ပြင်ပအမျိုးသားကွန်ဒုံးများ

ပြင်ပအမျိုးသားကွန်ဒုံးများ
ပြင်ပအမျိုးသားကွန်ဒုံးများ

ပြင်ပအမျိုးသားကွန်ဒုံးဆိုတာဘာလဲ?

ရံဖန်ရံခါ အမျိုးသားကွန်ဒုံး၊ “ထီး”၊ “မိုးကာ”၊ “အသားကပ်” သို့မဟုတ် “အကာအကွယ်” ဟုခေါ်ဆိုကြသည့် ပြင်ပအမျိုးသားကွန်ဒုံးများဟာ ထောင်မတ်သော အမျိုးသားလိင်အင်္ဂါပေါ်တွင် စွတ်ရသည့် အဖုံးအကာ သို့မဟုတ် အကာဖြစ်ပါတယ်။ ပြင်ပအမျိိုးသားကွန်ဒုံးများဟာ ကွန်ဒုံးအတွင်းရှိ သုက်ကောင်များကို အမျိုးသမီးလိင်အင်္ဂါ၊ စအို သို့မဟုတ် ပါးစပ်အတွင်း မဝင်ရောက်စေရန် ကာကွယ်ပေးပါတယ်။ အကောင်းမွန်ဆုံးအကာအကွယ်သန္ဓေတားနည်းလမ်းအဖြစ်သတ်မှတ်ထားသည့် ကွန်ဒုံးများဟာ ကိုယ်ဝန်ဆောင်ခြင်းမဖြစ်စေရန် နှင့် လိင်မှတဆင့်ကူးစက်သောရောဂါများ (STIs) မှ ကာကွယ်နိုင်ရန် အသုံးအများဆုံးနည်းလမ်းများမှ တခုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ထိုးသွင်းမှု မလုပ်ခင်မှာ ထောင်မတ်နေသော အမျိုးသား အင်္ဂါပေါ် သို့မဟုတ် လိင်မှုဆိုင်ရာအရုပ် (sex toy) ပေါ်တွင် စွပ်ရပါတယ်။​

ပြင််ပအမျိုးသားကွန်ဒုံးများကို အရွယ်အစား၊ ပုံစံအမျိုးမျိုးနှင့် ရရှိနိုင်ပြီး ချောဆီ (lube) နှင့်အတူ၊ သို့မဟုတ် ၎င်းမပါပဲဝယ်ယူနိုင်ပါတယ်။ အတွေ့အများဆုံး ပြင်ပအမျိုးသားကွန်ဒုံးများကို ရာဘာစေးဖြင့်ပြုထုတ်ထားတာဖြစ်ပါတယ်။​ သို့သော် သိုးသားရေ၊ နိုက်ထရစ်၊ polyurethane ၊ polyisoprene တို့ကဲ့သို့ အခြားကုန်ကြမ်းများနှင့်လည်း ကွန်ဒုံးများကို ပြုလုပ်နိုင်ပါတယ်။

အချို့ပြင်ပအမျိုးသားကွန်ဒုံးများကို သုက်ကောင်များအား ဖျက်ဆီးပေးနိုင်သည့် သုက်သတ်ဆေးတမျိုးဖြင့် သုတ်လိမ်းထားပါတယ်။ သုက်သတ်ဆေးလိမ်းထားသောကွန်ဒုံးများကို ပါးစပ် သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံခြင်းတို့အတွက် အသုံးမပြုသင့်ပါဘူး။ သင် သို့မဟုတ် သင့်လက်တွဲဖော်ဟာ သုက်သတ်ဆေး နဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့ သုက်သတ်ဆေးမပါတဲ့ကွန်ဒုံးများကို ရှာဖွေအသုံးပြုပါ။​

ပြင်ပအမျိုးသားကွန်ဒုံးများ ဘယ်လိုအလုပ်လုပ်သလဲ?

