမှတ်တံဆိပ်ကိုပြောင်းသုံးပါ။
– အချို့အမျိုးသားများက ကွန်ဒုံးများဟာ ခံစားနိုင်မှုကို လျှော့ချကြောင်း ညည်းညူကြပါတယ် (၅)။
– အကယ်၍ သင့်အနေနှင့် အရက်မူးနေပါက ကွန်ဒုံးသုံးရန် မေ့နိုင်ပါတယ်။ သင်နှင့်အတူ တချိန်လုံးဆောင်ထားပါက ၎င်းတို့ကို ပိုပြီး မှတ်မိနိုင်ပါတယ်။