ပြင်ပအမျိုးသားကွန်ဒုံးများဟာ သုက်ကောင်များကို အမျိုးသမီးလိင်အင်္ဂါအတွင်းသို့ဝင်ရောက်ခြင်းမှ ဟန့်တားနိုင်သည့် အကာအကွယ်တခုဖန်တီးခြင်းဖြင့် ကိုယ်ဝန်ကိုတားဆီးပေးပါတယ်။ ၎င်းဟာ အမျိုးသားလိင်အင်္ဂါ၊ သုက်ရည်၊ အမျိုးသမီးလိင်အင်္ဂါအဝ၊ မအင်္ဂါ၊ သို့မဟုတ် စအိုတို့ရှိ ကူးစက်ပိုးမွှားများကို မိတ်ဖက်ဆက်ဆံသူထံကူးစက်ခြင်းမှ ကာကွယ်ပေးပါတယ်။

ထိရောက်မှုအမြင့်မားဆုံးဖြစ်စေရန်အတွက် ပြင်ပအမျိုးသားကွန်ဒုံးများကို လိင်ဆက်ဆံမှုတိုင်းအတွက် မှန်ကန်စွာ အသုံးပြုသင့်ပါတယ် (၁)။

ပြင်ပအမျိုးသားကွန်ဒုံးအမျိုးအစားများ

ရာဘာစေးကွန်ဒုံးများ။ ရာဘာစေးကွန်ဒုံးများကို ရာဘာမှ တဆင့်ပြုလုပ်ထားခြင်းဖြစ်ပြီး ၈၀၀% အထိ ချဲ့ဆန့်နိုင်ပါတယ်။ ၎င်းတို့ဟာ အတွေ့အများဆုံးကွန်ဒုံးများဖြစ်ပါတယ်။ ကွန်ဒုံးကွဲခြင်း သို့မဟုတ် ချော်ထွက်ခြင်းဖြစ်စေနိုင်သည့်အတွက် ၎င်းတို့ကို ဆီ-အခြေခံသည့် ချောဆီများ နှင့် အသုံးမပြုပါနှင့်။ ထို့သို့ ကွဲပါက၊ ချော်ထွက်ပါက ကိုယ်ဝန်ဆောင်ရခြင်း သို့မဟုတ် STI များကူးစက်ခြင်းဖြစ်နိုင်သည့် အန္တရာယ်ရှိပါတယ်။

ရာဘာစေးမဟုတ်သည့်ကွန်ဒုံးများ။ သင်ဟာ ရာဘာစေးနှင့်ဓာတ်မတည့်ပါက သို့မဟုတ် ဆီ-အခြေခံ ချောဆီများကို ပိုနှစ်သက်ပါက ရာဘာစေးမဟုတ်သည့် ကွန်ဒုံးများကို ရှာသုံးပါ။ ၎င်းတို့ကို အများအားဖြင့် polyisoprene (လူလုပ်ရာဘာ) သို့မဟုတ် polyurethane (ပလတ်စတစ်) တို့ဖြင့် ပြုလုပ်ကြပါတယ်။ ရာဘာစေးကွန်ဒုံးကဲ့သို့ ၎င်းတို့ဟာ ကိုယ်ဝန်ဆောင်ခြင်း နှင့် STI များမှ ကာကွယ်ပေးနိုင်ပါတယ်။ ယခုကဲ့သို့ ကွန်ဒုံးအမျိုးအစားများအတွက် သင်ဟာ ဆီ သို့မဟုတ် ရေ အခြေခံ ချောဆီ များကိုသုံးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ရေအခြေခံချောဆီများကို ကွန်ဒုံးနဲ့တွဲသုံးရန် အကြံပေးကြပြီး ၎င်းတို့ဟာ လိင်ဆက်ဆံခြင်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

တိရစ္ဆာန် သားရေကွန်ဒုံးများ။ သိုးသားရေကွန်ဒုံးများဟုလည်း လူသိများကြသည့် ၎င်းသားရေကွန်ဒုံးများကို တိရစ္ဆာန်များရဲ့ အူနံရံများမှ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ၎င်းတို့ဟာ ရာဘာစေးကွန်ဒုံးများနှင့် ဓာတ်မတည့်သူများအတွက် ရွေးချယ်စရာကောင်းတခုဖြစ်ပါတယ်။ သို့ရာတွင် ၎င်းတို့ဟာ ကိုယ်ဝန်ဆောင်ခြင်းကို တားဆီးပေးနိုင်သော်လည်း STI များမှ မကာကွယ်ပေးနိုင်ပါတယ်။​ ယခုကွန်ဒုံးအမျိုးအစားများအတွက် သင်ဟာ ရေအခြေခံ သို့မဟုတ် ဆီအခြေခံ ချောဆီများကို အသုံးပြုနိုင်ပါတယ်။

ပြင်ပအမျိုးသားကွန်ဒုံးများဟာ မည်မျှ​ထိရောက်ပါသလဲ?​

ပြင်ပအမျိုးသားကွန်ဒုံးများရဲ့ ထိရောက်မှုဟာ သုံးစွဲသည့်ပုံစံနှင့် သက်ဆိုင်ပါတယ်။ လိင်ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံးများကို အသုံးမပြုပါက ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် လိင်မှ တဆင့်ရောဂါကူးစက်ခံရခြင်း ဖြစ်နိုင်ချေများပါတယ်။ ကွန်ဒုံးနှင့်သက်ဆိုင်သော ကိုယ်ဝန်ဆောင်မှုများဟာ မှန်ကန်စွာ အသုံးမပြုခြင်း၊ ကွန်ဒုံးကွဲခြင်း သို့မဟုတ် ချော်ထွက်ခြင်းတို့ကြောင့်ဖြစ်
ပါတယ်။

ပုံမှန်သုံးကြသလိုမျိုးသုံးလျှင် ပြင်ပအမျိုးသားကွန်ဒုံးအသုံးပြုပြီး သန္ဓေတားသည့် အမျိုးသမီး ၁၀၀ တွင် ၁၃ ယောက်မှာ အသုံးပြုသည့် ပထမနှစ်အတွင်းတွင် ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ ဤ ပမာဏသည် ပုံမှန်အသုံးပြုပါက ၈၇% ထိရောက်မှုရှိသည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။ ပြီးပြည့်စုံသည့်သုံးစွဲမှုရှိပါက ပြင်ပအမျိုးသားကွန်ဒုံးအသုံးပြုပြီး သန္ဓေတားသည့် အမျိုးသမီး ၁၀၀ တွင် ၂ ယောက်သာ ပထမနှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဤပမာဏသည် ၉၈% ထိရောက်မှုရှိခြင်းဖြစ်ပြီး လိင်ဆက်ဆံတိုင်း သုံးစွဲခြင်း၊ မှန်ကန်စွာသုံးစွဲခြင်း ပြုလုပ်ရမည်ဖြစ်ပါတယ်။​

မအင်္ဂါ သို့မဟုတ် စအို ထိုးသွင်းလိင်ဆက်ဆံမှုအတွင်း မှန်ကန်စွာ နှင့် မပျက်မကွက် အသုံးပြုလျှင် ကွန်ဒုံးများဟာ STI များကူးစက်ခံရခြင်းကို လျှော့ချပေးနိုင်ပါတယ်။​ ပြီးပြည့်စုံသည့်သုံးစွဲမှုဖြင့် သုံးပါက အမျိုးသားကွန်ဒုံးများဟာ ကွန်ဒုံးမသုံးပဲ ဆက်ဆံပါက ဖြစ်နိုင်သည့် HIV ကူးစက်မှုကို ၈၀-၉၅% အထိ လျှော့ချပေးနိုင်ပါတယ်။​

ပြင်ပအမျိုးသားကွန်ဒုံးများကို စနစ်တကျအသုံးပြုခြင်းဟာ လိင်အင်္ဂါထွက်အရည်များမှ ကူးစက်သည့် STI များ​ (ကလိုင်မီးဒီးယား၊ ကာလသားရောဂါ၊ HIV) နှင့် အရည်ပြားပူးကပ်ခြင်းမှတဆင့်ကူးစက်သည့် STI များ (လူသားပါပီယိုမေးဗီးယက်စ် နှင့် ရေယုန်များ) ကူးစက်ခံရနိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ (၂)။

ပြင်ပအမျိုးသားကွန်ဒုံးဟာ ဘယ်လိုပုံစံမျိုးလဲ?

Contraception Quiz

Not sure on the method? - Take our dynamic Contraception Quiz.
When it comes to sex, protection is as important as pleasure. But what should one do to start their safe sex journey? Answer some simple questions and based on the responses, we will recommend the next steps.

Take the quiz
External Condom

Compare with similar Contraceptive Methods

Are you wondering if condoms are better than daily pills? Or if you should opt for a birth control implant? We're here to assist you in making this decision. You can select up to 5 contraceptive methods and compare them side by side to weigh the pros and cons of each.

Give a try to our Contraceptive Tool

In the example below, you'll find similar methods to the one you're currently reading about. Feel free to click on any that catch your interest or revisit our Contraceptive Methods page

Our Monthly Top Articles